အစ္စရေးလုပ် မြန်နှုန်းမြင့် ကြားဖြတ်တိုက်ခိုက်ရေး ရေယာဉ်ကို တပ်ချုပ် စီးနင်းလေ့လာ

မြန်နှုန်းမြင့်ကြားဖြတ်တိုက်ခိုက်ရေးရေယာဉ်ကို ကြည့်ရှုနေစဉ် (Myanmar NAVY FB)
နှစ်ပေါင်း ၆၀ အတွင်း အစ္စရေးနိုင်ငံသို့ တပ်မတော်အ ကြီးအကဲတစ်ဦး၏ ပထမဆုံးခရီးစဉ်အဖြစ် ရောက်ရှိနေသော တပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာ့တပ်မတော် (ရေ)အတွက် မှာယူထားသည့် မြန်နှုန်းမြင့်ကင်း လှည့်ကြားဖြတ်တိုက်ခိုက်ရေးရေ ယာဉ် Super Dvora Mark III ကို Ashdod ရေတပ်စခန်းဌာနချုပ် (Ashdod Naval Base) တွင် စက်တင်ဘာ ၈ ရက်က လိုက်ပါစီးနင်း ခဲ့ကြောင်း ၎င်း၏ လူမှုကွန်ရက်စာ မျက်နှာ၌ ဖော်ပြထားသည်။
ဖော်ပြပါ Super Dvora Mark III သည် အစ္စရေးနိုင်ငံပိုင် Israel Aerospace Industries (IAI) ၏ RAMATA စက်ရုံလုပ်ငန်း စုကြီးက ထုတ်လုပ်သော ထင်ရှား ကျော်ကြားသည့် အမြန်တိုက်ခိုက်ရေးရေယာဉ် (FPB/FAC) များအုပ်စုတွင် ခေတ်မီနောက်ဆုံးမျိုးဆက်သစ် ရေယာဉ်ဖြစ်ကြောင်း မြန်မာနေဗီ လူမှုကွန်ရက် စာမျက်နှာ၌ ဖော်ပြထားသည်။
ရေပြင်ပစ်မှတ်များကို ရေ မိုင် ၅၀ (၉၃ ကီလို/၅၈ မိုင်)အထိ မြန်နှုန်းမြင့်မောင်းနှင်ချဉ်းကပ် ၍ ကြားဖြတ်ဟန့်တားတိုက်ခိုက် နိုင်ခြင်း၊ ဆီရေရိက္ခာဖြည့်တင်းရန် မလိုဘဲ Endurance စံအားဖြင့် လေးရက်ကြာ ခရီးဝေးတာဝန်ထမ်းဆောင်နိုင်ပြီး ပင်လယ်ပြင်တွင်ဖြည့်တင်းခြင်း Replenishment at Sea ဆောင်ရွက်နိုင်ခြင်း၊ ပင်လယ်ပြင်နှင့် ကမ်းရိုးတန်းရေပြင်နှစ်မျိုးစလုံးတွင် စစ်ကစားလှုပ်ရှားမောင်းနှင်နိုင်ခြင်း၊ ပင်လယ်ပြင်အခြေအနေအမျိုးမျိုး (Sea States) နှင့် ရာသီဥတုအမျိုးမျိုးတွင် ရေယာဉ်ကို ဟန်ချက်တည်ငြိမ်စွာ မောင်းနှင်နိုင်သည့်အပြင် တပ်ဆင်ထားသော အာရုံခံစနစ်များနှင့် လက်နက် စနစ်များကို တိကျမှန်ကန်အောင် ထိန်းညှိပေးနိုင်ခြင်း စသည်တို့သည် Super Dvora Mark III ၏ အဓိကထင်ရှားကျော်ကြားသည့် Performance စွမ်းရည်များဖြစ်ကြောင်း အဆိုပါစာမျက်နှာ၌ ဖော်ပြထားသည်။
အသုံးပြုမည့်လိုအပ်ချက်အ ပေါ် မူတည်၍ ၃၀ မီလီမီတာစက် အမြောက်အထိ တပ်ဆင်နိုင်ပြီး တန်ချိန်အားဖြင့် ၅၈ တန်မှ ၇၂ တန်အထိ ရှိကြောင်း၊ IAI ၏ RAMATA Division သည် ၂၀၀၄ မှ ယနေ့အချိန်အထိ အဆိုပါရေ ယာဉ်အမျိုးအစား ၁၆ စီးထုတ် လုပ်ခဲ့ပြီး အစ္စရေးရေတပ်တွင် ၁၀ စီး၊ သီရိလင်္ကာ ရေတပ်တွင် ခြောက်စီးအသုံးပြုလျက်ရှိ ကြောင်း အဆိုပါစာမျက်နှာ၌ ဖော်ပြထားသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်နှင့် အဖွဲ့သည် တဲလ်အဗစ်မြို့ရှိ ကာကွယ်ရေးဝန်ကြီးဌာန၌ စက်တင်ဘာ ၈ ရက်တွင် အစ္စရေးတပ်မတော် ကာကွယ်ရေးဦးစီးချုပ် Gadi Eitenkot နှင့် တွေ့ဆုံပြီး နှစ်နိုင်ငံဒေသတွင်း အခြေအနေ၊ တပ်မတော်နှစ်ရပ်ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ၊ တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့များ အပြန်အလှန်စေလွှတ်ရေးနှင့် တပ်မတော်နှစ်ရပ်သင်တန်းသားများ အပြန်အလှန်စေလွှတ်ရေး ကိစ္စရပ်များဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်ဦးဆောင်သော မြန်မာ့တပ်မ တော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် အစ္စရေးနိုင်ငံကာကွယ် ရေးဝန်ကြီး Moshe Yaalon ၏ ဖိတ်ကြားချက်အရ အစ္စရေးနိုင်ငံသို့ စက်တင်ဘာ ၅ ရက်ကတည်းက ချစ်ကြည်ရေးခရီး ရောက်ရှိနေ ခြင်း ဖြစ်သည်။
http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။