အင်ဒိုနီးရှားနိုင်ငံ ဆင်နာဘန်း မီးတောင် ပေါက်ကွဲ

အင်ဒိုနီးရှားနိုင်ငံမှ ဆင်နာဘန်း မီးတောင်ဟာ စက်တင်ဘာ ၁၅ ရက်နေ့မှာ ပေါက်ကွဲခဲ့ပြီး မီးတောင်ချော်တွေဟာ လေထုထဲကို ၃ ကီလိုမီတာထိ လွင့်စင်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
အင်ဒိုနီးရှားဒေသတွင်း ရုပ်မြင်သံကြားဌာန မက်ထရိုတီဗွီမှာတော့ အနီးအနားက ဒေသတွေကို မီးတောင်ချော်တွေ ဖုံးလွှမ်းသွားခဲ့တာကို ထုတ်လွှင့်ခဲ့ပါတယ်။
မီးတောင်ပေါက်ကွဲမှု အခြေအနေဟာ အန္တရာယ်ရှိတဲ့အဆင့်မှာ ရှိနေဆဲဖြစ်တယ်လို့ အင်ဒိုနီးရှားနိုင်ငံ အမျိုးသား သဘာဝဘေးအန္တရာယ် လျော့ပါးရေး အေဂျင်စီမှ ပြောရေးဆိုခွင့်ရှိသူ ဆူတိုပိုပါဝူနူဂရိုဟိုက ပြောပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ဇွန်လတည်းက ခုချိန်ထိ အကြီးမားဆုံး ပေါက်ကွဲမှုဖြစ်တယ်လို့ အင်ဒိုနီးရှားနိုင်ငံ အမျိုးသား သဘာဝဘေးအန္တရာယ် လျော့ပါးရေး အေဂျင်စီက ထုတ်ပြန်ခဲ့ပါတယ်။
ဇွန်လတုန်းကဖြစ်ခဲ့တဲ့ မီးတောင်ပေါက်ကွဲမှုမှာ လူပေါင်း ၂၅၀၀ ကျော်ကို ဘေးကင်းတဲ့ နေရာတွေကို ရွှေပြောင်းပေးခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ဆင်နာဘန်းမီးတောင်ဟာ ရာစုနှစ်ပေါင်းများစွာ မီးတောင်မြုံတလုံးအဖြစ် ငြိမ်သက်နေခဲ့ပြီး ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းမှာ ပြန်လည်လှုပ်ရှားလာခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလတုန်းက ပေါက်ကွဲမှုမှာတော့ အနည်းဆုံး လူ ၁၁ ဦး သေဆုံးခဲ့တယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။
ဆင်နာဘန်းမီးတောင်ဟာ ပစိဖိတ်သမုဒ္ဒရာကမ်းခြေက မီးတောင်တွေ ပတ်ပတ်လည် ၀န်းရံထားတဲ့ ကမ္ဘာ့လူဦးရေ အထူထပ်ဆုံးနိုင်ငံ တနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ ပေါက်ကွဲဖို့ အလားအလာရှိတဲ့ မီးတောင်အလုံးပေါင်း ၁၃၀ ထဲက တခုအပါအ၀င် ဖြစ်ပါတယ်။
http://burmese.dvb.no/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။