ကချင်ပြည်နယ် တောင်ပိုင်းမှာ တိုက်ပွဲ ထပ်မံ ဖြစ်ရန် ရှိ

ဖားကန့် KIA တပ်ရင်း(၆) နယ်မြေသို့ ချီတက်လာသော မြန်မာအစိုးရတပ်
ကချင်ပြည်နယ်တောင်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တပ်ရင်း(၁၂) နယ်မြေသို့ မြန်မာအစိုးရ စစ်အင်အား ထပ်ဖြည့်နေဆဲရှိခြင်းကြောင့် တိုက်ပွဲ ထပ်မံ ဖြစ်ပွားရန်ရှိနေကြောင်း သိရသည်။

ဆွေးနွေးပွဲလုပ်နေချိန် အစိုးရတပ်၏ အမြဲပုံမှန် လုပ်နေကြ အတိုင်း ယမန်နေ့ စက်တင်ဘာ(၉)ရက် နေပြည်တော်တွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ထိပ်သီးခေါင်းဆောင်များ ဆွေးနွေးပွဲလုပ်နေစဉ် KIA နယ်မြေများသို့ အစိုးရ စစ်အင်အားများ ထပ်ဖြည့်လာသည်ဟု KIA ထိပ်ပိုင်း အရာရှိများ ပြောသည်။

တပ်ရင်း(၁၂) နယ်မြေ ဗန်းမော်ခရိုင် မံစီမြို့နယ် နောက်ဆုံး စစ်ရေးအခြေအနေနှင့်ပတ်သက်ပြီး ကချင်လွတ်မြောက်ရေးအဖွဲ့ KIO လိုင်ဇာ ဗဟိုဌာနချုပ်မှ အစိုးရနှင့် KIO ပူးတွဲ မဏ္ဍိပက္ခဖြေရှင်းရေး ကော်မတီ ၀င် ဒု-ဗိုလ်မှူးကြီး နော်ဘူ ကချင်သတင်းဌာန KNG သို့ ယခုလို ပြောပါသည်။

“မနေ့က ပစ်ခတ်မှု ထပ်မံ ဖြစ်တယ်လို့ မကြားရဘူး။ ဒါပေမယ့် စစ် နယ်မြေ ဖြစ်နေတာပါ။ အစိုးရတပ်အင်အား ဖြည့်နေဆဲ…စစ်ရေးလှုပ်ရှားနေဆဲ ဆိုတော့ သတိထားနေရဆဲဖြစ်ပြီး ထပ်မံ ပစ်ခတ်ကြဖို့ ရှိတယ်။”

ယမန်နေ့ နေပြည်တော်တွင် နှစ်ဖက် ထိပ်သီးခေါင်းဆောင်များ တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် NCA ကိစ္စ ဆွေးနွေးနေစဉ် မံစီမြို့အနောက်တောင်ဘက် စီအူရွာ (ကချင်လို ဂျေဦး) တ၀ိုက် KIA တပ်များရှိသည်ဟု ထင်ရသောနေရာများသို့ အစိုးရတပ်မှ လက်နက်ကြီး ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း KIA အရာရှိများ ဆိုပါသည်။

နှစ်ဖက်တပ်ကြား စီအူရွာ (ကချင်လို ဂျေဦး) မြောက်ဘက် စီကောရွာနှင့် ကောင်ဂျာရွာ ကြားတွင် စက်တင်ဘာ(၇)ရက်နေ့ ညနေပိုင်းမှာ ၁နာရီခန့် တိုက်ပွဲဖြစ်ပွားပြီး နောက်နေ့ မနက်ပိုင်းမှာလည်း အချိန်တို ထိတွေ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

ထပ်ဖြည့်လာသော တပ်အင်အား အပါအ၀င် ယခု KIA တပ်ရင်း(၁၂) နယ်မြေတွင် ရောက်ရှိလှုပ်ရှားနေသော အစိုးရတပ် အင်အား ၃၀၀ ခန့် ရှိနိုင်ကြောင်း ဒု-ဗိုလ်မှူးကြီး နော်ဘူ ပြောသည်။

နေပြည်တော် ဆွေးနွေးပွဲမှာ အစိုးရနှင့် NCA စာချုပ် လက်မှတ်ရေးထိုးရာ၌ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ အားလုံးပါဝင်ရေး တိုင်းရင်းသား ခေါင်းဆောင်များ တောင်းဆိုချက်ကို အစိုးရ လက်မခံသေးကြောင်း သိရသည်။

http://kachin.kachinnews.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။