လူ ၃၀၀၀၀ ခန့်ပါဝင်သည့် လူကုန်ကူးသူတပ်ဖွဲ့ကြီးကို ဥရောပအာဏာပိုင်များက ခြေရာခံလိုက်

ဆားဘီးယားနှင့် ဟန်ဂေရီကြား အမြန်လမ်းတစ်ခုပေါ်တွင် စက်တင်ဘာ ၃ ရက်က လူကုန်ကူးသူဟု သံသယရှိသူတစ်ဦးကို ရဲတစ်ဦးက ဖမ်းဆီးနေစဉ်(Photo: AFP)
ကမ္ဘာတစ်ဝန်းမှလူများသည် ရေနစ်သေဆုံးခဲ့သော ဆီးရီးယားကလေးငယ်၏ ဓာတ်ပုံများသို့ အာရုံရောက်နေကြစဉ် အဆိုပါ ၀မ်းနည်းကြေကွဲဖွယ်ဖြစ်ရပ်များအတွက် တာဝန်ရှိသည်ဟု အပြစ်တင်ခံနေရသော လူကုန်ကူးသူများအား ချေမှုန်းရေးသည် ပထမဦးစားပေးလုပ်ငန်းဖြစ်သည်ဟု ဥရောပ အာဏာပိုင်များက ပြောကြားခဲ့သည်။ ထိုလူကုန်ကူးမှုတပ်ဖွဲ့ကြီးထဲတွင် ပါဝင်နေသူ ခန့်မှန်းခြေ ၃၀၀၀၀ ၀န်းကျင်ရှိမည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။
 ဒေါ်လာဘီလျံပေါင်းများစွာရရှိနေသည့် လူကုန်ကူးမှုလုပ်ငန်းကြီးသည် ဆီးရီးယား၊ အာဖဂန်နစ္စတန်၊ အီရစ်ထရီးယားနှင့် ဆိုမာလီယာအစရှိသည့် နေရာများမှ ဆင်းရဲမှု၊ စစ်ပွဲတို့ကြောင့် ထွက်ပြေးလာကြသော များပြားလာသည့် သားကောင်များကို လိုက်လံရှာဖွေနေသည်ဟု ဥရောပအရာရှိများက ပြောကြားခဲ့သည်။ ထိုလူကုန်ကူးသူများသည် လူမှုမီဒီယာများမှတစ်ဆင့် သူတို့၏လုပ်ငန်းများကို ပိုမိုတိုးချဲ့လာကာ အကြင်နာကင်းမဲ့သည့်နည်းလမ်းများဖြင့် နိုင်ငံရွှေ့ပြောင်းခိုလှုံသူများ၊ ဒုက္ခသည်များကို ဥရောပသို့ ပို့ဆောင် ပေးနေကြသည်။
သြစတြီးယားနိုင်ငံရှိ အမြန်လမ်းမပေါ်တွင် အလောင်း ၇၁ လောင်းပါ ထရပ်ကားတစ်စီးကို တွေ့ရှိရခြင်းနှင့် လူကုန်ကူးသည့် သင်္ဘောတစ်စင်းပျက်ခဲ့ပြီး တူရကီကမ်းခြေသို့ လာရောက်သောင်တင်ခဲ့သော သုံးနှစ်အရွယ် ဆီးရီးယားကလေးငယ် အီလန်ကာဒီ၏အလောင်းဓာတ်ပုံတို့က  လူကုန်ကူးမှုကိုအရေးပေါ်တိုက်ဖျက်ရန် တွန်းအားအသစ်များ ဖြစ်လာခဲ့ကြသည်။
“ပထမဦးစားပေးလုပ်ဆောင်ရမယ့် လူကုန်ကူးမှုတိုက်ဖျက်ရေးဟာ ယူရိုပိုရဲတပ်ဖွဲ့ တစ်ခုတည်းရဲ့ တာဝန်မဟုတ်ဘဲ ဥရောပအဖွဲ့ဝင်နိုင်ငံတွေအားလုံးရဲ့ တာဝန်ဖြစ်ပါတယ်”ဟု ဥရောပသမဂ္ဂရဲတပ်ဖွဲ့ ယူရိုပိုမှ ရာဇ၀တ်မှုကွန်ရက်အဖွဲ့၏ဥက္ကဋ္ဌ ရောဘတ်ခရီပင်ကိုက ပြောကြားခဲ့သည်။
 လူကုန်ကူးမှုကွန်ရက်ထဲတွင် ပါဝင်သည်ဟု သံသယရှိသူ ၃၀၀၀၀ ၀န်းကျင်အနက် မြေထဲပင်လယ်ကိုဖြတ်ပြီး ရွှေ့ပြောင်းခို လှုံသူများအား ဥရောပသို့ ပို့ဆောင်ပေးသည့် လူကုန်သူဦးရေသည် ၃၀၀၀ ၀န်းကျင်သာရှိသည်။ ထို့ကြောင့် ရဲတပ်ဖွဲ့အနေနှင့် ပိုမိုရေပန်းစားလာသော အနောက်ဘော်လ်ကန်မှ ဟန်ဂေရီသို့ ၀င်ရောက်သည့်လမ်းကြောင်းအပါအ၀င် အခြားလမ်းကြောင်းများကို ထိန်းချုပ်နိုင်ရန်လည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။
 အလုပ်ကြမ်းနှင့် လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှုများပါဝင်သော လူကုန်ကူးမှုလုပ်ငန်း ကိုလုပ်ဆောင်သည့် ရာဇ၀တ်ဂိုဏ်းများသည် လက်နက်နှင့် မူးယစ်ဆေးဝါးမှောင်ခိုလုပ်ငန်း ထက်ဝင် ငွေပိုမိုကောင်းနေသည်ဟု ဥရောပ နယ်စပ်ထိန်းချုပ်ရေး အေဂျင်စီ (Frontex) မှ ထုတ်ပြန်ခဲ့သည်။ “လူကုန်ကူးမှုလုပ်ငန်းဟာ အကျိုးအမြတ်အများဆုံး စီးပွားရေးတစ်ခု ဖြစ်လာနိုင်ပါတယ်”ဟု Frontex မှပြောခွင့်ရ ပုဂ္ဂိုလ်အစ်ဇဘယ်လာကူပါက ပြောကြားခဲ့သည်။   
http://news-eleven.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။