မိုင်းပွန်မြို့နယ် တိုက်ပွဲများကြောင့် ဒေသခံ ၂ ဦးသေ၊ ၄ ဦး ဒဏ်ရာရ

လက်နက်ကြီးကျည် ကျရောက်ရာပြ မြေပုံ (ပုံ - ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်)

ရှမ်းပြည်နယ် တောင်းပိုင်း၊ လင်းခေးခရိုင် မိုင်းပွန်မြို့နယ်တွင် အစိုးရ တပ်မတော်နှင့် ရှမ်းပြည်နယ် ပြည်လည် ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော်( RCSS/SSA) တို့ တိုက်ပွဲများဖြစ်ပွားခဲ့ရာ ဒေသခံ ၂ ဦး သေဆုံးပြီး ၄ ဦးဒဏ်ရာရကြောင်း ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

မိုင်းပွန်မြို့နယ် နောင်ပါတက်ကျေးရွာတွင် ယခုလ ၁၂ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၁ ဦး ကျည်ထိမှန် သေဆုံးခဲ့ကြောင်း၊ အမျိုးသား ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်မှ စိုင်းခွန်မိုင်က ဧရာဝတီိသို့ ပြောသည်။

“အမျိုးသမီး ၁ ဦးကတော့ သေနတ်ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးသွားတယ်။ အမျိုးသား ၁ ဦးကတော့ ဗိုက်ကို ကျည်ထိမှန်တယ်။ ဆေးရုံပို့လိုက်တယ်။ ၁၉ ရက်နေ့ ဆုံးသွားပါတယ်။ ပြီးတော့ အမျိုးသား ၁ ဦးလည်း ခြေထောက် ဖြတ်လိုက်ရတယ်။ ကျန်တာကတော့ ဝမ်းဗိုက်နဲ့ ခြေထောက် ထိမှန်ပါတယ်” ဟု စိုင်းခွန်မိုင်က ဆိုသည်။

ရွာသားများအား လက်နက်ကြီးဖြင့် ပစ်ခတ်သည့် တာဝန်ရှိသူကို အမြန်ဆုံး စုံစမ်းစစ်ဆေးပေးရန်၊ စစ်တပ်များ ရွာထဲမှ အမြန် ထွက်ခွာပေးရန်လည်း ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်က ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

လက်ရှိတွင် လွိုင်လင်ခရိုင် မိုင်းပွန်မြို့နယ်အတွင်းတွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာသည့်အတွက် ဒေသခံများ ရွာထဲတွင် မနေရဲကြကြောင်း၊ တချို့ဒေသခံများသည် မိုင်းပွန်မြို့ထဲသို့ လာရောက် ခိုလှုံနေကြကြောင်း၊ စစ်ကြောင်းများ တိုးချဲ့နေသည့်အတွက် ရွာသားများ လယ်ယာလုပ်ငန်းသို့ မသွားဝံ့ကြကြောင်း မိုင်းပွန်မြို့နယ် ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးစိုင်းသိန်းအောင်က ဧရာဝတီသို့ ပြောသည်။

“ရွာသားတွေ ၂ ဦးသေ၊ ၄ ဦး ဒဏ်ရာရကြတယ်။ ပြီးတော့ စစ်တပ်က ရွာသားတွေရဲ့ ပစ္စည်းတွေ ယူသွားတာတွေ၊ ပိုက်ဆံယူ သွားတာတွေလည်း ရှိတယ်။ တချို့ရွာဆိုရင် ရွာထဲမှာတောင် မနေရဲကြဘူး။ ခြံထဲသွားရင် စစ်ကြောင်း ထိတွေ့မှုတွေ ရှိမှာစိုးလို့ ခြံလည်း မသွားရဲကြတော့ဘူး” ဟု ဦးစိုင်းသိန်းအောင်က ဆိုသည်။

နောင်ပါကျေးရွာတွင် တိုက်ပွဲများကြောင့် ဒေသခံများ ကြောက်နေကြသည့်အတွက် ပါတီများက မဲဆွယ်စည်းလုံးရေး ခက်ခဲနေကြောင်း၊ စစ်ကြောင်းများ တိုးချဲ့နေရချသည့် အတွက်လည်း စည်းရုံးရေး မသွားနိုင်ကြောင်း သိရသည်။

စက်တင်ဘာ ၁၂ ရက်နေ့တွင် RCSS/SSA နှင့် မြန်မာအစိုးရတပ်သည် မိုင်းပွန်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယခု ရက်ပိုင်းတွင်လည်း နယ်မြေထိတွေ့မှုကြောင့် တိုက်ပွဲငယ်များ ဆက်တိုက် ဖြစ်ပွားနေသေးကြောင်း RCSS/SSA တောင်ကြီး ဆက်ဆံရေး တာဝန်ခံ ဗိုလ်မှူး စိုင်းဦးက ဧရာဝတီသို့ ပြောသည်။

ထိုနည်းတူ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့နယ် ကောင်းဝှက် ကျေးရွာတွင်းသို့ ယခုလ ၂၂ ရက်နေ့က လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲသဖြင့် အမျိုးသမီး ၁ ဦး ဒဏ်ရာရရှိခဲ့ပြီး အိမ်ခြေတချို့ပျက်စီးခဲ့သည်။

ထိုဒေသတွင် လွိုင်လင် အခြေစိုက် ခလရ ၁၂၊ ကလော အခြေစိုက် ခလရ ၄၂၂ နှင့် မိုင်းပွန် အခြေစိုက် ခလရ ၅၁၇ တို့ လှုပ်ရှားနေကြောင်း သိရသည်။

http://burma.irrawaddy.org/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။