ပြန်ကြားရေးဒုဝန်ကြီးအဖြစ် သမ္မတရုံး ဒုဝန်ကြီးအား ခန့်အပ်

နေပြည်တော်၊ စက်တင်ဘာ ၂၄။ ။

 ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး နေရာတွင် သမ္မတရုံး ဝန်ကြီးဌာန (၄) ဒုတိယဝန်ကြီး ဦးအောင်သိမ်းအား ပြောင်းလဲ တာဝန်ပေးအပ်လိုက်ကြောင်း စက်တင်ဘာ ၂၄ရက်က ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၃၄၊ ပုဒ်မခွဲ (က)နှင့် ပုဒ်မခွဲ (ဃ)၊ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၆ ၊ ပုဒ်မခွဲ (ခ) ၊ ပုဒ်မခွဲငယ် (၉) တို့ပါ ပြဌာန်းချက်များအရ ယင်းသို့ ပြောင်းလဲ တာဝန်ပေးအပ်လိုက်ခြင်းဖြစ်သည်။

ယခင် ပြန်ကြားရေး ဒု-ဝန်ကြီးမှာ ဦးပိုက်ထွေးဖြစ်ပြီး ၎င်းမှာ နိုဝင်ဘာ ၈ရက်တွင် ကျင်းပမည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် မကွေးတိုင်း ပခုက္ကူမြို့နယ်မှ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်၍ နုတ်ထွက်သွားခြင်းဖြစ်သည်။

http://mizzimaburmese.com
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။