စစ်တွေ၊ စက်တင်ဘာ ၁၀

ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် မောင်တာမြို့မြောက်ပိုင်း၊ တောင်ပြိုမြို့နယ်ခွဲ၊ နံသာတောင်ပရဟိတကျောင်းတွင် (၇၆) နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ကို ကျင်းပခဲ့သည်ဟု သိရသည်။
ဦးဥတ္တမနေ့ အခမ်းအနားကို အခက်အခဲအမျိုးမျိုး ရင်ဆိုင်နေရသော နယ်စပ်နေ အနာဂတ်လူငယ်များ အမျိုးသားရေး စိတ်ဓါတ် ရှင်သန် နိုးကြားလာစေရန်နှင့် အမျိုးဂုဏ် ဇာတိဂုဏ် မြင့်မားလာစေရန် ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်သည်ဟု နံသာတောင်ဆရာတော် ဦးစာရဏက နိရဉ္စရာသို့ ပြောသည်။
ခမ်းအနားတွင် အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲများကို ထည့်သွင်း ကျင်းပ ပြုလုပ်ခဲ့သည်။
နံသာတောင်ကျောင်းမှ ဆရာဆရာမများက ဆရာတော်ဦးဥတ္တမအကြောင်းကို ဟောပြောခဲ့ကြသည်ဟု သိရသည်။
အခမ်းအနားသို့ နယ်စပ်ဒေသလုံခြုံရေး အာဏာပိုင်များလည်း တက်ရောက်ခဲ့သည်ဟု သိရှိရသည်။
____Narinjara

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။