မြစ်ကြီးနား လေတပ်တွင် ဗုံး (၂)လုံး ပေါက်ကွဲ

လုံခြံရေး တင်းကျပ်ထားသော မြစ်ကြီးနား

မြစ်ကြီးနား တပ်မတော်လေတပ်တွင် ယနေ့ည မြန်မာစံတော်ချိန် ၈နာရီမှာ ဗုံး (၂)လုံး ဆက်တိုက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

လေတပ်ခြံဝန်းအတွင်း ဗုံးပေါက်ကွဲသော နေရာသည် မန္တလေး-မြစ်ကြီးနားလမ်း မြစ်ကြီးနားမြို့အ၀င် မုဒ်ဝ ပတ်ဝန်းကျင်မှာဖြစ်တယ်လို့ ဒေသခံတဦး ကချင်သတင်းဌာန KNG ကို ယခုလို ပြောပါတယ်။

“ည ၈နာရီ ၅မိနစ်မှာ မြစ်ကြီးနား လေတပ်မှာ ဗုံး(၂)ကြိမ် ပေါက်ကွဲတယ်။ Welcome to Myitkyina နေရာ ပတ်ဝန်းကျင်မှာပါ။”

မည်သူ့ လက်ချက်ဖြစ်ကြောင်း မသိရသေးပါ။

၂၀၁၁ ခုနှစ် မြန်မာအစိုးရနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကြား တိုက်ပွဲပြန်လည်ဖြစ်လာပြီး (၃)နှစ်ကျော် မြစ်ကြီးနားမြို့မှာ ဗုံးပေါက်ကွဲမှု ရပ်တန့်နေရာမှ ယခု ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ယမန်နေ့မှ ပြန်လည်ပြီး အစိုးရတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား ကချင်ပြည်နယ်တောင်ပိုင်း မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်လာစဉ် ယခုလို မြစ်ကြီးနား တပ်မတော်လေတပ်တွင် ဗုံးပေါက်ကွဲလာခြင်းဖြစ်သည်။

http://kachin.kachinnews.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။