ဆုံးရှုံးသွားသော မဲသန်းပေါင်းများစွာ

ထိုင်းရှိ သင်္ဘောကျင်းတစ်ခုတွင် လုပ်ငန်းခွင်ဝင်နေသော မြန်မာလုပ်သားတစ်ဦး/ဓာတ်ပုံ − အီးပီအေ
 ရွေးကောက်ပွဲမကျင်းပမီ ရက်ပေါင်း ၅၀ အလိုကတည်းကပင် မဲအရေအတွက် သုံးသန်းခန့် ဆုံးရှုံးဖွယ်ရှိနေပါသည်။အကြောင်း မှာ ပြည်ပနိုင်ငံများတွင် တရားဝင် သွားရောက်လုပ်ကိုင်နေပြီး မဲပေးခွင့်ရှိသော မြန်မာနိုင်ငံသား သုံးသန်းခန့်အနက် သြဂုတ်လကုန် အထိ လူဦးရေနှစ်သောင်းခန့်သာ ရွေးကောက်ပွဲတွင် မဲပေးရန် စာရင်းပေးသွင်းထားခြင်းကြောင့်ဖြစ် သည်။

ယင်းသို့ မဲအရေအတွက် သုံးသန်းခန့် ပျောက်ဆုံးနေရခြင်းမှာ အကြောင်းရင်းအချက် သုံးချက်ရှိပါသည်။ မြန်မာသံရုံးများတွင် ကြိုတင်မဲပေးရခြင်းကို အယုံအကြည်မရှိခြင်း၊ ကြိုတင်မဲပေး ရန် သံရုံးတွင် ကနဦးစာရင်းသွားပေးရန်နှင့် မဲသွားပေးရန် အချိန် နှစ်ရက်ကုန်ခြင်း၊ သက်ဆိုင်ရာ သံရုံးများက မဲသတင်းဆိုင်ရာ ထုတ်ပြန်ကြေညာချက်အားနည်း ခြင်းတို့ကြောင့်ဖြစ်ကြောင်း ပြည်ပ ရောက်မြန်မာများက ပြောသည်။
‘‘သံရုံးထဲကိုသွားပြီး မဲပေးရတာကိုမယုံကြတာပဲ။ ကိုယ်က ပေးလိုက်တာအမှန်။ မြန်မာပြည်ကိုရောက်သွားတော့ အမှားဆိုရင် ဘယ်လိုလုပ်မလဲ။ ဖြစ်စေချင်တာက မြို့လယ်ကောင်မှာ မဲရုံ ဆောက်ပြီး တစ်ခါတည်းပဲ မဲပေး၊ တစ်ခါတည်းဖွင့်ဖောက်ဆိုရင် လူ တွေက မဲပေးကြမှာပါ’’ဟု မလေးရှားနိုင်ငံ ကပ်ပုန်း(၇)ရက်မိသားစု နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးဆန်းဝင်းကပြောသည်။
ပြည်ပရောက် မြန်မာနိုင်ငံသားများအနက် အစိုးရ၏ခွင့်ပြု ချက်ဖြင့် တရားဝင်သွားရောက်နေသော မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများသာ လာမည့်ရွေးကောက်ပွဲတွင် မဲပေးခွင့် ရရှိမည်ဖြစ်သည်။
မြန်မာနိုင်ငံသားများ အများဆုံးရှိသော ထိုင်းနိုင်ငံတွင် မြန်မာ နိုင်ငံသားလေးသန်းခန့်ရှိရာ ယင်း အနက်မှ နှစ်သန်းသည် တရားဝင် နေထိုင်သူများဖြစ်ပြီးကျန်နှစ်သန်းသည် တရားမ၀င်နေထိုင်သူများ ဖြစ်သည်။ ထိုကဲ့သို့ သန်းနှင့်ချီရှိ နေသော ထိုင်းနိုင်ငံတွင် ကြိုတင် မဲပေးရန် စာရင်းပေးသွင်းထားသော လူဦးရေမှာ ၃၀၀ ခန့်သာရှိ နေသေးကြောင်း ထိုင်းနိုင်ငံဆိုင် ရာ မြန်မာသံအမတ်ကြီး ဦးဝင်း မောင်ကပြောသည်။

မြန်မာအလုပ်သမားအများဆုံးရှိရာ ထိုင်းရှိ ငါးဖမ်းစက်ရုံတစ်ခုတွင် လုပ်ငန်းခွင်ဝင်နေသော မြန်မာလုပ်သားများ/ဓာတ်ပုံ − အီးပီအေ
မြန်မာနိုင်ငံသား ဒုတိယအ များဆုံးရောက်ရှိနေသော မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသား ကိုးသိန်းခန့်ရှိရာ ယင်းအနက် တရားဝင်နေထိုင်သူ သုံးသိန်းခန့်ရှိပြီး ခြောက်သိန်းခန့်က တရားမ၀င်နေ ထိုင်ကြသူများဖြစ်သည်။မဲပေးခွင့် ရှိသော တရားဝင်မြန်မာနိုင်ငံသား သုံးသိန်းအနက် ရွေးကောက်ပွဲ အတွက် ကြိုတင်မဲပေးရန် စာရင်း ပေးသွင်းထားသော လူဦးရေမှာ ၁၆၀ ခန့်သာ ရှိနေကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ရွှေ့ပြောင်းမြန်မာလုပ်သားအများ စုရောက်ရှိနေသည့် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ မဲပေးခွင့်ရှိ သော မြန်မာနိုင်ငံသား နှစ်သန်း သုံးသိန်းအနက်မှ ကြိုတင်မဲပေးရန် လျှောက်ထားသော မြန်မာနိုင် ငံသားဦးရေမှာ ၅၀၀ ပင် မပြည့် သေးပေ။
ယင်းနှစ်နိုင်ငံတွင် တရားဝင် နေထိုင်သူရော၊ တရားမ၀င်နေထိုင်သူရော ပေါင်းပါက စုစုပေါင်း ငါး သန်းခန့်ရှိရာ ယင်းငါးသန်းအနက် လူဦးရေ ၄၆၀ ခန့်သာ မဲပေးရန် စာရင်းပေးသွင်းထားခြင်း ဖြစ် သည်။ ထိုင်းနိုင်ငံနှင့် မလေးရှား နိုင်ငံတို့တွင် သွားရောက်လုပ်ကိုင် နေသော မြန်မာနိုင်ငံသားအများစုမှာ အိမ်အကူအလုပ်နှင့် စက်ရုံ အလုပ်ရုံများတွင် အလုပ်ကြမ်း များ လုပ်ကိုင်နေရသူများဖြစ်ပြီး လုပ်အားခရရှိမှုမှာလည်း နည်း ပါးလှသည်။
‘‘ကျွန်တော်တို့လည်း အဲဒါကို အဖြေရှာနေတာပါ။ ကျွန်တော်တို့မှန်းထားတာကထောင်ဂဏန်း မှန်းထားတာ။ အခုတော့ ရာဂဏန်းပဲ ဖြစ်နေတယ်။ ဘာဖြစ်လို့ ဒီလိုဖြစ်တာလဲဆိုတော့ ဘယ်လို ပြောမလဲ။ အဓိကကဗျာ ဒီမှာရှိ တဲ့ သူတွေက ဒီဟာကို မဲပေးဖို့အ တွက် တစ်ရက်သက်သက် မလာနိုင်တဲ့သဘောပေါ့ဗျာ။ အချိန်ပိုကြေးတွေပျက်မှာကြောက်လို့ မ လာတာလည်းပါတယ်ဗျ။ တချို့ တွေကလည်း လာရတာဝေးတော့ လေ။ သံရုံးကတော့ မဲပေးဖို့အ တွက် သံရုံးပေ့ခ်ျမှာ အမြဲတင်ပေး နေပါတယ်။ သံရုံးမှာလည်း ကြော်ငြာကပ်ထားပါတယ်’’ ဟု မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ကြိုတင်မဲပေးမည့် မြန်မာ နိုင်ငံသားတစ်ဦးသည် မြန်မာသံရုံးထံ ကြိုတင်မဲစာရင်းသွားပေးရန် နှင့် မဲပေးရမည့်ရက်တွင် မဲသွားပေးရန် အချိန်နှစ်ရက် လိုအပ်မည် ဖြစ်သည်။ အလုပ်ရှင်ထံမှခွင့်မရရှိ ခြင်းနှင့် ငွေကုန်ကျခြင်းများ ရှိနိုင် သောကြောင့် ကြိုတင်မဲပေးရန် စိတ်မ၀င်စားခြင်းဖြစ်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသူ ဦးကျော် လင်းဦးကပြောသည်။
‘‘အဲဒီနိုင်ငံတွေမှာက တောထဲတောင်ထဲမှာ လုပ်ကိုင်နေသူတွေများတယ်။ ပုံစံ(၁၅)နဲ့ မဲပေးရမယ်ဆိုတာ သူတို့မသိကြဘူး။ ရှိ နေတဲ့အလုပ်ကနေ ခွင့်ယူပြီးသွား ဖြည့်ဖို့ဆိုတာလည်း မဖြစ်နိုင်ဘူး။ ဖူးခက်မှာနေတဲ့ သူတစ်ယောက် က ဘန်ကောက်ကိုသွားပြီး ပုံစံ (၁၅) သွားဖြည့်ဖို့ဆိုတာ မလုပ်နိုင်ဘူး။ အလုပ်ကနေ ခွင့်ယူပြီး သူ လုပ်မှာလည်းမဟုတ်ဘူး။ နောက်တစ်ခါ မဲသွားပေးရဦးမယ်။ စရိတ်စကနဲ့ အချိန်အခက်အခဲတွေပေါ့။ နောက်ပြီး သံရုံးတွေကလည်း ကြေညာမှုအားနည်းတယ်လို့ထင် တယ်’’ဟု ဦးကျော်လင်းဦးကပြော သည်။
ခေတ်ပညာတတ်များအများ စု သွားရောက်လုပ်ကိုင်နေထိုင်ပြီး ငွေကြေးအရ ပိုအဆင်ပြေသော စင်ကာပူနိုင်ငံတွင် မြန်မာနိုင်ငံသား တစ်သိန်းခွဲခန့်ရှိရာ ရှစ် ထောင်ကျော်သည် ကြိုတင်မဲပေး ရန် စာရင်းပေးသွင်းထားသည်။ ထို့အပြင် လူဦးရေ သုံးထောင် ကျော် ပြည်တွင်းသို့ ပြန်လာ၍ မဲပေးရန် စီစဉ်နေကြသည်။
စင်ကာပူရောက်မြန်မာများသည် လေယာဉ်စင်းလုံးငှား၍ ပြန်လာပြီးမဲပေးမည့်သူများရှိသကဲ့သို့ ကိုယ်ပိုင်အစီအစဉ်ဖြင့် မဲပေးမည့် သူများလည်းရှိကြောင်း စင်းလုံး ငှားလေယာဉ်ဖြင့် ပြန်လာပြီး မဲပေးရန် စီစဉ်နေသော Fly to Vote အဖွဲ့မှ မီဒီယာတာဝန်ခံ ကိုသိန်းမြင့်ဝင်းကပြောသည်။
‘‘စင်ကာပူမှာရှိတဲ့သူတွေက များသောအားဖြင့် အဆင်ပြေနေကြပါတယ်ဗျာ။ ကိုယ့်နိုင်ငံမှာရှိ နေတဲ့ဟာတွေကို ဘာသိဘာသာ နေနေကြတဲ့သူတွေရှိတယ်။တချို့  ကျတော့လည်း အားတက်သရော ပေါ့။ ပြောင်းလဲချင်နေကြတယ်။ တချို့တွေကျတော့လည်း ရှင်းရှင်း ပြောရရင် သံရုံးကိုမဲသွားပေးတာ မယုံဘူးပေါ့နော်။ အဲဒီအတွက်ကြောင့် တချို့တွေက မလှုပ်ရှား ချင်ဘူး။ ဒီအတိုင်းပဲနေကြတယ် ပေါ့။ တချို့ကျတော့လည်း ခွင့်ယူ မယ့်ရက်ကို မဲပေးမယ့်လကိုယူ ထားကြတယ်။ မြန်မာပြည်ကို ပြန် ပြီးတော့ မဲပေးကြမယ်ပေါ့။ တချို့ ကျတော့လည်း ခွင့်ယူမယ့်ရက်ကို ယူပြီးသွားကြပြီ။ မဲကိုပဲ သက်သက် သွားပေးမယ့်သူတွေလည်း ရှိနေကြပါတယ်’’ဟု စင်ကာပူနိုင် ငံမှ ကိုယ်ပိုင်အစီအစဉ်ဖြင့် ပြန် လာပြီး မဲပေးမည့်သူ ဦးအောင် မင်းဆွေကပြောသည်။
ထို့အပြင် ကိုရီးယားတွင် မြန် မာနှစ်သောင်းကျော် ရှိသည့်အနက်မှ လူဦးရေငါးထောင်ကျော်သည် ရွေးကောက်ပွဲ၌ ကြိုတင် မဲပေးရန် မြန်မာသံရုံး၌ စာရင်း များပေးသွင်းထားကြကြောင်း ကိုရီးယားရောက် မြန်မာများအား ရွေးကောက်ပွဲတွင် မဲပေးရန် လှုံ့ဆော်နေသူ ကိုစိုးမိုးသူကပြောသည်။
‘‘အခုနောက်ပိုင်း ကိုရီးယား ကိုရောက်လာတဲ့သူတွေက နှစ် နိုင်ငံသဘောတူ MoU စာချုပ်နဲ့ လာတဲ့သူတွေ အရမ်းများနေတော့ ပညာအရည်အချင်းနဲ့လာပြီး အ လုပ်လုပ်နေတဲ့သူဆိုတာ နည်း လာတာပေါ့။ အရင်ကဟုတ်ပေ မယ့် အခုတော့ မဟုတ်တော့ပါ ဘူး။ သံရုံးရှိတဲ့မြို့ကို တက်လာပြီး မဲပေးတာ လမ်းစရိတ်တွေဈေးကြီး တယ်။ အချိန်မပေးနိုင်တာရယ်၊ နောက်တစ်ချက်က အစိုးရကိုမယုံ ကြည်တာပေါ့။ အဲဒါကြောင့် ကြို တင်မဲဆိုတာ မထည့်ကြဘူး’’ဟု ကိုစိုးမိုးသူကပြောသည်။
ကိုရီးယားရောက်မြန်မာများ ကို ကြိုတင်မဲပေးနိုင်ရန် နယ်မြို့ များတွင် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ကိုင်နေကြသူများထံ စာ တိုက်များမှတစ်ဆင့် ပုံစံ (၁၅)များ ပေးသွင်း၍ လုပ်ဆောင်နေရ ကြောင်း ကိုစိုးမိုးသူကဆိုသည်။
အမေရိကန်ပြည်ထောင်စု၏ ၂၀၁၀ သန်းခေါင်စာရင်းများအရ အမေရိကန်နိုင်ငံတွင် နေထိုင်ကြ သော မြန်မာနိုင်ငံကလာသည့် တိုင်းရင်းသားလူမျိုးများမှာ စုစု ပေါင်း လူဦးရေ ၁၀၀,၂၀၀ ကျော် ရှိသည်ဟု ဆိုပါသည်။ ၎င်းတို့အား လုံးနီးပါးသည် ဒုက္ခသည်အဖြစ် လာရောက်နေထိုင်ကြသူများဖြစ် ပြီး အမေရိကန်နိုင်ငံသားအဖြစ် ခံယူထားကြသူများဖြစ်ကြောင်း အမေရိကန်နိုင်ငံသားအဖြစ်ခံယူ ထားသူ ၀ါရှင်တန်မြို့ရှိ အသက် (၅၀)အရွယ် အမျိုးသမီးတစ်ဦး ကပြောသည်။ အမေရိကန်နိုင်ငံ ရောက် မြန်မာများအနက်မှ လူဦးရေ ၂၀၀ ခန့် မဲပေးရန် စာရင်းသွင်းထားကြောင်း မြန်မာသံရုံးနှင့်နီးစပ်သူတစ်ဦးကပြောသည်။
‘‘အဲဒီအကျိုးဆက်ကို ကျွန်မတို့နိုင်ငံပဲ ခံရမှာပေါ့နော်။ နိုင်ငံ တော်နဲ့ပြည်သူများပဲ ခံရမှာပဲ။ ဒါ ဟာ အားလုံးမှာတာဝန်ရှိပါတယ်။ နိုင်ငံသားတစ်ယောက်က သူ့မှာမဲ ပေးဖို့ တာဝန်ရှိတယ်။ တာဝန်ကို သူ မထမ်းဆောင်နိုင်ဘူး။ သူ့မှာ လည်းတာဝန်ရှိသလို အဲဒီနိုင်ငံ သားကို တာဝန်မထမ်းဆောင်နိုင် အောင် ဖန်တီးထားတဲ့သူတွေမှာလည်း တာဝန်ရှိတယ်။ အစိုးရမှာ ရော ကျွန်မတို့နိုင်ငံရေးသမားတွေ ရဲ့ ညံ့ဖျင်းမှုလည်းပါပါတယ်။ နိုင်ငံရေးသမားတွေက ပြည်သူလူ ထုကို မဲလာပေးချင်အောင်မဆွဲ ဆောင်နိုင်တာပေါ’’ဟု ပြည်ပ ရောက် မဲပေးခွင့်ရှိသူ မြန်မာနိုင်ငံ သားအရေအတွက် နည်းပါးနေ ခြင်းအပေါ် ဗဟန်းမြို့နယ်ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ် ဒေါက်တာညိုညိုသင်းက မှတ်ချက်ပြုသည်။
ပြည်ပရောက် မြန်မာနိုင်ငံသားများက ကြိုတင်မဲများပေးရန် ဖြည့်စွက်ရမည့် ပုံစံများကို ပေး သွင်းရန် ရက်သတ်မှတ်ချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်က စက်တင်ဘာ ၂၀ ရက်ထိ ရက်တိုးမြှင့်ထားသည်။
မူလက ဇူလိုင်လကုန်တွင် အထက်ပါ စာရင်းများအပြီးပေး သွင်းရန် သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများက ကြေညာထား ခဲ့သော်လည်း စာရင်းလာရောက် ပေးသည့် လူဦးရေနည်းပါးနေ သောကြောင့် စက်တင်ဘာ ၂၀ ရက်အထိ ထပ်တိုးပေးခဲ့ခြင်းဖြစ် ကြောင်း ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။
‘‘ရက်တွေ ထပ်တိုးပေးထားတော့ မဲပေးမယ့်လူဦးရေတွေ များလာဦးမှာပါ’’ဟုထိုင်းနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးဝင်းမောင်က ပြောသည်။
အခြားနိုင်ငံများလည်း ရွေး ကောက်ပွဲအတွက် ကြိုတင်မဲများ ကို သက်ဆိုင်ရာသံရုံးများမှတစ် ဆင့် လုပ်ဆောင်နေကြကြောင်း  ဦးကျော်လင်းဦးကဆိုသည်။
‘‘တစ်ခုတော့ရှိတယ်။ လူ တစ်ယောက်က နိုင်ငံခြားမှာ ရောက်နေပါတယ်။ ဒါပေမဲ့ အဲဒီ လူက သူ့ရဲ့မြို့က မဲစာရင်းမှာလည်းပါနေတယ်ဆိုရင် ဘယ်လို ဖြစ်လာမလဲ မပြောတတ်ဘူး။ ကော်မရှင်ပေါ် မူတည်တာပေါ့။ အဲဒီလူနေရာမှာ ရွေးကောက်ပွဲ ကော်မရှင်က အစားထိုးထည့်သွင်း ရင်တော့ အဲဒီမဲကနိုင်သွားမှာပေါ့’’ ဟု ဦးကျော်လင်းဦးကပြောသည်။
 ၂၀၁၅ အထွေထွေရွေး ကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဖြစ်ပြီး နိုင်ငံရေးပါတီ ပေါင်း ၉၂ ပါတီမှ လွှတ်တော် ကိုယ်စားလှယ်ပေါင်း ခြောက်ထောင်ကျော် ၀င်ရောက်ယှဉ်ပြိုင် ကြမည်ဖြစ်သည်။
http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။