ရခိုင်တွင် ရေကြီး နစ်မြုပ်မှုကြောင့် လေးမြို့ မြစ်အတွင်းရှိ ကျွန်းမြေများ ဆုံးရှုံး ကိုင်းသမားများ ဆောင်းသီးနှံစိုက်ရန် အခက်ကြုံနေ

 ပြီးခဲ့သည့် ဇွန်လနှင့် ဇူလိုင်လအတွင်းက ရခိုင်ပြည် နယ်တွင် ရေကြီးနစ်မြုပ်မှုကြောင့် လေးမြို့ မြစ်အတွင်းရှိ ကျွန်းမြေ များ ရေစီးနှင့်အတူ ပျက်စီးဆုံး ရှုံးခဲ့သည့်အတွက် အဆိုပါကျွန်း မြေများ၌ ဆောင်းသီးနှံစိုက်သူများ စိုက်ပျိုးရန်မြေမရှိဖြစ်နေကြောင်း သတင်းရရှိသည်။

‘‘ရေကြီးနစ်မြုပ်မှုက လူအားလုံးကို နည်းမျိုးစုံနဲ့ ဒုက္ခပေးသွား တာပါ။ လေးမြို့မြစ်ထဲမှာ ပေါ် နေတဲ့ ကျွန်းတွေအားလုံး ရေစီးနဲ့ အတူ ပျောက်ကွယ်သွားပါပြီ။ နှစ်တိုင်း အဲဒီကျွန်းမြေတွေမှာ ဆောင်းသီးနှံစိုက်ပြီး အသက်မွေး နေတာ။ ဒီနှစ်တော့ တခြားအ လုပ်တစ်ခုကိုပဲ ပြောင်းလုပ်ရ တော့မှာ’’ဟု လေးမြို့မြစ်ကမ်းအ နီး မြက်ရိတ်ကျွန်းမှ ဆောင်းသီး နှံစိုက်သူတစ်ဦးကပြောသည်။

လေးမြို့မြစ်သည် ချင်းပြည် နယ်မှ ရခိုင်ပြည်နယ်ရှိ မြောက် ဦးနှင့် မင်းပြားမြို့နယ်သို့ စီးဆင်း နေသည့် မြစ်တစ်စင်းဖြစ်သည်။ လေးမြို့မြစ်ရှိ မြေနုကျွန်းများနှင့် ကိုင်းမြေများတွင် ပြောင်းနှင့် အ ခြားဟင်းသီးဟင်းရွက်များ စိုက် ပျိုးဖြစ်ထွန်းကာ ရခိုင်ပြည်နယ် ရှိ ဆောက်လုပ်ရေးလုပ်ငန်းများ အတွက် ကျောက်ထွက်သည့် မြစ် တစ်စင်းဖြစ်သည်။

အလားတူ လေးမြို့မြစ်ကမ်း ၀ဲယာတစ်လျှောက်တွင် ယခင်နှစ် က ဆောင်းသီးနှံစိုက်ပျိုးခဲ့သည့် ကိုင်းမြေများမှာလည်း မြစ်ရေ တိုက်စားမှုကြောင့် စိုက်ပျိုးမြေ အများစုပျက်စီးဆုံးရှုံးကာ အချို့ စိုက်ပျိုးနိုင်သည့် မြေများမှာလည်း သဲနုန်းများ သုံးပေခန့် တင်ကျန် နေသည့်အတွက် ဆောင်းသီးနှံ စိုက်ပျိုးရန် အဆင်မပြေဖြစ်နေ ကြကြောင်း မြောက်ဦးမြို့နယ် လောင်းကြက်ကျေးရွာမှ တောင် သူ ဦးကျော်မြတ်စိုးက ပြောသည်။‘‘ဒေသခံတွေ လုပ်စားဖို့ အ ဆင်မပြေကြရင် ဒီနှစ်တော့ နိုင်ငံ ခြားကို ထွက်ပြီး အလုပ်လုပ်မယ့် သူများနိုင်ပါတယ်။ ရခိုင်မှာ တခြားလုပ်ဖို့ အလုပ်မှ မရှိတာ’’ဟု မြောက်ဦးမြို့ခံတစ်ဦးက ပြောသည်။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။