ပန်းမြောင်းကျေးရွာတွင် မြစ်ကမ်းပါးပြို၍ နေအိမ်နှင့် ဆိုင်ခန်း ၃ဝ ကျော်ပျက်စီး

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ စက်တင်ဘာ ၂၂

 ( စက်တင်ဘာလ ၂၂ ရက်နေ့က ပန်းမြောင်း ကမ်းပါးပြိုနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံများအား ၀ံလက် ဖောင်ဒေးရှင်းမှ ကူညီ ပေးပို့သည်။)

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် လေးမြို့မြစ်ကမ်းတွင်တည်ရှိသော ပန်းမြောင်းကျေးရွာ၌ ယခုရက်ပိုင်း အတွင်း မြစ်ကမ်းပါး ပြို၍ နေအိမ်နှင့်ဆိုင်ခန်း ၃ဝ ကျော် ပြိုကျ ပျက်စီး သွားကြောင်းဒေသခံများက ပြောသည်။

“ဆိုင်တွေက အိမ်နဲ့တွဲပြီးဆောက်ထားတာလေ။ အဲလိုပြိုသွားလို့ ကျမတို့ အခု အောင်မင်္ဂလာဘုန်းကြီးကျောင်းမှာ ကပ်နေရတယ်” ဟု နေအိမ်ပြိုပျက်သွားသည့် ပန်းမြောင်းကျေးရွာဒေသခံ ဒေါ်မသိန်းလှက နိရဉ္စရာသို့ပြောသည်။
ပြိုပျက်စီးသွားသည့်ဆိုင်ခန်းများတွင် လက်ဘက်ရည်ဆိုင်၊ အဝတ်အထည်ဆိုင်၊ ကုန်စုံဆိုင်များပါဝင်သည်ဟုဆိုသည်။

အဆိုပါမြစ်ကမ်းပါးပြိုကျမှုမှာ စက်တင်ဘာလ ၂ဝ ရက်နေ့နှင့် ၂၂ ရက်နေ့တို့ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာ ၂ဝ ရက်နေ့က ၁ဝ အိမ်ကျော်နှင့် ယနေ့တွင် ၂ဝ ခန့်ပြိုပျက်စီး သွားကြောင်း ဒေသခံများက ပြောသည်။

“ဒီကနေ့တော့ ရဲက အပျက်အစီးစာရင်းကိုလာစစ်တယ်။ နောက်ပြီး အထက်ကိုတင်ပြပေးမယ်လို့ပဲပြောသွားတယ်”ဟု အဆိုပါကျေးရွာမှ အထည်ဆိုင်ပိုင်ရှင်တစ်ဦးက ဆက်ပြောသည်။

လက်ရှိတွင် နစ်နာသွားသည့်ဒေသခံများမှာ နေစရာအခက်အခဲဖြစ်နေပြီး ကမ်းပါးရှိ ဆိုင်ခန်းများနှင့်နေအိမ်များမှာလည်း ဆက်လက်ပြိုကျနိုင်ဖွယ် ရှိနေသေးသည်ဟု ဒေသခံများက ဆိုကြသည်။

လေးမြို့မြစ်ကမ်းပါး ပြိုကျမှုကြောင့် ပန်းမြောင်းရွာ အပါအ၀င် ကျေးရွာ အများအပြား ထိခိုက်မှုရှိနေပြီး လေးမြို့မြစ် ကမ်းပါးပြိုမှုကို သက်ဆိုင်ရာမှ စနစ်တကျ မထိန်းသိမ်းပါက ၎င်းဒေသရှိ လူများ ဒေသစွန့်ခွာမှုများ ပိုမို ရှိလာနိုင်သလို လူနေမှု ပုံစံများ ပြောင်းလဲ သွားနိုင်ကြောင်း လေ့လာသုံးသပ်သူများက ပြောဆိုသည်။

____Narinjara News
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။