ရေးတွင် ခရီးသည်တင် ယာဉ်များကို လူတစ်ဦးတည်းက သေနတ်ဖြင့်ပစ်ခတ် ဓားပြတိုက်

မွန်ပြည်နယ် ရေးမြို့မှ ၁၀မိုင်ကျော်ဝေးသော နှင်းစိုကျေး ရွာအနီးတွင် စက်တင်ဘာ ၁၄ရက် ညက ရန်ကုန်-ထားဝယ်ခရီး သည် ယာဉ်များအပါအ၀င် ယာဉ်ခြောက်စီးကို လူတစ်ဦးက သေနတ်ဖြင့်ပစ်ခတ်ပြီး ဓားပြ တိုက်မှုကြောင့် ခရီးသည်နှင့် ယာဉ်မောင်းအချို့ ဒဏ်ရာရရှိခဲ့ ကြောင်းသတင်းရရှိသည်။
ဖြစ်စဉ်မှာ ယင်းည ၁၂နာရီ ခန့်တွင် သံဖြူဇရပ်နှင့် ရေးမြို့ကြားရှိ နှင်းစိုကျေးရွာအနီး၌ အဆိုပါယာဉ်များကို အင်္ကျီလက်ပြတ်၊ ဘောင်းဘီအရှည်ဝတ်ဆင်ထားသော လူတစ်ဦးတည်းက သေနတ်ဖြင့်အချက်များစွာ ပစ်ခတ်ခဲ့ကြောင်းကြုံတွေ့ခဲ့ရသည့် ယာဉ်လိုင်းများမှ သိရသည်။
‘‘အရင်ဆုံးလမ်းပေါ်ထွက် ပြီး ကားအရှေ့ကနေပစ်တယ်။ ကားရပ်ပေးလိုက်တော့ ဘေးတွေ ကိုပါပတ်ပြီး ဆက်တိုက်ပစ် တယ်။ အောက်ကို ဆင်းလာဖို့ လည်းပြောတယ်။ ပစ်တာက တော့ အေကေအမျိုးအစားသေ နတ်နဲ့ပါ။ ကျွန်တော်တို့ကား ဆို ရင် အချက်သုံးဆယ်လောက်ပစ် ခဲ့တယ်။ ကားပေါ်တက်လာဖို့လုပ် တော့ တက်ခွင့်မပေးဘဲ မောင်း ထွက်ခဲ့တာပါ။ အဲဒီနေရာမှာကား ရပ်ပေးထားရတာ မိနစ် ၃၀ လောက်ကြာမယ်။ ဒါပေမဲ့ ခရီး သည်ရောကျွန်တော်ပါ ဘာမှမဖြစ် ခဲ့ဘူး’’ဟု ပစ်ခတ်ခံရသည့်ကား တစ်စီး၏ ယာဉ်မောင်းတစ်ဦးက ပြောသည်။
အဆိုပါပစ်ခတ်မှုကို ရန်ကုန် မှ ထားဝယ်သို့ပြေးဆွဲနေသည့် အန်တီဝင်း၊ ရွှေပုလဲသီ၊ အောင်ရ တနာ၊ လပ်ကီးစတား၊ ကောင်း သစ်စံစသည့် ယာဉ်လိုင်းများမှ ခ ရီးသည်တင်ယာဉ်များနှင့် ကုန် တင်ယာဉ်တစ်စီးအပါအ၀င် စုစုပေါင်းခြောက်စီးကြုံတွေ့ခဲ့ရ ကြောင်းသတင်းရရှိသည်။
ပစ်ခတ်မှုကြောင့် ယာဉ်များ ပျက်စီးခဲ့ပြီး လပ်ကီးစတားယာဉ် လိုင်းမှ ယာဉ်မောင်း၏ မျက်နှာကို ထိမှန်ခဲ့သည်။ ခရီးသည် နှစ်ဦး မှာလည်း မှန်ကွဲများကြောင့် ဒဏ် ရာရရှိခဲ့ကာ ရေးမြို့ တပ်မတော် ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရ ကြောင်း အဆိုပါယာဉ်လိုင်းမှသိရ သည်။
ထို့အပြင်ကုန်တင်ယာဉ်နှင့် ရွှေပုလဲသီယာဉ်လိုင်းများက အဆို ပါ သေနတ်သမားအား ငွေပေး ခဲ့ရကြောင်း သတင်းရရှိသည်။
ယင်းသို့ ပစ်ခတ်ခံရသည့် ယာဉ်များသည် အခင်းဖြစ်ပွားရာ နေရာနှင့် ဖာလုံအနည်းငယ်သာ ဝေးသော နှင်းစိုကျေးရွာရှိ DKBA ငြိမ်းချမ်းရေးဂိတ်နှင့် သုံးမိုင်ခန့် ကွာဝေးသည့်အာလူးတောင်တပ် မတော်စခန်းတို့သို့ ၀င်ရောက် အကြောင်းကြားခဲ့ကြောင်းသိရ သည်။ ထို့ကြောင့်အဆိုပါယာဉ် များအားလုံးကို စုစည်းပြီးအာလူး တောင်တပ်မှ လုံခြုံရေးယာဉ်များ ဖြင့်ရေးမြို့အထိ လိုက်ပါပို့ဆောင် ပေးခဲ့ကြောင်းသတင်းရရှိသည်။
ယင်းသို့ ပစ်ခတ်ခံရမှု ကြောင့် အဆိုပါယာဉ်လိုင်းများမှ ခရီးသည်တင်ယာဉ်အချို့သည် ထားဝယ်သို့ ပုံမှန်ရောက်ရှိချိန်ထက် ငါးနာရီကျော်နောက်ကျ၍ ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။
ရန်ကုန်-ထားဝယ် ပြေးဆွဲ နေသော ထားဝယ်အခြေစိုက် ယာဉ်များ၏ ခရီးစဉ်များသည် ပုံ မှန်အားဖြင့်မွန်ပြည်နယ်အတွင်း ညဘက် ဖြတ်သန်းလေ့ရှိကြ သည်။
ယခင်ကအဆိုပါနေရာများ၌ ဓားပြတိုက်ခံရမှုများရှိခဲ့သော်လည်း အဖွဲ့များဖြင့်ခြိမ်းခြောက်ပစ်ခတ်မှုများသာပြုလုပ်လေ့ရှိပြီး ယခုဖြစ်စဉ်တွင် တစ်ဦးတည်းက ပစ်ခတ်ခြင်း၊ ယာဉ်ကိုတိုက်ရိုက်ပစ်ခတ်ခြင်း၊ ကျည်ဆန်များစွာ အသုံးပြုခြင်းသည် ထူးခြားနေကြောင်း ယာဉ်လိုင်းများက  သုံး သပ်သည်။
မွန်ပြည်နယ်အတွင်း ပြီးခဲ့ သည့် နှစ်ကလည်း ထားဝယ်ခရီး သည်ယာဉ်လိုင်းကို ဓားပြတိုက် မှုဖြစ်ပွားခဲ့ပြီး သံဖြူဇရပ်နှင့်ရေး မြို့အကြားအဝေးပြေးလမ်းမတွင် ထားဝယ်အခြေစိုက်ယာဉ်လိုင်း များလေးခွဖြင့်ပစ်ခတ်ခံရခြင်း များ ကြုံတွေ့ရလေ့ရှိသည်။
http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။