ပြည်သူ့အကျိုးပြုကျောင်းသားများ ဒီမိုကရေစီပါတီ


၁။ ဥက္ကဋ္ဌ - ဦးမင်းမင်းထွန်း။

၂။ ပါတီဝင်အရေအတွက် - ငါးထောင်ခန့်။

၃။ မဲဆန္ဒနယ်- ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်တွင် လေးနေရာနှင့် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် တစ်နေရာစုစုပေါင်း ငါးနေရာဝင်ရောက်ယှဉ်ပြိုင်မည်။

၎။ ပါတီမူဝါဒ- နိုင်ငံသားတိုင်းအားလုံး တန်းတူ၊ ရည်တူ အခွင့်အရေးရရှိရေးအတွက် အထူးအရေးပေးဆောင်ရွက်မည်။ အခြေခံလူတန်းစားတို့၏ လူနေမှုဘ၀မြှင့်တင်ရေး အထူးအလေးပေးဆောင်ရွက်မည်။

၅။ ပါတီဆောင်ပုဒ်- လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစဉ်ဆက်မပြတ်လူထုအတွက် အားသွန်ခွန်စိုက်ထမ်းရွက်တာ ပြည်သူချစ်တဲ့ ဒေါင်းဖြူပါ။

၆။ ကိုယ်စားလှယ်လောင်းရွေးချယ်မှုသတ်မှတ်ချက် - နိုင်ငံရေးအတွေ့အကြုံရှိမှုနှင့် ပြည်သူလူထုအတွက် စိတ်ရင်းစေတနာကောင်းမွန်သည့် ပုဂ္ဂိုလ်များကို ရွေးချယ်ထား သည်။

၇။ ပါတီရန်ပုံငွေ− ပါတီဝင်ကြေးဖြင့် လည်ပတ်နေသည်။

၈။ ပါတီနောက်ခံသမိုင်း- ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံပါတီ)နှင့် ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားရေးအဖွဲ့ချုပ် စသည့် ၈၈ ညီ နောင် ၂ပါတီမှ ခွဲထွက်ကာ ၂၀၁၄ တွင် ပြည်သူ့အကျိုးပြုကျောင်းသားများ ဒီမိုကရေစီပါတီအဖြစ် ပါတီတည်ထောင်ခွင့်လျှောက်လွှာတင်ခဲ့ပြီး ၂၀၁၅ မတ်လတွင် မှတ်ပုံတင်ခွင့်ရရှိခဲ့သည်။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။