စစ်အတွင်း ကွဲကွာသွားသည့် မိသားစုများ ပြန်လည် ဆုံတွေ့နိုင်ရေး ကိုရီးယားနှစ်နိုင်ငံ ဆွေးနွေး


စစ်အတွင်းက ကွဲကွာသွားသည့် မိသားစုများ ပြန်လည် ဆုံတွေ့ခွင့်ပေးရေး အစီအစဉ်အတွက် တောင်နှင့်မြောက် ကိုရီးယား နှစ်နိုင်ငံတို့ အလေးအနက် ဆွေးနွေးလျက်ရှိကြောင်း သိရသည်။

၁၉၅၀ မှ ၁၉၅၃ ထိဖြစ်ပွားခဲ့သော ကိုရီးယား ကျွန်းဆွယ်စစ်ပွဲတွင် မိသားစု၊ ဆွေမျိုးများ ကွဲကွာသွားခဲ့ကြပြီး ယင်းတို့ကို ပြန်လည် တွေ့ဆုံခွင့်ပေးသည့် အစီအစဉ်မျိုးကို ယခင်ကလည်း နှစ်နိုင်ငံ ညှိနှိုင်း အကောင်အထည် ဖော်ပေးခဲ့ဖူးသည်။ သို့သော်လည်း နောက်ပိုင်းနှစ်များတွင်မူ အဆိုပါ အစီအစဉ်မျိုး ဖြစ်မြောက်မှု ရှားပါးလာခဲ့သည်။
လတ်တလောတွင် နှစ်နိုင်ငံမှ ကြက်ခြေနီ အဖွဲ့အစည်းများ ဦးဆောင်ကာ နယ်စပ်ရှိ ပန်မွန်ဂျောင်မ် ကျေးရွာတွင် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သိရသည်။ 
ကိုရီးယား ကျွန်းဆွယ်စစ်ပွဲတွင် စစ်ဘေးရှောင်ရင်း ကွဲကွာသွားသည့် မိသားစု ထောင်ပေါင်းများစွာ ရှိခဲ့ပြီး ယခင်တွေ့ဆုံရန် အစီအစဉ်များ ဆွေးနွေးရာ၌ မြောက်ကိုရီးယားဘက်မှ ပြန်လည် ဖျက်သိမ်းသွားမှုအချို့ ရှိခဲ့ဖူးသည်။ နှစ်နိုင်ငံ မိသားစုများ ပြန်လည် ဆုံတွေ့ပေးမှုကို ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလက နောက်ဆုံးအကြိမ် ပြုလုပ်နိုင်ခဲ့သည်။
ယင်းအစီအစဉ်မျိုး အကောင်အထည်ဖော်ရန် စီစဉ်တိုင်း တောင်ကိုရီးယားတွင် ပါဝင်လိုသူ မိသားစု သောင်းဂဏန်းမျှ လျှောက်လွှာတင်လေ့ရှိသော်လည်း အရေအတွက် အနည်းငယ်ကိုသာ စိစစ် ခွင့်ပြုလေ့ရှိသည်။ နောက်ဆုံးတစ်ကြိမ် ကျင်းပသည့် တွေ့ဆုံမှု အခမ်းအနားသည်စိတ်လှုပ်ရှား ဝမ်းနည်းမှုများဖြင့် ဖုံးလွှမ်းနေခဲ့ပြီး တစ်နိုင်ငံမှ မိသားစု ၁၀၀ စီ တက်ရောက်ခွင့် ရခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ကိုရီးယား နှစ်နိုင်ငံ နယ်နိမိတ်တွင် လက်နက်ကြီးဖြင့် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားပြီးနောက် တင်းမာမှုများ ရှိခဲ့သော်လည်း ယင်းအတွက် ဖြေရှင်း ဆွေးနွေးပြီးချိန်တွင် နှစ်ဖက် ကိုယ်စားလှယ်များက စစ်ဘေးရှောင်ရင်း ကွဲကွာခဲ့သည့် မိသားစုများ ပြန်လည် တွေ့ဆုံရေး အကောင်အထည်ဖော်ရန် တစ်ပါတည်း ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။ 
တောင်နှင့်မြောက် ကိုရီးယား နှစ်နိုင်ငံသည် အပစ်အခတ် ရပ်စဲရုံသာရှိပြီး ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုမထားခြင်းကြောင့် လက်ရှိအချိန်ထိ နှစ်နိုင်ငံ စစ်ဖြစ်နေဆဲဟု ယူဆနိုင်သော အခြေအနေတွင် ရှိနေကြောင်းလည်း သိရသည်။
http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။