တောင်ကုတ်မြို့နယ်တွင် လယ်သမားမျာချေးငွေ အပြည့်မရ၍ အခက်အခဲတွေ့

ရန်ကုန်၊ စက်တင်ဘာ ၁၁

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် စိုက်ပျိုးစရိတ် ထုတ်ချေးရာ၌ လယ်သမားများ အနေဖြင့် ချေးငွေ အပြည့်အ၀ မရသဖြင့် အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း တောင်ကုတ်မြို့နယ်၊ မအီမြို့နယ်ခွဲ၊ ဆားပြင်ကျေးရွာမှ ကျောင်းဆရာ တစ်ဦးလည်းဖြစ်၊ လယ်သမား တစ်ဦးလည်း ဖြစ်သူ ဦးရည်လှိုင်ထွန်းက ပြောသည်။

“ အခု ချေးငွေ အပြည့်မရတာက ဆားပြင်အုပ်စုရယ်၊ ဓနိအုပ်စုတို့ ဖြစ်ကြပါတယ်။ ၁၀ သိန်းထုတ်ပေးမယ့် နေရာမှာ ၇ သိန်းထုတ်ပေးတယ်။ ၅ သိန်းထုတ်ပေးရမယ့် လယ်သမားကို ၃ သိန်း ထုတ်ပေးတယ်။ အဲသလို မျိုး ဖြစ်နေပါတယ်” ဟု သူက ပြောသည်။

တစ်ခြားအုပ်စုများတွင် တစ်ဧက တစ်သိန်းနှုန်းဖြင့် အပြည့်ရသော်လည်း ဆားပြင်အုပ်စုတွင် အပြည့်မရသဖြင့် ယင်းရွာရှိ လယ်သမား ၂၆၇ ယောက်ထဲမှ အများစုမှာ လယ်ယာ စိုက်ပျိုးရေးတွင် အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု သူက ဆိုသည်။

“ တချို့က မိုက်ကြေးခွဲတဲ့ သဘောမျိုး ပြောတဲ့လူတွေကျတော့ သူတို့က အပြည့်ထုတ်ပေးတယ်။ ဒါပေမယ့် မပြောနိုင် မဆိုနိုင်တဲ့ လယ်သမားတွေကျတော့ ထုတ်မပေးဘူး။ သြဂုတ်လ ၂၈ ရက်နေ့က တစ်ကြိမ်၊ ဒီလ ၇ ရက်နေ့ တနင်္လာနေ့က တစ်ကြိမ်ထုတ်ပေးတယ်။ အများစုက အပြည့်မရဘဲ ဖြစ်နေကြတယ်” ဟု ဦးရည်လိုင်ထွန်းက ဆိုသည်။

၎င်းပြင် စိုက်ပျိုးရေးဘဏ်မှ ချေးငွေကို ၁၀ ဧကထက် အများတင် လျှောက်ထားလျှင်လည်း အားလုံးကို မန်နေဂျာက ပယ်ချကာ တစ်ပြား တစ်ချပ်မှ ငွေထုတ်ချေးခြင်း မရှိဟု သူက ဆိုသည်။

“ ကျွန်တော်တို့က လယ်သမားတွေကို ငွေအပြည့်အ၀ ထုတ်ချေးပေးဖို့ လိုလားပါတယ်။ အခုလို ငွေတွေကို အပြည့်ထုတ်ချေး မပေးတဲ့ ကိစ္စကို နိုင်ငံတော် အကြီးအကဲတွေကို သိစေလိုပါတယ်” ဟု သူက ဆက်လက် ပြောဆိုသည်။

နောက်ထပ် အသစ်လူများကို ထုတ်ချေးရန် ငွေကို ဖြတ်တောက်ခြင်း ဖြစ်ကြောင်း စိုက်ဘဏ်က အကြောင်းပြပြောဆိုသည်ဟု ဆိုသည်။

နိရဉ္စရာမှ တောင်ကုတ် စိုက်ဘဏ်သို့ ဆက်သွယ်သော်လည်း အဆက်အသွယ် မရရှိခဲ့ပါ။

( ကုလားတန် မြစ်ကမ်းဘေးမှ ရခိုင်လယ်သမားများဘ၀/ ဓာတ်ပုံ- Alamy)

____Narinjara
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။