အင်းတော်မြို့တွင် သိန်း ၂,၀၀၀ ခန့် တန်ဖိုးရှိ့် မူးယစ်ဆေးဝါးများ ဖမ်းမိ

ကသာ - စစ်ကိုင်းတိုင်း ကသာ ခရိုင် အင်းတော်မြို့နယ်တွင် တပ် မတော်က လမ်းလုံခြုံရေးဆောင် ရွက်နေသည့် မန္တလေး-မြစ်ကြီး နား ရထားလမ်းပိုင်း တစ်နေရာ ၌ ကျပ်သိန်း ၂,၀၀၀ တန်ဖိုးရှိဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေး ပြားအပါအ၀င် မူးယစ်ဆေးဝါးများကို စက်တင်ဘာ ၅ ရက် နံနက်က ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ ရက်က ခလရ(၂၇) မှ ဗိုလ်ကြီး ဝေလင်းမောင်နှင့်အဖွဲ့ မီးရထားလမ်း လုံခြုံရေး ဆောင်ရွက်နေစဉ် မန္တလေး-မြစ်ကြီးနား ရထားလမ်း မိုင်တိုင်အမှတ် (၅၉၇/၁၃)နှင့် (၅၉၇/၁၄) အကြား မီးရထားလမ်းအရှေ့ တောလမ်း၌ အမည်မသိ အမျိုးသားလေးဦး အ၀ါရောင်ပလတ်စတစ်ပုံး ငါးပုံး သယ်ဆောင်လာသည်ကို တွေ့ရှိရသဖြင့် စစ်ဆေးခဲ့သည်။
ထိုစဉ် အဆိုပါ အမျိုးသား လေးဦးသည်ပုံးများကို ပစ်ချထွက်ပြေးသွား၍ ပလတ်စတစ် ပုံးများကို စစ်ဆေးရာ ဆပ်ပြာခွက် ၁၇၄  ခွက်အတွင်းမှ ဘိန်းဖြူဟုယူဆရသော အဖြူရောင်အမှုန့် စုစုပေါင်း အလေးချိန် ၁၆၁၃ ဂရမ် နှင့် ပလတ်စတစ်အိတ်ဖြင့် ထည့် ထားသော အနီရောင် စိတ်ကြွ ဆေးပြား စုစုပေါင်း ၆၉၅၀ ပြား၊ စီဒီအမ်အေ ဖုန်းဆင်းကတ်ပါ အ နက်ရောင် ဖုန်းတစ်လုံးတို့ကို ဖမ်း ဆီးရမိခဲ့သည်။
ယင်းအမှုနှင့် ပတ်သက်၍ ထွက်ပြေးတိမ်းရှောင်သူ အမည် မသိလူလေးဦးကို မူးယစ်ဆေးဝါး နှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာပုဒ်မ ၁၉(က) /၂၁ အရ အမှုဖွင့်ကာ ဖမ်းဆီးနိုင်ရန် ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။
http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။