မြန်မာ့ဘောလုံးအဆင့် အတန်းတိုးတက်လာစေရန် ယခုလက်ရှိ တာဝန်ထမ်းဆောင်နေ သည့် အစိုးရအဖွဲ့သာမက ရွေးကောက်ပွဲအပြီးတွင် တက်လာ မည့် အစိုးရအသစ်အဖွဲ့ကိုပါ လက်ရှိဘောလုံးကွင်းများ ပြုပြင် ထိန်းသိမ်းရန်နှင့် ဘောလုံးကွင်းအသစ်များ ပေါ်ထွက်လာစေရန်မရမချင်း တောင်းဆိုမည်ဖြစ် ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောကြားသည်။
‘‘အခု လက်ရှိအစိုးရနဲ့ နောက်တက်လာမယ့် အစိုးရသစ် တို့ကို မြန်မာ့ဘောလုံးအဆင့်အ တန်း တိုးတက်လာစေဖို့အတွက် ကွင်းပြုပြင်မှုတွေ၊ ကွင်းအသစ် တည်ဆောက်ပေးဖို့တွေ မရမချင်းတင်ပြတောင်းဆိုသွားမယ်။ မြန် မာတစ်မျိုးသားလုံးချစ်မြတ်နိုးတဲ့ ဘောလုံးအားကစားကို ကူညီ ထောက်ပံ့ပေးမယ့် ပါတီကိုပဲ ရွေး ကောက်ပွဲမှာ မဲပေးသွားမယ်။ ဘောလုံးလောက တိုးတက်ဖို့ဆိုရင် နိုင်ငံတော်အနေနဲ့လည်း ထောက်ပံ့ပေးသင့်တယ်’’ဟု စက် တင်ဘာ ၂၆ ရက်က ရန်ကုန်မြို့ နိုဗိုတယ်မက်စ်ဟိုတယ်တွင် ကျင်းပပြုလုပ်သည့် ပထမအကြိမ် ဘောလုံးအဖွဲ့ချုပ် ညီလာခံ၌ ဦးဇော်ဇော်က ပြောကြားသည်။
မြန်မာနိုင်ငံတွင် ဘောလုံး အားကစားနည်းသည် လူကြိုက် များသည့် ကစားနည်းတစ်ခုဖြစ် သော်လည်း ဘောလုံးကွင်းများ ရှားပါးမှု၊ လက်ရှိ ရှိနေသည့် ကွင်းများ ပျက်စီးနေမှုတို့ကို နိုင်ငံတော် ဘတ်ဂျက်ဖြင့် ပြင်ဆင်ပေးသင့် ကြောင်း၊ လူငယ်များအားကစား တွင် စိတ်ပါဝင်စားလာပြီး အခြေခံကျောင်းများနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးတို့တွင် လူငယ်ပြိုင်ပွဲ များ ကျင်းပပေးမှသာ ဘောလုံး အဆင့်အတန်း တိုးတက်လာမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
လက်ရှိအချိန်တွင် နိုင်ငံ တော်အစိုးရက ဘောလုံးအဖွဲ့ ချုပ်ကို ထောက်ပံ့ပေးမှုသည် မရှိသလောက်ဖြစ်ပြီး ဘောလုံးအဖွဲ့ချုပ်အနေဖြင့် သက်တမ်းအလိုက် လက်ရွေးစင်အသင်းများ၏ ဂျာစီ၊ဖိနပ်၊ ပြည်ပခရီးစဉ်များ သွား ရောက်ရန် လေယာဉ်လက်မှတ်မှ အစ ထောက်ပံ့ပေးနေရကာ ကွင်းပြင်ဆင်မှုအတွက်လည်း အဖွဲ့ချုပ်က အကုန်အကျခံနေရခြင်း ကြောင့် ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ရွေးကောက်ပွဲ၌ ၀င်ရောက်ရွေးချယ်ခံမည့်သူမရှိခြင်းဖြစ်ကြောင်း ဦးဇော်ဇော်ကပြောသည်။
‘‘ကျွန်တော်မှ ဥက္ကဋ္ဌမလုပ် ရင် မဖြစ်ဘူးဆိုတာ မဟုတ်ဘူး။ ကျွန်တော့်ထက် ပိုတော်တဲ့ လူ ငယ်တွေ အများကြီးရှိပါတယ်။ အစိုးရက ထောက်ပံ့ပေးမှုမရှိတဲ့ အနေအထားမှာ ကုန်ကျစရိတ် အကုန်လုံးကို ကျွန်တော်ပဲ စိုက် ထုတ်သုံးစွဲနေတာကြောင့် ဥက္ကဋ္ဌ နေရာကို ဘယ်သူမှ ရွေးကောက်ခံခြင်းမရှိတော့ဘူး။ ကျွန်တော် လည်း ဒီနေရာကို အမြဲတမ်း မယူထားပါဘူး။ ဒါကြောင့် အခုလို အမှုဆောင်တွေ ရွေးချယ်ပြီး နောက်လာမယ့် သက်တမ်းအတွက် သေချာပြင်ဆင်သွားမှာပါ’’ဟု ဦးဇော်ဇော်ကပြောသည်။
http://www.7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။