ပြည်တွင်း၌ ဒီအင်န်အေ စစ်ဆေးပြီး ပထမဆုံးအကြိမ် တရားခံဖော်ထုတ်နိုင်

ကျောက်တန်းမြို့နယ် တွင် ပြီးခဲ့သည့် ၂နှစ်ကျော်ကဖြစ် ပွားခဲ့သော သူငယ်တန်းကျောင်း သူလေးတစ်ဦး အဓမ္မပြုကျင့်ခံခဲ့ရ သောအမှုကို မြန်မာနိုင်ငံ၌ မျိုးရိုး ဗီဇစစ်ဆေးသည့်စက်ကို ပထမ ဆုံးအသုံးပြုကာ ဖော်ထုတ်နိုင်ခဲ့ ကြောင်း သတင်းရရှိသည်။

၂၀၁၃ ဇွန်လတွင် ကျောက်တန်းမြို့နယ် ရွှေပျောက်ကျေးရွာရှိ ရွှေမင်းသမီး တည်းခိုခန်းတွင် (၅)နှစ်အရွယ် သူငယ်တန်းကျောင်းသူလေးတစ်ဦး အဓမ္မပြုကျင့်ခံရမှုဖြစ်ပွားခဲ့သည်။

စတင်ဖြစ်ပွားစဉ် ကျောက် တန်းမြို့နယ် ရဲတပ်ဖွဲ့က ကလေး ငယ်နှင့်အတန်းဖော်သူငယ်တန်း ကျောင်းသား ၁၇ဦးကို သံသယ ဖြင့် စောင့်ကြည့်စစ်ဆေးခဲ့သော ကြောင့် ကျောင်းဆရာ၊ဆရာမ များနှင့် ရဲတပ်ဖွဲ့အကြား တင်းမာမှု အနည်းငယ်ဖြစ်ခဲ့ပြီး ကျောင်းသား မိဘများကလည်း မကျေနပ်၍ သ မ္မတထံသို့ စာပို့တိုင်ကြားခဲ့သည်။ ယင်းသို့ တိုင်ကြားခဲ့ပြီးနောက်အ ဆိုပါအမှုကို မှုခင်းရဲတပ်ဖွဲ့(စီအိုင် ဒီ)က လွှဲပြောင်းစစ်ဆေးခဲ့သည်။

‘‘DNA စစ်ဆေးတဲ့ စက်နဲ့ ပ ထမဆုံးဖော်ထုတ်လိုက်နိုင်တဲ့အ မှုပေါ့။ သံသယရှိတဲ့အမျိုးသားက တော့ ၀န်ခံပြီးသွားပြီ။ တရားစွဲဆို ဖို့ပဲရှိတော့တာပေါ့’’ဟု မြန်မာနိုင် ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲအရာရှိ တစ်ဦးကပြောသည်။

DNA(မျိုးရိုးဗီဇ)စစ်ဆေး သည့် စက်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ က ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ၀ယ်ယူခဲ့ပြီး အဆိုပါအမှု၌ ပထမ ဆုံးအသုံးပြုခဲ့ခြင်းဖြစ်သည်။ သံသယရှိသည့် အမျိုးသား ၁၁ ဦးအနက် သံသယအရှိဆုံးအမျိုး သားသုံးဦးကို DNA စစ်ဆေးခဲ့ ရာ ၎င်းတို့အနက် တစ်ဦးက ၀န်ခံ ထွက်ဆိုခဲ့ခြင်းဖြစ်သည်ဟု မှုခင်း ရဲတပ်ဖွဲ့ရဲအရာရှိတစ်ဦးက ပြော သည်။

ဝန်ခံသည့် အမျိုးသားသည် အသက်(၃၆)နှစ်အရွယ် တည်းခိုခန်းဝန်ထမ်းဖြစ်ကာ တရားခံမှာတစ်ဦးထက်ပိုသည်ဟု ယူဆထား ၍ သံသယရှိသည့်အခြားအမျိုးသားတစ်ဦးကိုလည်း စစ်ဆေးနေကြောင်း သတင်းရရှိသည်။

အဆိုပါ ကျောင်းသူငယ် လေးသည် ရှမ်းပြည်နယ်ဘက်မှ တိုင်းရင်းသူလေးဖြစ်သည်။ ရွှေမင်းသမီးတည်းခိုခန်းပိုင်ရှင်က မွေးစားရန်ခေါ်ဆောင်ထားခြင်းဖြစ်ကာ တည်းခိုခန်းအတွင်း အဓမ္မကျူးလွန်ခံခဲ့ရခြင်း ဖြစ်သည်။ အမှုဖြစ်ပွားပြီးနောက် အဆိုပါ ကျောင်းသူလေးသည် စိတ်ကစဥ့်ကလျားပုံစံဖြစ်ခဲ့ပြီး အင်းစိန် စီအိုင်ဒီအမျိုးသမီးရဲတန်းလျား တွင် ခေါ်ယူစောင့်ရှောက်ခဲ့ကာ  ယခုအခါ ကျန်းမာရေးကောင်းမွန်စွာဖြင့် ၎င်း၏ မိဘများနှင့် နေထိုင်နေသည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ သတင်းရရှိသည်။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။