အိုစမာဘင်လာဒင်၏ ကိုယ်ရံတော်ဟု အမေရိကန် စစ်တပ်က ပြောကြားခဲ့သော ဆော်ဒီ အမျိုးသားကို ဂွာတာနာမိုတွင် ဆယ်စုနှစ် တစ်ခုကျော်ကြာ ထိန်းသိမ်းခဲ့ပြီးနောက် ဆော်ဒီသို့ ရွှေ့ပြောင်းခဲ့ကြောင်း ပင်တဂွန်က စက်တင်ဘာ ၂၂ ရက်တွင် ပြောကြားခဲ့သည်။ အဗ္ဗဒူရှာလာဘီ အသက် ၃၉ နှစ်ကို ၂၀၀၁ ခုနှစ် ဒီဇင်ဘာတွင် ပါကစ္စတန် တပ်ဖွဲ့များက ဖမ်းဆီးခဲ့ပြီးနောက် ဂွာတာနာမိုသို့ လွှဲပြောင်းခဲ့သည်။ သို့သော် ယခုနှစ် ဇွန်လတွင် ပြန်လည် သုံးသပ်ရေးအဖွဲ့က အမေရိကန်၏ လုံခြုံရေးကို ဆက်လက် ခြိမ်းခြောက်နေမှုအား ကာကွယ်ရန် အဗ္ဗဒူရှာလာဘီအား ဆက်လက် ထိန်းသိမ်းထားရန် မလိုအပ်ဟု ဆုံးဖြတ်ခဲ့သည်။ ဆော်ဒီအစိုးရ၏ အကျဉ်းသား ဟောင်းများ ပြန်လည် ထူထောင်ရေး အစီအစဉ် တစ်စိတ်တစ်ပိုင်း အဖြစ် ကာလရှည်ကြာ အစာငတ်ခံ ဆန္ဒပြသူ ရှာလာဘီကို လွှဲပြောင်း ခဲ့ခြင်းဖြစ်ပြီး ဆော်ဒီအစိုးရက ၎င်းအား နှစ်နှင့်ချီ၍ စောင့်ကြည့်မည်ဖြစ်သည်။
သင့်တော်သော လုံခြုံရေးနှင့် လွှဲပြောင်းရန်နှင့် လူသားဆန်စွာ ဆက်ဆံပြုမူရန် အမေရိကန်နှင့် ဆော်ဒီအစိုးရတို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း ပင်တဂွန် ပြန်ကြားရေး အတွင်းဝန် ပီတာကွတ်က ပြောကြားခဲ့သည်။ ရှာလာဘီကို လွှတ်ပေးမှုကြောင့် ဂွာတာနာမိုတွင် အကျဉ်းသား ၁၁၄ ဦး ကျန်ရှိမည်ဖြစ်သည်။ သမ္မတ အိုဘားမားက ဂွာတာနာမို အကျဉ်းစခန်းကို ပိတ်ပစ်ရန် အကြိမ်ကြိမ် တောင်းဆို ခဲ့သော်လည်း ကွန်ဂရက်တွင် ဆန့်ကျင်မှုနှင့် ကြုံနေရသည်။
http://news-eleven.com/

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။