တိုင်းရင်းသား မဟာမိတ် ၃ ဖွဲ့ ပိုမို ပူးပေါင်းသွားမယ်လို့ ဆို


ရခိုင့်တပ်မတော် AA ၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် ခေါ် ကိုးကန့်တပ်မတော် MNDAA နဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF-TNLA တို့ပါဝင်တဲ့ မဟာမိတ် ထိပ်သီးအစည်းအဝေးကို စက်တင်ဘာ ၉ ရက်ကနေ ၁၀ ရက်ထိ နှစ်ရက်ကြာ ကျင်းပခဲ့ရာမှာ တနိုင်ငံလုံး အပစ်ရပ်ရေး စာချုပ်ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အားလုံးပါဝင်ပြီး တပြိုင်နက်ထဲ လက်မှတ်ရေးထိုးဖို့ ဆိုတဲ့ လိုင်ဇာ၊ လော်ခီးလာ အစည်းအဝေးတွေမှာ ချမှတ်ခဲ့တဲ့ မူအတိုင်း အခိုင်အမာ ရပ်တည်သွားမှာဖြစ်ကြောင်း ဆုံးဖြတ်ချက် ချခဲ့ကြပါတယ်။

အပစ်ရပ်ရေးအတွက် မဟာမိတ် ၃ ဖွဲ့ပေါင်းပြီး ကမ်းလှမ်းခဲ့ပေမယ့် အစိုးရဘက်က အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေတာကို ရှုတ်ချတယ်လို့လည်း အစည်းအဝေး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မဟာမိတ် ၃ ဖွဲ့အနေနဲ့ နိုင်ငံရေး စစ်ရေးတွေမှာ ပိုမို ပူးပေါင်းဆောင်ရွက်သွားမယ် လို့လည်း ဆိုပါတယ်။

____BBC Burmese

Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။