ရည်းစားက သားမယား ပြုကျင့်လို့အမှုဖွင့်


      နွားထိုးကြီး မြို့နယ်တွင် ရည်းစားဖြစ်သူက ချစ်ကြိုက်ကြောင်း ပြောဆိုကာ သားမယားအဖြစ် ပြုကျင့်ခဲ့၍ အမှုဖွင့် တိုင်ကြားထားကြောင်း တိုင်းရဲရုံးထံမှ သိရသည်။

      ယခုလ(၈)ရက်နေ့တွင် နွားထိုးကြီးမြို့နယ် ........ကျေးရွာ နေ မ........(၁၂)အား ၎င်းမိခင်မှ အိမ်နီးချင်းဖြစ်သူ မောင်......(၂၀) နှစ်နှင့် ရည်းစား ဖြစ်နေကြောင်း သိရှိ၍ မေးမြန်းရာ လွန်ခဲ့သော နှစ်လခန့်က မ.......(၁၂)နှစ်သည် ညပိုင်းအချိန်တွင် နေအိမ် အနောက်တောင်ဘက်ရှိ ချုံအတွင်း အပေါ့သွားစဉ် မောင်......(၂၀) နှစ် ရောက်ရှိလာပြီး ချစ်ကြိုက်ကြောင်း ပြောဆိုကာ သားမယားအဖြစ် ပြုကျင့်ခဲ့သည်။ ထိုသို့ ပြုကျင့်ပြီး နောက်ထပ် ငါးရက်အကြာတွင် တောထဲ၌ တစ်ဦးတည်း နွားကျောင်းနေစဉ် မောင်.......(၂၀)နှစ် ရောက်ရှိလာပြီး သားမယားအဖြစ် ထပ်မံပြုကျင့်ခဲ့ကြောင်း သိရှိခဲ့သည်။

      ၎င်းဖြစ်စဉ်နှင့် ပတ်သက်၍ မ......(၁၂) နှစ်၏ မိခင်က အိမ်နီးချင်းများနှင့် တိုင်ပင်ကာ ၎င်းတို့နှစ်ဦးအား တရားဝင် လင်မယား အဖြစ် ပေါင်းသင်းနိုင်ရေး ကျေးရွာအုပ်ချုပ်ရေးမှူး ရုံးတွင် နှစ်ဖက်မိဘများ ဆွေးနွေး ညှိနှိုင်းသော်လည်း ပြေလည်မှု မရရှိခဲ့ကြောင်း မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

      အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မောင်....(၂၀)နှစ်အား ယခုလ (၁၃)ရက် နေ့တွင် မြို့မစခန်း(နွားထိုးကြီး)မှ (ပ) ၁၂၅/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၇၆ အရ အမှုဖွင့် ဖမ်းဆီး စစ်ဆေးလျက်ရှိသည်။

The Messenger Media
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။