မေး(၁) မိမိမဲဆန္ဒနယ်က ရခိုင်ပြည်သူလူထု လိုက်အပ်ချက် အပေါ် မှာ ဇာပိုင်မြင်ပါလေး။
ဖြေ- ရခိုင်ပြည်ဟာ ခေတ်အဆက်ဆက်က အစိုးရအဆက်ဆက် များ၏ လစ်လျှူရှုခြင်းကို ခံခရ၊ ခံနီရပါရေ။ ယင်းကြောင့်ရခိုင်တပြည်လုံး အဖက်ဖက်ကနိမ့်ကျပြီးကေ ချွတ်ခြုံကျဆင်းရဲ နီရေ ပြည်နယ်အဖြစ် လက်ရှိ မှာ တွိမြင်ပါဖို့။ ပြည်သူတိ လိုအပ်ချက်ဟာ တကယ်ကိုအခြေခံကျရေ မိသားစုတစ်ခုချင်းစီအတွက် ပုံမှန်ဝင်ငွေရဟိဖို့ ဖန်တီးပီးခြင်း(သို့)ပုံမှန် ဝင်ငွေဟိရေးဖြစ်ပါရေ။ ပြည်သူတိအခြေခံ လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ အတွက် နိုင်ငံ၏အခြေခံအဆောက်အအုံဖြစ်တေ လမ်းပန်းဆက်သွယ် ရေးကောင်းမွန်ဖို့ တောရွာကျေးလက် မကျန် လျှပ်စစ်မီးရဟိရေးတိက အင်မတန်အရေးကြီးပါရေ။
မေး(၂) လက်ရှိဖွဲ့စည်းပုံနန့်လွှတ်တော်အနီအထားအရ ရခိုင်ပြည် အတွက် ဇာအရာ တိကိုဖြည့်ဆည်း ပီးနိုင်ဖို့ ယူဆပါလေး။
ဖြေ- ဒီမိုကရေစီနိုင်ငံထူထောင်ဖို့ဆိုကေ ဖွဲ့စည်ပုံကိုယ်၌ကိုကဒီမို ကရေစီစနစ်နဲ့ ရေးဆွဲထားရေဖွဲစည်းပုံဖြစ်ရပါဖို့။ ယင်းမှသာ ပေါ်ပေါက်လာ သော လွတ်တော်တိဟာ အချင်းချင်းထိန်းညှိမှုဟိပြီးကေ ဟန်ချက်ညီညီ အလုပ်လုပ် နိုင်ဖို့ဖြစ်ပါရေ။
အဂုမြန်မာနိုင်ငံမာ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနီရေလို့ အပြောရာ ဖြစ်ပြီးကေ လက်တွိမာ ဒီမိုကရေစီ စနစ်နန့် မညီညွတ်တေ စစ်တပ်က ၂၅ %ဟာ လွတ်တော်မှာ အလိုအလျောက်ဝင်ရောက်နီရေအတွက်ကြောင့် ပြည်သူအတွက်ဖြည့်ဆည်းဖို့ ကြိုးစားရာမာ ခရီးပေါက်လီဖို့မဟုတ်ရေပိုင် ကြီးမားရေ အတားအဆီးဖြစ်နီပါရေ။ ယင်းကြောင့် ပြည်သူ့ဆန္ဒကို ကိုယ်စားပြုရေ ကိုယ်စားလှယ်အနီဖြင့် မိမိရို့နန့် ဘဝတူတိုင်းရင်းသားတိနန့် ဒီမိုကရေစီကျရေ ဖွဲ့ စည်းပုံပေါ်ပေါက်လာယောင် တိုက်ပွဲဝင်လားဖို့ဆုံးဖြတ် ထားခြင်းသည် ပြည်သူတိအတွက် ဒီမိုကရက်တစ်အစိုးရ ပေါ်ပေါက်လာမှုကိုဖြည့်ဆည်းပီးနိုင်ဖို့လို့ယုံကြည်ပါရေ။
မေး(၃) ရခိုင်နိုင်ငံရေးကို ဖက်ဒရယ်မူနန့်မောင်းနှင်ဖို့ဆိုကေ ရခိုင်ပြည်မာ နိုင်ငံရေးအရ ဇာတိလုပ်ဖို့ လိုအပ်ပါလေး။
ဖြေ- ရခိုင်ပြည်သူလူထုအကျိုးစီးပွားကို ဦးတည်ပြီး ရွီးဆွဲထားရေ ခိုင်မာသော ပြည်နယ်ဖွဲ့စည်းပုံ တခုဟိဖို့ မဖြစ်မနီလုပ်ဆောင်ထားဖို့လိုအပ်ပါရေ။ ယင်းမာပြည်နယ်လုံခြုံရေးသည် အရေကြီးရေပိုင် ရေရည် အကျိုးစီးပွားအတွက် မဟာမိတ် တည်ဆောက်ခြင်း သည်လည်းအရေးပါ သော ကဏ္ဍတရပ်ဖြစ်ပါရေ။ ရခိုင်ပြည် တည်ငြိမ်အီးချမ်းရေးကို အလေး ထား ရွီးဆွဲထားရေ မဟာဗျူဟာမြောက် ဖွဲ့စည်းပုံဖြစ်ဖို့လေ့ လိုအပ်ပါရေ။ တိုင်းပြည် တည်ငြိမ်မှရာ နိုင်ငံစီးပွား ဖွံ့ဖြိုးလာဖို့ဖြစ်ပါရေ။ ယင်းကြောင့် ရခိုင်ပြည်ကို ဖယ်ဒရယ်မူနန့်မောင်းနှင်ဖို့ဆိုကေ မိမိ လူမျိုး အကျိုးစီးပွားကို အလေးထားသော ဖယ်ဒရယ်စံဖြင့် ရွီးဆွဲထားရေ ဖွဲ့စည်းပုံ၊ အမျိုးသား နန့် ပြည်နယ်လုံခြုံရေးမဟာဗျူဟာ၊ မဟာမိတ်(စီပွားရေး၊ လုံခြုံရေး)တည်ဆောက်ခြင်း စသည်ရို့ကိုနိုင်ငံရေးအရ လုပ်ဆောင် လားဖို့ လိုအပ် ပါရေ။
မေး(၄) ရွီးကောက်ပွဲ အတွက်ပြည်သူတိကို ဇာပြောချင်ပါလေး။
ဖြေ- ရွီးကောက်ပွဲဆိုစွာ မိမိရို့ကိုယ်တိုင် အစိုးရတရပ်ကို ကိုယ်လက် နန့် ရွီးချယ်ခွင့်အာဏာကိုပီးရေ မဟာအခွင့်အရေး တရပ်ပါ။ ယင်းမဟာ အခွင့်အရေးကို အသုံးပြုပြီးကေ မိမိလူမျိုးအကျိုး စီးပွားကို ဦးတည်သော ပါတီနန့် ကိုယ်စားလှယ်များကို ရွီးချယ်ဖို့ရာ နိုင်ငံသားတိုင်းတာဝန်ပါ။ ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးဖို့ဆိုကေ ရွီးကောက်ပွဲမာ မဲဆန္ဒရှင်များက တက်ကြွစွာ အတူတကွ ပါဝင်ဖို့ အင်မတန်အရေးကြီးပါရေ။ မြန်မာပြည် ပြောင်းလဲဖို့၊ ရခိုင်ပြည်ပြောင်းလဲဖို့ဆိုကေ ယင်းအပြောင်းအလဲကိုလိုလား သော သူများနန့် ရွေကောက်ပွဲမာ မိမိကိုယ်တိုင်ပါဝင်ပြီး အပြောင်းအလဲ လုပ်ကတ်ပါမေလို့ ပြောချင်ပါရေ။
အထူးပြောချင်စွာက ထုမေရွီးကောက်ပွဲ ၀င်စွာရေ အစိုးရ အတွက် မဟုတ်၊ ရခိုင်ပြည်သူလူထုအတွက်ဖြစ်ပါရေ။ ရခိုင်ပြည်သူလူထု လိုလားချက်တိကို လွှတ်တော်ထဲမာပြတ်ပြတ်သားသား ပြောခွင့်ရဖို့၊ တနည်းအားဖြင့် ပြည်သူအတွက် လွှတ်တော်တွင်းတိုက်ပွဲကို ဆင်နွှဲလားဖို့ ရည်ရွယ်ချက်နန့်ဝင်လိုခြင်းဖြစ်ပါရေ။ ယင်းပိုင်ပြည်သူ့ကိုယ်စား တိုက်ပွဲ ၀င်ခွင့်က ပြည်သူ့အသည်း ကြားက မဲပြားတိအပေါ်မာ မူတည် ပါရေလို့ ပြောချင်ပါရေ။
မေး(၅) အကယ်၍ လာဖို့ရွေးကောက်ပွဲမာ မဲနိုင်ဖို့ဆိုကေ သက်ဆိုင်ရာ လွှတ်တော်မာ အဇာတိကို တောင်းဆိုလားပါဖို့လေး။
ဖြေ- နှစ်ပေါင်းများစွာဆုံးရှုံးနီသော ရခိုင်ရို့၏ ရပိုင်ခွင့်များကို တောင်းဆို တိုက်ပွဲဝင်လားဖို့ဟိပါရေ။ ဖယ်ဒရယ် စနစ် ပေါ်ပေါက်လာရေးကို အစဉ် ဦးတည်သော တိုင်းရင်းသားများနန့် မဟာမိတ်ဖွဲ့ပြီးကေ ပြည်နယ်၏ ရပိုင်ခွင့်များ (ဥပမာ ပြည်နယ်မှထွက်ရှိသော သယံဇာတများ)ကိုတိုင်းရင်း သားဒေသများမှ ပြည်သူများ ထိုက်သင့်သော ရာခိုင်နှုန်းရဟိရေး၊ တိုင်းရင်းသားများ၏ ပြည်နယ်နန့် တိုင်းများမာ ဖွံ့ဖြိုးရေး တည်ဆောက်မှု ကဏ္ဍတန်းတူမျှတစွာဆောင်ရွက်ရေး၊ ဖယ်ဒရယ်ပြည်ထောင်စုအရေး၊ ဒီမိုကရေစီရေးနန့် တန်းတူရေး စသည်ရို့ အတွက် တိုင်းရင်းသားများနန့် ပူးပေါင်းဆောင်ရွက်လားဖို့ဖြစ်ပါရေ။
မေး(၆) ရခိုင်အမျိုးသမီးထုကို ဇာပြောချင်ပါလေး။
ဖြေ- ပြောင်းလွဲဖို့အချိန်တန်ပါယာ။ အပြောင်းအလွဲကို လုပ်ဖို့မိမိရို့ ရခိုင်အမျိုးသမီးများ၏ လက်ထဲမာဟိပါရေ။ ကိုယ့် လက်ထဲမှာ ရရှိထားရေ အခွင့်အရေးကို မိမိလူမျိုး၊ မိမိတို့၏ အနာဂါတ်မျိုးဆက်သစ်အတွက် အတူ တကွ ပူးပေါင်း ဆောင်ရွက်ကတ်ပါဖို့တိုက်တွန်းချင်ပါရေ။ ရခိုင်အမျိုး သမီးထု အားလုံး မပါဝင်ဘဲ နိုင်ငံရေးအပြောင်းအလွဲ၊ စီးပွားရေး အပြောင်း အလွဲ၊ ပညာရေးအပြောင်းအလွဲတိကိုလုပ်ဆောင်နှိုင်ဖို့မဟုတ်ပါ။ ရခိုင်ပြည် တည်ငြိမ် ဖွံဖြိုး တိုးတက်ဖို့ ရခိုင်အမျိုးသမီးများ နိုင်ငံရေးမာ အားလုံးပါ ၀င်ကတ် ပါလို့ အလေးအနက် တိုက်တွန်း ချင်ပါရေ..။
____
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။