ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ကရင်နီလူထုဆန္ဒ ပါဝင်နိုင်ရေး ဆောင်ရွက်မည်

12938934753_5eb4effe1e_z

ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲ အဆင့်ဆင့်မှာ ကရင်နီ (ကယားပြည်နယ်) ပြည်သူလူထုရဲ့ ဆန္ဒတွေ ပါဝင်နိုင်ဖို့အတွက် ပြည်နယ်တွင်း အရပ်ဘက်အဖွဲ့အစည်းတွေက ဆောင်ရွက်နေပါတယ်။

ကယားပြည်နယ်တွင်းက မြို့နယ်တွေ၊ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နဲ့ ကရင်ပြည်နယ် သံတောင်ကြီးမြို့တွေက ကျေးရွာ ၅၀၀ ကျော်မှာ သဘောထားတွေကို ကောက်ယူထားခဲ့တာပါ။

“ဒီ သဘောထား စစ်တမ်းတွေကို အဓိက ခေါင်းစဉ်ကြီး ၁၂ ခုပါတဲ့ သဘောထား တောင်းဆိုချက်တွေအဖြစ် စာအုပ်ထုတ်ပြီး အောက်တိုဘာ ပထမပတ်မှာ ဖြန့်ဝေသွားမယ်” လို့ ကရင်နီပြည်လူငယ်များသမဂ္ဂရဲ့ ဗဟိုကော်မတီဝင် ဦးကျော်ထင်အောင်က ဒီဗွီဘီကို ပြောပါတယ်။

ငြိမ်းချမ်းရေး၊ လယ်ယာမြေကိစ္စနဲ့ ပညာရေး၊ ကျန်းမာရေးစတဲ့ ကဏ္ဍတွေနဲ့ ပတ်သက်ပြီး လူထုတွေရဲ့ သဘောထားတွေကို ကွင်းဆင်းကောက်ယူထားတာ ဖြစ်ပါတယ်။ “အဲဒါဆိုရင် ပြည်နယ်တွင်းက အဖွဲ့အစည်းတွေ ဆွေးနွေးတဲ့အခါ သူတို့အိုင်ဒီယာနဲ့ ဆွေးနွေးတာ မဟုတ်ဘဲ လူထုအားလုံးရဲ့ သဘောထား ဖြစ်သွားမယ်” လို့လည်း ဦးကျော်ထင်အောင်က ပြောပါတယ်။

ဒီလိုလုပ်ဆောင်မှာနဲ့ပတ်သက်ပြီး ပြည်နယ်တွင်းက အရပ်ဘက်အဖွဲ့အစည်း ၂၀ တွေ့ဆုံခဲ့ပြီး စက်တင်ဘာ ၂၄ ရက်မှာ ထုတ်ပြန်ချက်တခုကိုလည်း ကြေညာခဲ့ပါတယ်။

လာမယ့် ရွေးကောက်ပွဲအပေါ်မှာ လူထုက စိုးရိမ်စိတ်တွေ ရှိနေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ပြည်ထောင်စုအဆင့် ၀န်ကြီးတွေ လာပြိုင်ကြတယ်။ မဲပေးမယ်ဆိုရင် မှတ်ပုံတင်မလိုဘူး။ မဲစာရင်းကြည့်ဖို့လည်း မလိုတော့ဘူး။ မဲပေးခွင့်ကတ်ရှိရင် ရပြီဆိုတဲ့ ကောလာဟလတွေလည်း ပြန့်နေတယ်။ အဲလို အချက်တွေက စိုးရိမ်စရာဖြစ်နေတာ” လို့လည်း ဦးကျော်ထင်အောင်က ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေ၊ နိုင်ငံရေးသမားတွေ၊ လယ်သမားနဲ့ မီဒီယာသမားတွေ အားလုံးကိုလည်း ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

http://burmese.dvb.no/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။