အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းများ ကို မီဒီယာနှင့် တွေ့ဆုံပြောကြား ခွင့် တားမြစ်ပိတ်ပင်ထားခြင်းမရှိ ကြောင်း ယင်းပါတီ၏ပြောရေးဆို ခွင့်ရှိသူ ဦးဝင်းမြင့်ကပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် လောင်းများကို ပါတီကချမှတ်ထား သောမူဘောင်များထက် ကျော် လွန်ပြောကြားမှု မရှိစေရန်သာ ဗဟိုက ညွှန်ကြားထားပြီး ၎င်းတို့ ကိုယ်ပိုင်အကြောင်းကိစ္စများအ တွက် လွတ်လပ်စွာခွင့်ပေးထားသည်ဟု ယင်းပါတီကိုယ်စားလှယ်လောင်းများကို မီဒီယာနှင့် တွေ့ဆုံခွင့် ပိတ်ထားသည်ဆိုသော သတင်းစကားများနှင့်ပတ်သက်၍၎င်းက ရှင်းလင်းပြောကြားခဲ့သည်။
‘‘ပါတီရဲ့မူဝါဒနဲ့ပတ်သက် လို့ ပြောခွင့်ရပုဂ္ဂိုလ်ရှိတယ်။ ကော်မရှင်နဲ့ပတ်သက်လို့၊ ကိုယ် စားလှယ်လောင်းတွေနဲ့ပတ်သက် လို့လည်း ပြောရေးဆိုခွင့်ရှိသူတွေ ပေးထားတယ်။ တချို့ကိစ္စတွေ မှာ မူဝါဒတွေနဲ့ကျော်လွန်ပြီးပြော မိတဲ့အခါမှာ ထင်ယောင်ထင်မှား တွေဖြစ်ကုန်မှာစိုးလို့ အဲဒါကိုကန့် သတ်ထားတာပါ။ တချို့က ဒါကို နားလည်မှုလွဲနေကြတာ’’ဟု ဦး ၀င်းမြင့်ကပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီအနေဖြင့် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ် စားလှယ်လောင်းများကို မီဒီယာ နှင့်တွေ့ဆုံခွင့်ပိတ်ထားသည်ဟူ သောသတင်း ထွက်ပေါ်နေပြီး အချို့ကိုယ်စားလှယ်လောင်းများ ကိုယ်တိုင် ယင်းသို့ပိတ်ပင်ထားမှု ရှိ၊ မရှိ သေချာစွာနားမလည်ကြဟုဆိုသည်။
‘‘အရင်ကတော့ အဲဒီလိုမီဒီ ယာနဲ့မပြောဖို့ ညွှန်ကြားထား တယ်လို့တော့ကြားတယ်။ တိုက် ရိုက်ညွှန်ကြားတာတော့မရှိဘူး။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ကတော့ ပြောသင့်ပြောထိုက်တာ ကို ထိန်းထိန်းသိမ်းသိမ်းပြောရ တာတော့ရှိတယ်’’ ဟု သင်္ဃန်းကျွန်းမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည့် ဦးရွှေလ၀င်းကပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် ရွေးကောက်ပွဲ ၀င် ရောက်ယှဉ်ပြိုင်မည့် ကိုယ်စား လှယ်လောင်း ရွေးချယ်စဉ်က တည်းက စည်းကမ်းချက်များ တင်းကျပ်စွာ ချမှတ်ထားခဲ့ပြီး ၎င်း တို့၏ ပိုင်ဆိုင်မှုများကိုလည်းတင် ပြစေခဲ့သည်။
http://www.7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။