ဒဂုံတက္ကသိုလ် အင်္ဂလိပ်စာဌာနမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများစုပေါင်း၍ ရခိုင်ရေဘေးသင့် ကျောင်းသားများအတွက် အလှူငွေများ လှူဒါန်း

ကောင်းမြတ်နိုင်(မောင်တော)
ရန်ကုန်၊စက်တင်ဘာ ၂၈



ဒဂုံတက္ကသိုလ် အင်္ဂလိပ်စာဌာနမှ ဆရာ၊ဆရာမများ နှင့်ကျောင်းသား ၊ကျောင်းသူများမှ စုပေါင်းပြီး ရခိုင်ပြည်နယ် ရေဘေးသင့် ဒေသများရှိ ဆင်းရဲနွမ်းပါး သည့် ကျောင်းသား၊ကျောင်းသူများအတွက် အလှူငွေများ၊ ကျောင်းသုံး ပစ္စည်းများ၊ အဝတ်အထည်များကို နိရဉ္စရာ သတင်းဌာနသို့ စက်တင်ဘာလ ၂၄ရက်နေ့ က လာရောက်လွဲပြောင်း လှူဒါန်း ပေးအပ်ခဲ့သည်။

"ဆင်းရဲနွမ်းပါးတဲ့ကျောင်းသား လေးတွေအတွက် တက်နိုင်သလောက် ကူညီလှူဒါန်းတာပါ။အင်္ဂလိပ်စာဌာနကဆိုပေမယ့် တခြားဌာနက ဆရာ၊ဆရာမ ၊ကျောင်းသူ ၊ကျောင်းသားတွေလည်း ပါပါတယ်"ဟု အလှူငွေများအား ဦးဆောင် ကောက်ခံ ခဲ့သည့် အင်္ဂလိပ်စာဌာနမှ ကထိက ဒေါ်ခင်မြတ်ဦးက နိရဉ္စရာသို့ ပြောသည်။
ရခိုင်ပြည်နယ်ရှိ ကျောင်းသား ကလေးသူငယ်များကို ကျောင်းသုံးပစ္စည်းများ ဝယ်ယူလှူဒါန်းနိုင်ရန်အတွက် အလှူငွေ မြန်မာကျပ်ငွေ ခုနှစ်သိန်း ရှစ်ထောင်(၇၀၈၀၀၀)၊အမေရိကန် ဒေါ်လာ တစ်ရာ့တစ်ဆယ်(၁၁၀)နှင့် အဝတ်အထည် စသည်တို့ ပါသည်။

" ယုံကြည့်စိတ်ချပြီး တကူးတက လာလှူတာကို ကျေးဇူးတင်ပါတယ်။ များမကြာမီ စုဆောင်းရရှိထားတဲ့ ပစ္စည်းတွေကို ရခိုင်ကို ပို့ဆောင်ဖို့ စီစဉ်နေပါတယ် " ဟု နိရဉ္စရာ သတင်းဌာနကိုယ်စား အလှူငွေများ လက်ခံခဲ့သည့် ပင်တိုင် ဆောင်းပါးရှင် မောင်ခိုင်မင်းက ဆိုသည်။

နိရဉ္စရာ သတင်းဌာန၏ FACEBOOK စာမျက်နှာဖြစ်သည့် Arakan Stateတွင် တင်ထားသည့် သတင်းကို တွေ့ရှိ ဖတ်မိ ရာမှ စိတ်ဝင် စား၍ နိရဉ္စရာသို့ ဆက်သွယ်လာရောက် လှူဒါန်းခြင်းဖြစ်ကြောင်း ဆရာမဒေါ် ခင်မြတ်ဦးက ဆိုသည်။

ရခိုင်ပြည်နယ်ရှိ ရေဘေး ကယ်ဆယ်ရေးများ အရေးတကြိံး လိုအပ်နေချိန် တွင်ရေဘေးသင့်ဒေသများသို့ နိရဉ္စရာ သတင်းဌာနမှ အယ်ဒီတာချုပ် ကိုယ်တိုင် သွားရောက် သတင်းများ ရယူ တင်ပြခဲ့သည်။

ယင်းခရီစဉ်တွင် ရခိုင်ပြည်နယ်ရှိ ကျောင်းများ၊စာသင်ခန်းများ စသည့် အပျက်အစီးများအား ဓာတ်ပုံရိုက်ယူ သတင်း တင်ခဲ့သည်။ ထိုသတင်းကို ဖတ်မိသည့် စိတ်ဝင်စားသူများက လာရောက်လှူဒါန်းကြကြောင်းလည်း သိရသည်။

ရခိုင်ပြည်နယ်ရှိ ရေဘေးသင့် ဒေသ နေရာ အများစုတွင်ဒေသခံလူငယ်များ ပညာသင်ကြားနိုင်ရန်အတွက် ကျောင်းဆောင်၊ ကျောင်းသုံး ပစ္စည်းများ၊ စာအုပ်စာတမ်းများ၊ သင်ထောက်ကူ ပစ္စည်းများ စသည့်တို့ များစွာ အကူအညီ လှူဒါန်း ကူညီမှုများ လိုအပ်လျက်ရှိကြောင်းလည်း သိရသည်။

အဆိုပါ ကျောင်းသုံးပစ္စည်း၊ အလှူငွေများ၊ အဝတ် အထည်များ ကို အောက်တိုဘာလဆန်းတွင် ရခိုင်ပြည်နယ်သို့ သွားရောက်လှူဒါန်း မည်ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ရှိ ကျောင်းများ၊ ကျောင်းသား၊ကျောင်းသူများအတွက် စာအုပ်၊ကျောင်းသုံးပစ္စည်းများကို နိရဉ္စရာ သတင်းဌာနမှ တဆင့် လှူဒါန်းလိုပါက (ကောင်းမြတ်နိုင်၊ 09253916446) သို့ ဆက်သွယ် နိုင်ကြောင်း သိရသည်။

___Narinjara News
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။