
အိုပြည်သူအပေါင်းတို့ အဖရခိုင်ပြည်ကြီး ထီးနန်းမွေကို ဆက်လက်ခံယူရန်အချိန်စေ့ရောက်လာပြီးဖြစ်၍ ဝဒီလေးရပ်ခေါ်တွင် ရခိုင်ရာဇဝင်ကို ပြန်လည်သုံးသပ်ကာ မိမိတို့အမျိုးသား အချင်းချင်းစည်းလုံးညီညွတ် သွေးစည်းကြပြီး မိမိတို့ဘဝသစ်ဖန်တီးနိုင်ခွင့်ရရှိရန် ရခိုင်ပြည်သူလူထုအပေါင်းတို့လည်း အင်တိုက်အားတိုက်ဆောင်ရွက်ကြိုးပန်းရမည့် အလွန်သင့်လျှော်သော အချိန်တစ်ရပ်ပေါ်ပေါက်လာသည်။
ဘာသာရေးကျဆုံးနေပုံ
၁။ ရခိုင်ပြည်ဘူးသီးတောင် မောင်းတော ရသေ့တောင်နယ်များတွင် ဗုဒ္ဓဘာသာရွာပေါင်း ၅၃၂ ရွာတို့ကို မူဆလမန် ပြည်နယ်ထူထောင်ရန် မူဂျဟစ်ကုလားများချေမှုန်းဖျက်ဆီးပစ်ခြင်း။
၂။ အထက်ရွာပေါင်း (၅၃၂) ရွာဖျက်ဆီးရာတွင် ကျောင်းပေါင်း ၅၃၂ ကျောင်းနှင့် ဘုရားရုပ်ထုတော်မြောက်မြားစွာ စေတီပုထိုးမြောက်များစွာတို့ကို တံတားခင်းခြင်း လမ်းခင်းခြင်းတို့ပြုလုပ်နေကြသည့်ပြင် ရခိုင်အမျိုးသား အမျိုးသမီးများအား အနိုင်အထက်သတ်ဖြတ်နှိပ်စက်ခြင်း မုဒိန်းကျင့်ခြင်းကို ဗုဒ္ဓဘာသာလူတစ်စုတို့အလူးအလှိမ့်ခံနေကြရသည်။
၃။ ရသေ့တောင်နယ်ရှိ အဘိုးအနဂ္ဃထိုက်တန်သော ဆံတော်တောင် စေတီတော်ကြီးတွင် အီတလီကျောက်တို့ဖြင့် တည်ဆောက်ထားသော ဋ္ဌာပနာတိုက်ရှိ ဓာတ်တော်များကို ဖျက်ဆီးခြင်း၊ ရဟန်းတော်များကိုဖမ်းဆီးယူဆောင်ကာ ၁၂ တောင်မျှနက်သောတွင်းထဲ၌ လှောင်ထားပြီးဆာလောင် မွတ်သိပ်၍ အစာအာဟာရတောင်းကြသောအခါ မစင်များကို ကျွေးမွေး၍ မစားသည့်အခါ ရဟန်းတော်များကို သတ်ပုတ်ညှည်းဆဲခြင်း၊ မညှာမတာရက်စက်ခြင်းတို့ကို အလူးအလှိမ့်ခံနေကြရခြင်း။
ဤအတိုင်းသာဆိုလျှင် တိုင်းပြည်ရောလူမျိုးရော ဘာသာကြီးတရပ်လုံးပါ မကြာမီအတွင်းမှာ ကွယ်ပျောက်တော့မည်ဖြစ်ရာ ရခိုင်ပြည်သူလူထုတရပ်လုံးတို့က လက်ပိုက်ကြည့်နေကြတော့မည်လော။
ရခိုင်တိုင်းရင်းသားဆိုသည်မှာ
အရှေ့ဘက်၌မြင့်မားလှသော ရခိုင်ရိုးမတောင်တန်း အနောက်ဘက်၌ ဘင်္ဂလားပင်လယ်ပြင်ကျယ်၊ မြောက်ဘက်၌ ပါကစ်စတန် စစ်တကောင်းနှင့် အိန္ဒိယပြည်ထောင်စု အတွင်းရှိ အာသံပြည်နယ်၊ တောင်ဘက်၌ မြန်မာပြည် ပုသိမ်စီရင်စုအတွင်းရှိ လူမျိုးများနေထိုင်ကြသောပြည်ကို ကမ္ဘာ့ရာဇဝင်နှင့် ရခိုင်ရာဇဝင်တွင် ရခိုင်ပြည် ရခိုင်တိုင်း ရခိုင်လူမျိုးများဟူ၍ ခေါ်ဝေါ်သမုတ်လာကြရာ ယနေ့အချိန်တွင် လူမျိုးနှင့်ပြည် ကွယ်ပျောက်နေသည်ကို တွေ့ရပေသည်။
သို့သော် ပျောက်ကွယ်နေသည်ဆိုစေကာမူ သာမညအားဖြင့် လူနည်းစုအမည်နှင့် ရှိသော်လည်း ရှမ်း၊ ကရင်၊ ကချင် စသောပြည်နယ်များပေါင်းစုပြီး ဖွဲ့စည်းထားသော ပြည်ထောင်စု အစိုးရအဖွဲ့တွင် ရခိုင်ပြည်နယ်အစိုးရ ဟူ၍ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံတွင် မပါဝင်သည်ကိုဆိုလိုပေသည်။
တို့ရခိုင်တိုင်းရင်းသားအပေါင်းတို့နယ်ချဲ့လောင်းရိပ်အောက်မကင်းသည့် ရခိုင်ပြည်တွင်းငြိမ်းချမ်းရေး ညီညွတ်ရေးမရှိသမျှ ရခိုင်တမျိုးသားလုံးအဘို့ ပြည်နယ်အုပ်ချုပ်ရေး ရရှိရေး၊ လူတန်းစေ့ရေး၊ ဒီမိုကရေစီပြည့်ဝရေး၊ ထာဝစဉ်ငြိမ်းချမ်းရေးတို့၏ အနှစ်သာရကို ခံစားခွင့်ရမည်မဟုတ်သည်မှာ မျက်မှောက်ဖြစ်သည့် မူဂျာဟစ်အန္တရာယ်နှင့် အခြားအန္တရာယ်အရပ်ရပ်တို့က သာဓက ပြလျက်ရှိပေသည်။
ဤမျှလောက်ကြီးမားလှသော အန္တရာယ်ကြီးများနှင့်ရင်ဆိုင်နေရာတွင် မည်မျှကောင်းမွန်သပ်ရပ်သော စီမံကိန်းများကိုရေးဆွဲဆောင်ရွက်လုပ်ကိုင်စေကာမူ မိမိတို့တိုင်းပြည်ကို မိမိတို့သဘောကျ ဖန်တည်း (တီး) နိုင်ခွင့်မရသမျှ အထက်ပါပြဿနာရပ်များကို အောင်မြင်စွာဖြေရှင်းနိုင်မည်မဟုတ်ဆိုက လွဲမည်မထင်ပေ။
ရခိုင်လူမျိုးများအခွင့်အရေးကင်းမဲ့ပုံ
ရခိုင်တမျိုးသားလုံး၏ ရင်ဆိုင်နေပြပြောပြ၍ မကုန်နိုင်လောက်အောင်ပင် များပြားလှပေသည်။ ရခိုင်အမျိုးသားများသည် အချုပ်အချာအာဏာပိုင်ဗြိတိသျှနယ်ချဲ့အစိုးရအုပ်ချုပ်ခြင်းကိုခံခဲ့ရသည့် ကျွန်ဘဝတွင် လွပ်လပ်စွာယုံကြည်ပိုင်ခွင့်၊ လွတ်လပ်စွာ ဟောပြောပိုင်ခွင့်၊ လွတ်လပ်စွာဆန္ဒပြပိုင်ခွင့်၊ လွတ်လပ်စွာ စီးပွားရှာပိုင်ခွင့် စသည့်လွတ်လပ်မှုအခွင့်အရေးများ။
လူလူချင်း တန်းတူညီတူမှု၊ လူမှုဆက်ဆံရေးတရားမျှတမှု၊ ဘာသာရေးတရားမျှတမှု စသည့်တရားမျှတမှု အခွင့်အရေးများဟူသည် လူ့အခွင့်အရေးများကိုပင် ပြည့်ဝစွာမရခဲ့ကြပေ။
ယနေ့အချိန်တွင် ရခိုင်ပြည်သူ လူထုတစ်ရပ်လုံးသည် နယ်ချဲ့များရဲ့အမွေအနှစ်ယူသူ လူများစုံ၏ စေသည့်ကျွန်ထွန်သည့်နွားပေးသမျှသာ စားရသည့် လူမပီသသော ဘဝသို့ကျရောက်နေကြရပေသည်။
ယနေ့အချိန်တွင် ရခိုင်ပြည်သူ လူထုတစ်ရပ်လုံးသည် နယ်ချဲ့များရဲ့အမွေအနှစ်ယူသူ လူများစုံ၏ စေသည့်ကျွန်ထွန်သည့်နွားပေးသမျှသာ စားရသည့် လူမပီသသော ဘဝသို့ကျရောက်နေကြရပေသည်။
ရခိုင်လူမျိုးများပြည်နယ်အုပ်ချုပ်ရေးရရှိရေး
ယခုလိုနယ်ချဲ့လောင်းရိပ် ကိုလိုနီကျွန်ဘဝမှ လွတ်မြောက်ရန်ဒေသအလိုက် ကိုယ်ပိုင်အုပ်ချုပ်ရေးအာဏာလွှဲအပ်ပေးရေးရဘို့လိုပေသည်။ အုပ်ချုပ်ရေးရဘို့အဓိက အချက်မှာအမျိုးသားညီညွတ်ရေးပင်ဖြစ်ပါသည်။ ရခိုင်ပြည်တွင် စီးပွားရေးဆုံးရှုံးမှု၊ လူမျိုးရေးဆုံးရှုံးမှု၊ ဘာသာရေးဆုံးရှုံးမှု၊ ပညာရေးဆုံးရှုံးမှု၊ ကျန်းမာရေးဆုံးရှုံးမှု၊ လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်သွယ်ရေး ဆုံးရှုံးမှုများ အောင်မြင်ထမြောက်ရန်နှင့် ပြည်နယ်အုပ်ချုပ်ရေး တည်ဆောက်ကြဘို့လိုပါသည်။
အမျိုးသားညီညွတ်ရေးရရှိကြသော ရှမ်း၊ ကရင်၊ ကချင်၊ ကယားလူမျိုးများသည် ပြည်နယ်အုပ်ချုပ်ရေးရရှိကြပြီး မိမိတို့ပြည်နယ်ကို မိမိတို့သဘောကျ ဖန်တည်းနိုင်ခွင့်ရ၍ တနေ့တခြားတိုးတက်လျက်ရှိပေသည်။
သွေးခွဲအုပ်ချုပ်ခံရသည့် ကိုလိုနီရခိုင်ပြည်
လူနည်းစု အားသေးငယ်သောလူမျိုးနှင့် တိုင်းပြည်ကို အင်အားကြီးမား တောင့်တင်းသော လူများစုတိုင်းပြည်က အမျိုးမျိုးသောနည်းပရိယာယ်များသုံးကာ ထာဝစဉ်ဖိနှိပ်လျက်ရှိကြသည်။ ဤသို့ဖိနှိပ်ခြင်းသည် အကြောင်းမဲ့ ဖိနှိပ်ခြင်းမျိုးမဟုတ်ပေ။
သူတို့တိုင်းပြည်နှင့်သူတို့အမျိုးသားများ ကောင်းစားချမ်းသာရေး၊ တိုးတက်ကြီးပွားရေး၊ တန်ခိုးအာဏာရရှိရေး၊ လွှမ်းမိုးရေးကြောင့်ပင်ဖြစ်သည်။ သို့သော်မည်မျှလောက်ပင် အမျိုးမျိုးသောနည်းမျိုးစုံတို့ဖြင့် ဖိနှိပ်ချုပ်ချယ်ထားကြသော်လည်း အဖိအနှိပ်ခံကြရသူတို့မှာ ဘဝလွတ်မြောက်ရေးကို အမြဲတစေ အားထုတ်ကြိုးပမ်းဆောင်ရွက်ကြပေမည်။
တိရစ္ဆာန်သတ္တဝါများကို လူများက ဖိနှိပ်ချုပ်ချယ်လုပ်ကိုင်နိုင်စေကာမူ လူမျိုးတမျိုးနှင့် တမျိုးတို့သည် မည်မျှပင်ချုပ်ကိုင်သည်ဖြစ်စေ သွေးခွဲစံနစ်ဖြင့် သွေးခွဲသည်ဖြစ်စေ မိမိတို့ကကြိုတင်ပြီး အကင်းပါးစွာ သိထားက ဖိနှိပ်ချုပ်ချယ်မှု အာဏာလွှမ်းမိုးမှုတို့မှ လွတ်မြောက်ကြမည်ဖြစ်ရာ ပြည်လူထုတစ်ရပ်လုံးက သတိထားသင့်လှပေသည်။
ရခိုင်အမျိုးသားများစီးပွားရေးပျက်ပြားမှု
ယနေ့အချိန်တွင် ရခိုင်အမျိုးသားများ၏ စီးပွားရေးစပါးဆန်ရေစိုက်ပျိုးလုပ်ကိုင်ရေးများသည် မတည်တန့်ရုံမျှသာမက တနေ့တခြားပျက်စီး၍ပင် လာလေသည်။ ရခိုင်တိုင်းရင်းသားပိုင် စက်ရုံ အလုပ်ရုံတို့ကလည်း တနေ့ထက်တနေ့ တိုး၍ပျက်စီးနေသည် ဆုံးရှုံးနေသည် တိုင်းရင်းသား ကုန်သည်ပွဲစားဈေးသည်များကလည်း တနေ့တခြား အရောင်းအဝယ် ပျက်ပြား၍လာလေသည်။ တိုင်းရင်းသားပညာတတ်များ လခစားများသည် တနေ့ထက်တနေ့ပိုမိုဆင်းရဲကာ ဝမ်းစာမကျန်ဖြစ်လာသည်။ ရခိုင်အမျိုးသား အလုပ်သမားတို့သည်တနေ့ထက်တနေ့ အလုပ်လက်မဲ့များပြားကာ အငတ်ဘဝသို့ဆိုက်ရောက်နေရပေသည်။
သို့ရာတွင် တဘက်၌မူ နိုင်ငံခြားသားပိုင်စက်ရုံအလုပ်ရုံများသည် ဖွံ့ဖြိုးလျက်ရှိသည်။ နိုင်ငံခြားသားပိုင် လုပ်ငန်းများသည် တိုးပွားလျက်ရှိသည်။ နိုင်ငံခြားသားအရင်းရှင်ကြီးများသည် တနေ့ထက်တနေ့ အမြတ်ပိုမိုလျက်ရှိသည်။ ဤသို့လျှင် ရခိုင်ပြည်သူလူထုတရပ်လုံး၏ စီးပွားရေးသည်ကျဆင်း၍ နိုင်ငံခြားသားပိုင် စီးပွားရေးသည်တိုးတက်ဖွံ့ဖြိုးလျက်ရှိနေသည်။
ထိုမှတပါး ရခိုင်ပြည်တွင် မြို့ပိုင်ရုံးစိုက်ရာ မြို့များ၌ပင် ဆရာဝန်မရှိ ဆေးဝါးမရှိ မွေးနေမိခင်များ စောင့်ရှောက်ရေးဋ္ဌာနများမရှိ သောင်းပေါင်းများစွာသော ကျေးလက်တောင်သူလယ်သမားများ၏ ကလေးလူငယ်များပညာသင်ပေးရန် စာသင်ကျောင်းဟူ၍ လုံလုံလောက်လောက်မရှိခြင်း စသော ရခိုင်တမျိုးသားလုံး၏ဆုံးရှုံးနစ်နာမှုများကို မနစ်နာမဆုံးရှုံးဟူ၍ ဖုံးဖိအုပ်ချုပ်ထား၍မရ နိုင်အောင် ရခိုင်ပြည်တွငလက်တွေ့ ကိုယ်တွေ့ခံစားနေကြရပြီဖြစ်၍ ရခိုင်အမျိုးသားများသည် ဤအရေးတွင်ပိုမို၍သိပေမည်။
အထက်ဖော်ပြခဲ့သည့်ဆုတ်ယုတ်ပျက်စီးနေသော အခြေအနေကိုတကယ်တန်း တိုးတက်အောင်ပြန်လည်ပြုပြင်ရန်အတွက် ချမှတ်ရမည့်နည်းအမျိုးမျိုး စီမံကိန်းအမျိုးမျိုးတို့တွင် ရခိုင်ပြည် ပြည်နယ်အုပ်ချုပ်ရေးဖြင့် မိမိတို့ကံကြမ္မာကို မိမိတို့သဘောကျဖန်တီးနိုင်သော ကိုယ်ပိုင်အုပ်ချုပ်ရေးဖြစ်သည့် ပြည်နယ်အုပ်ချုပ်ရေး ဤနည်းမှတပါး အခြားသောဆောင်ရွက်နိုင်သောနည်းမရှိတော့ပြီဟု တထစ်ချသိရ၍ ရန်ကုန်မြို့လုံးဆိုင်ရာ ရခိုင်သေတုဇနသံဃအဖွဲ့ချုပ်ကြီးက ပြည်နယ်အုပ်ချုပ်ရေးရရှိရန်နှင့် သောင်းကျန်းသူ မူဂျာဟိန်းအန္တရာယ်များအမြန်ဆုံးပြီးငြိမ်းရန်အတွက် ရန်ကုန်မြို့လည်ရှိ ဆူးလေးဘုရားရင်ပြင်တော်၌ အစာအာဟာရများကို မသုံးဆောင်ဘဲ ၂၇-၀၉-၅၄ နေ့မှ ၂၉-၉-၅၄ နေ့ထိ ၃ ရက်တိုင်တိုင်ဆန္ဒပြတောင်းဆို၍ တာဝန်ကျေသွားပေပြီ။ အဆိုပါကိစ္စကို ဆက်ဆက်တောင်းဆိုကြရန် ရခိုင်ပြည်သူလူထုတစ်ရပ်လုံးတာဝန်အရ လက်ရှိအစိုးရအား ဥပဒေနှင့်မဆန့်ကျင်စေဘဲ တညီတညွတ်တည်း တောင်းဆို၍ပေးအပ်ရမည်မှာငြင်းဆိုနိုင်ဘွယ်ရာမရှိပေ။
ရခိုင်ပြည် မူဂျာဟစ်ရန် အမြန်ဆုံးပြီးငြိမ်းရန်နှင့် ပြည်နယ်အုပ်ချုပ်ရေးရရှိရန်လမ်းစဉ်ကား မည်သို့နည်း
၁။ အချင်းချင်း လက်နက်စွဲကိုင်တိုက်ခိုက်မှု ရပ်စဲ၍မြေပေါ်ရေအောက် နိုင်ငံရေးအင်အားစု၊ လူထုအင်အားစု၊ လူမျိုးရေးအင်အားစုအားလုံးသည် မျက်နှာစုံညီဆွေးနွေးပွဲကျင်းပရန်၊ ထိုမျက်နှာစုံညီစည်းဝေးပွဲကို ပြည်သူတို့ရှေ့မှောက်တွင် ပြုလုပ်ရန်။ ထိုမျက်နှာစုံညီ ဆွေးနွေးပွဲတွင် ရခိုင်ပြည်သည် ပါကစ္စတန်တို့ ခြေထိုးမှုဖြင့် မူဆလမန်ကုလားများ ပြည်နယ်ထူထောင်ရန် ကြံစီချက်ကို ထိန်းသိမ်းကာကွယ်ရေး။ ရခိုင်ပြည်သူလူထုတစ်ရပ်လုံး ညီညွတ်ရေး။ ဒီမိုကရေစီ အခွင့်အရေး ပြည့်ဝရေး။ ဧချမ်းသာယာသောရေးနှင့် ထာဝစဉ်ချမ်းသာဝပြောရေးတို့ကိုအတွက် နည်းလမ်း ရှာဖွေတင်ပြဆွေးနွေး ညှိနှိုင်းသဘောတူညီရန်။
၂။ အထက်ပါအရည်ရွယ်ချက်များကို ရရှိရန်အတွက် (က) ရခိုင်ပြည်တွင် သောင်းကျန်းမှုများ၊ မူဂျာဟစ်အန္တရာယ်များ ပိုမိုပြင်းထန်စေမည့် လှုံ့ဆော်မှုလုပ်ငန်းဟူသမျှကို မပြုလုပ်ကြရန်နှင့် ပြည်သူတို့က တားဆီးရန်။ (ခ) ရခိုင်လူမျိုး အချင်းချင်း ပိုမိုကွဲပြားစေမည့် လုပ်ငန်းဟူသမျှကို မပြုလုပ်ကြရန်နှင့်၊ ပြည်သူတို့က တားဆီးရန်။
၃။ အချင်းချင်း သဘောကွဲလွဲမှု၊ သွေးခွဲမှု၊ တိုက်ခိုက်မှုတို့ကိုရပ်စဲ၍ မျက်နှာစုံညီဆွေးနွေးပွဲမှ ရခိုင်တပြည်လုံး တချိန်တည်းပြုလုပ်၍ တကယ့်လွတ်လပ် တရားမျှတသော ရွေးကောက်ပွဲကျင်းပပြီး တညီတညွတ်တည်း သီးခြားပြည်နယ်တောင်းဆိုကြရန်။
၎။ ဖော်ပြပါ အချက်အလက်များကို ရခိုင်ပြည်နှင့် ရခိုင်လူမျိုး မပျောက်ကွယ်နိုင်ရန်အတွက် မိမိတို့ရဲ့ အဘရွှေရခိုင်ပြည်ကြီးကို မိမိတို့ရဲ့ အမျိုးသားများကို မေ့ပျောက်မနေကြပါနှင့်ချစ်ကြစမ်းပါ။ ဇာတိသွေး ဇာတိမာန်များ တက်ကြွကြပါ။ သခင်စိတ်မွေးမြူကြပါ။ စည်းလုံးညီညွတ်ကြပါဆိုတာကို လေးနက်စွာသတိပေးတိုက်တွန်းလိုက်ရပေသည်။
(ပုံ) ဦးပဏ္ဍိတ။
အထွေထွေအတွင်းရေးမှူး
ရခိုင်သောတုဇနသံဃအဖွဲ့ချုပ်
ရန်ကုန်မြို့
ဝန်ခံချက်။ ။ ရခိုင်ပြည်လုံးဆိုင်ရာ ရန်ကုန်မြို့ ရခိုင်သောတုဇနသံဃအဖွဲ့ချုပ်ကြီးမှ သတိပေးနှိုးဆော်ချက် - ကိုပြန်လည် ကူးယူဖော်ပြပါသည်။ စာလုံးပေါင်းအမှားများ။ မူလစာသားနှင့် လွဲချော်ခြင်းများရှိခဲ့ပါက စာရိုက်သူ၏အမှားသာဖြစ်ပေသည်။ စာစီပြီးနောက် ပြန်လည်စစ်ဆေးနိုင်ခြင်းမရှိပါ။ အားလုံးကိုကျေးဇူးတင်ပါသည်။
Credit: Arakan Ven Indobhasa (Kyaukroe)
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။