သောက်သုံးရေ အဆိပ်သင့်၍ ကျောင်းသူ ကျောင်းသား ၁၃၄ ဦး ဆေးရုံရောက်


အဆိပ်သင့်ကာ ဆေးရုံတွင် ဆေးကုသမှုခံယူနေသော ကျောင်းသားတစ်ဦးကို တွေ့ရစဉ် (ဓာတ်ပုံ − ကရင်ပြည်နယ် နယ်ခြားစောင့်အဖွဲ့)

ကော့ကရိတ်မြို့နယ် ကျုံဒိုးတိုက်နယ်အတွင်း အစိုးရ စာသင်ကျောင်းတစ်ကျောင်းရှိ သောက်သုံးရေကန်မှ ရေသောက် ပြီးနောက် အဆိပ်သင့်ခဲ့သော ကျောင်းသား၊ ကျောင်းသူ ၁၃၄ ဦး အား ဆေးရုံသို့ ပို့ဆောင်ကုသပေး နေကြောင်း သတင်းရရှိသည်။

ကျုံဒိုးတိုက်နယ်သရက်တော ကျေးရွာမှ ကျောင်းသား ၂၉၉ ဦး ပညာသင်နေသည့် အလယ်တန်း လွန်ကျောင်းတွင် စက်တင်ဘာ ၂၃ ရက် နံနက်ကျောင်းတက်ချိန် မတိုင်မီ သောက်သုံးရေသောက် ပြီး အော့အန်ကာ အဆိပ်သင့်ခြင်း ဖြစ်သည်ဟု ကရင်ပြည်နယ် ပ ညာရေးမှူး ဦးအောင်မောင်းက ပြောသည်။

‘‘ကော့ကရိတ်ဆေးရုံမှာ ၆၉ ယောက်၊ ကျုံဒိုးတိုက်နယ်ဆေးရုံ မှာ ၆၅ ယောက်။ လောလောဆယ် စိုးရိမ်စရာမရှိသေးဘူးလို့ပြောပါ တယ်။ ဆရာဝန်တွေကတော့ စောင့်ကြည့်ရမယ့် အနေအထား ရှိတယ်လို့ ပြောပါတယ်’’ဟု ဦး အောင်မောင်းက ပြောသည်။

ကျောင်းသား၊ ကျောင်းသူ များအဆိပ်သင့်ရသည့်အကြောင်း ရင်းမှာ ကျောင်းခြံဝင်းအတွင်း သောက်သုံးရေကန်မှ ရေကို သောက်မိခြင်းကြောင့်ဖြစ်ပြီး အ ဆိုပါရေကို ရန်ကုန်မြို့သို့ပို့၍ ဓာတ်ခွဲစစ်ဆေးနေကြောင်း ၎င်း ကပြော သည်။

ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက အဆိုပါဖြစ် စဉ်မျိုး ယခင်ကဖြစ်ပွားခဲ့ခြင်းမရှိ ၍ စစ်ဆေးနေသည်ဟု ဆိုသည်။

‘‘ဒေသခံရွာသားတချို့ ဗျိုင်း ထောင်တဲ့ ပိုးသတ်ဆေးတွေက ဒီ ကန်ထဲဝင်တယ်လည်းပြောတယ်။ ဒါကိုလည်း စုံစမ်းနေတယ်။ ကျောင်းထဲမှာလည်း ယိုးဒယား ကလာတဲ့ အချိုရည်တွေသောက် တဲ့အတွက် အဲဒီ အချိုရည်ကို လည်း ဓာတ်ခွဲခန်းပို့ထားတယ်’’ ဟု အထက်ပါရဲအရာရှိက ပြော သည်။

ကျောင်းသားများအားလုံး အော့အန်သည့် လက္ခဏာခံစားရ ခြင်းဖြစ်ပြီးယနေ့ (စက်တင်ဘာ ၂၄ ) ရက်တွင် ဆေးရုံမှဆင်းနိုင် မည်ဟု ကော့ကရိတ်မြို့နယ်ဆေးရုံမှ ကျန်းမာရေး ၀န်ထမ်းတစ်ဦးကပြောသည်။

သရက်တော ကျေးရွာသို့ ရောက်နေသည့် ဒေသခံသတင်း ထောက်တစ်ဦးက ‘‘ဒီမှာအရင်က အခုလို မဖြစ်ဖူးတော့ ကျောင်း သားမိဘတွေက စိုးရိမ်နေကြတာ ပေါ့’’ဟု ပြောသည်။

အဆိုပါကျောင်းတွင်သူငယ်  တန်းမှ န၀မတန်းအထိ ကျောင်း သား၊ ကျောင်းသူ စုစုပေါင်း ၂၉၉ ဦး ပညာသင်နေသည်ဟု ကော့ ကရိတ်ခရိုင်အထွေထွေ အုပ်ချုပ် ရေးမှူးရုံးမှ သတင်းရရှိသည်။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။