ဆီးရီးယားတွင် ရုရှား လေတပ်စခန်းတစ်ခု တည်ဆောက်နေဟု အမေရိကန်ပြောကြား

ဆီးရီးယားတွင် ရုရှားက ရှေ့တန်းထိုးစစ်အတွက် လေတပ်အခြေစိုက် စခန်းတစ်ခုကို ပြင်ဆင် ဆောက်လုပ်နေကြောင်း အမေရိကန်က ပြောကြားလိုက်သည်။

ပြီးခဲ့သည့် လပိုင်းအတွင်း ရုရှားသည် ဆီးရီးယား သမ္မတ ဘာရှာအယ်လ်အာဆက်ဒ်နှင့် ရင်းနှီးသော ဆက်ဆံရေးကို ပိုမိုမြှင့်တင်လာသလို စစ်လက်နက် ထောက်ပံ့မှုများ အရှိန်မြှင့်လာခဲ့သည်။ အမေရိကန်က ဆီးရီးယား ပြည်တွင်းရေးတွင် ရုရှား ဝင်ရောက်စွက်ဖက်မှုအပေါ် စိုးရိမ်ကြောင်း ပြောဆိုထားသော်လည်း ရုရှားကမူ ယခုအခါ ဆီးရီးယားတွင် ပိုမိုကျယ်ပြန့်သည့် စစ်ရေးဖြန့်ကျက်မှုမျိုး ပြုလုပ်ရန် ခြေလှမ်းပြင်လာခဲ့သည်။
ဆီးရီးယားအရေး လေ့လာသူများက အာဆက်ဒ်၏ အစိုးရသည် ရုရှား၏ ကျောထောက်နောက်ခံ ပံ့ပိုးမှုကိုသာ မရရှိပါက သူပုန်တပ်များ၏ ဖြုတ်ချမှုကို ခံရပြီး ဖြစ်လောက်ပြီဟု မှတ်ချက်ပေးထားသည်။ ပင်တဂွန် စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရ အရာရှိ ယက်ဖ်ဒါးဗစ်က ယခုအခါ ရုရှားသည် ဆီးရီးယား ဆိပ်ကမ်းမြို့ တစ်ခုဖြစ်သည့် လာတက်ကီယာတွင် လေတပ်စခန်းတစ်ခု ဆောက်လုပ်ရန် အရှိန်မြှင့် ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။
ဒါးဗစ်က ရုရှား စစ်မှုထမ်းများအပြင် တင့်ကားများနှင့် အခြားသော စစ်လက်နက်များပါ အဆိုပါ လေတပ်စခန်း နေရာသို့ တဖွဲဖွဲ အားဖြည့် ရောက်ရှိနေကြောင်း ဆိုသည်။ ရုရှား အစိုးရက မိမိတို့သည် ဆီးရီးယား အစိုးရက အစ္စလာမ်မစ် နိုင်ငံတော် စစ်သွေးကြွများကို ချေမှုန်းတိုက်ခိုက်ရန် အကူအညီများ စေလွှတ်ထားခြင်းဖြစ်ကြောင်း ကြေညာထားသည်။
သမ္မတ ဗလာဒီမာပူတင်၏ ရုရှားအစိုးရသည် ၂၀၁၁ ခုနှစ်၊ ဆီးရီးယား ပြည်တွင်းစစ် စတင်ကတည်းက အာဆက်ဒ်၏ မဟာမိတ်အဖြစ် ရပ်တည်ခဲ့သည်။
“ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း လာတက်ကီယာမှာ ရုရှားဘက်က လူတွေ၊ ပစ္စည်းကိရိယာတွေ လှုပ်ရှား ဖြန့်ကျက်နေတာကို တွေ့ရှိလာတယ်။ ဒါဟာ လေတပ်စခန်းတစ်ခု တည်ဆောက်နေတာ ဖြစ်နိုင်ပြီး အဓိကအားဖြင့် ရှေ့တန်းစစ်မျက်နှာအတွက် အသုံးပြုသွားဖို့ ရှိနေတယ်”ဟု ဒါးဗစ်က မှတ်ချက်ပြုခဲ့သည်။
၎င်းက ဆီးရီးယားတွင် အမေရိကန် ဦးဆောင်သည့် မဟာမိတ်များက အိုင်အက်စ်တို့ကို လေကြောင်းမှ တိုက်ခိုက်လျက် ရှိနေရာ ရုရှား၏ ပါဝင်စွက်ဖက်လာမှုတွင် အရှုပ်အထွေးများ ဖြစ်လာမည်ကို စိုးရိမ်ကြောင်းလည်း ပြောကြားခဲ့သည်။
လတ်တလောတွင် ရုရှားအစိုးရက ဆီးရီးယား၌ စစ်ရေး အခြေစိုက်မှုများ ပြုလုပ်နေသည် ဆိုခြင်းကို ငြင်းဆန်ထားသော်လည်း အာဆက်ဒ်ထံမှ အကူအညီ တောင်းခံမှု ရှိလာလျှင် ထောက်ပံ့မှုများ ပိုမိုပေးပို့သွားမည်ဟု ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗ်ရော့ဗ်က ကြေညာထားသည်။ 
http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။