အစ်ပွဲတော်ကာလအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်မှုလုပ်ငန်းများ ပုံမှန်အတိုင်းဖွင့်ထားမည်

စက်တင်ဘာ ၂၅ ရက်တွင်ကျရောက်မည့် အစ္စ လာမ်ဘာသာဝင်များ၏ အစ်ပွဲ ကာလအတွင်း မြန်မာ-ဘင်္ဂလား ဒေ့ရှ်ကုန်သွယ်မှုလုပ်ငန်းများကို ပုံမှန်အတိုင်း ဖွင့်ထားမည်ဖြစ် ကြောင်း သတင်းရရှိသည်။

‘‘ကုန်သွယ်မှုလုပ်ငန်းကပိတ် ရက်မရှိပါဘူး။ နေ့တိုင်းဖွင့်ထား ပါတယ်။ ဒါပေမဲ့  ဘင်္ဂလားဒေ့ရှ်  နိုင်ငံက အစ္စလာမ်ဘာသာဝင်တွေ များတာကြောင့် သူတို့ဘက်က စက်ရုံ၊ အလုပ်ရုံနဲ့ ဈေးတွေပိတ် နိုင်ပါတယ်’’ ဟု မောင်တောနယ် စပ်ကုန်သွယ်ရေးစခန်းမှ တာဝန် ရှိသူတစ်ဦးကပြောသည်။

အစ်ပွဲတော်ကာလအတွင်း ကုန်သွယ်ရေးစခန်း ပုံမှန်ဖွင့်လှစ် ထားမည်ဖြစ်သော်လည်း ကုန် သွယ်မှုကို သုံးရက်ခန့်ရပ်နားထားကြမည်ဖြစ်ကြောင်း ရေထွက် ပစ္စည်းတင်ပို့သူ တစ်ဦးက ပြော သည်။

အစ်ပွဲအတွင်း နယ်စပ်ကုန် သွယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူ များ လုပ်ငန်းများယာယီရပ်ဆိုင်း ထားသကဲ့သို့ မောင်တောနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား တစ်နိုင်တစ်ပိုင် ကုန်သွယ်သွားလာနေ သူများမှာလည်း သုံးရက်ခန့် ရပ် နားထားကြမည်ဖြစ်ကြောင်း တစ် နိုင်တစ်ပိုင်ကုန်သွယ်သူတစ်ဦးက ပြောသည်။

‘‘တစ်နိုင်တစ်ပိုင် ကုန်သွယ် မှုလုပ်ငန်းလည်း အရင်ကလို အ ဆင်မပြေကြတော့ပါဘူး။ အဓိက ကတော့ ဘင်္ဂလားဒေ့ရှ်ဘက်က ကုန်ပစ္စည်းတွေ မောင်တောဘက် ကိုမသယ်ရတဲ့အတွက်ဖြစ်ပါတယ်’’ဟု ၎င်းက ဆက်လက်ပြောကြားသည်။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။