ရက္ခိုင့်တပ်မတော်မှ (၇၆)နှစ်မြောက် ဆရာတော်အသျှင်ဥတ္တမနိသို့ ပီးပို့အပ်သော ဂုဏ်ပြုသဝဏ်လွှာ



၁။ ဆရာတော်အသျှင်ဥတ္တမနိအား ဂုဏ်ပြုကျင်းပလာခသည်မှာ ၂၀၁၅-ခုနှစ်၊ စက်တင်ဘာလ (၉)ရက်နိဆိုလျှင် (၇၆)နှစ်မြောက်သို့တိုင် ရောက်ဟိလာခပြီးဖြစ်ပါသည်။ ဂနိအချိန်တွင် ဆရာတော်အသျှင်ဥတ္တမနိကို ပြန်လည်ကျင်းပခွင့်ရဟိလာခြင်းနန့်အတူ ဤနိဤရက်အား ရက္ခိုင်တစ်မျိုးသားလုံးမှ အလီးအနက်၊ အထွတ်အမြတ်ထားကတ်သည်များကို တွိမြင်လာရသည့်အတွက် “ရက္ခိုင်အမျိုးသားရီးလှုပ်ယှားမှုကြီး” ၏ အစိတ်အပိုင်းတစ်ခုအနီဖြင့် မှတ်ယူပြီး များစွာဂုဏ်ယူမိပါသည်။

၂။ အသျှင်ဥတ္တမနိအား ရက္ခိုင်လူမျိုးများမှ ဦးဆောင်၍ ရက္ခိုင်ပြည်တွင်း၌သာမက ကမ္ဘာ့နီရာဒေသအသီးသီးသို့ ရောက်ဟိနီကတ်သော ရက္ခိုင်လူမျိုးများ၊ အသင်းအဖွဲ့များ စုစည်းကျင်းပလာကတ်သည်မှာ ကောင်းမွန်သောအလိအထတစ်ခုပင်ဖြစ်ပါသည်။ လွန်ခသော ဆရာတော်အသျှင်ဥတ္တမနိများမှ တစိုက်မတ်မတ်တောင်းဆိုလာခကတ်သော ဆရာတော်အထိမ်းအမှတ်နီရာများ၊ အဆောက်အဦးများမှာ ဂနိဆိုလျှင် အကောင်အထည်ပေါ်ထွန်းလာခပြီးဖြစ်သည်။

၃။ ဤသည်မှာ ရက္ခိုင်လူမျိုးများ၏ စည်းလုံးညီညွတ်မှုအသီးအပွင့်များကို ပြသရာရောက်ပြီး ၄င်းစည်းလုံးညီညွတ်မှုများကို ရက္ခိုင်ပါတီအဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ လူထုအခြီပြုအဖွဲ့အစည်းများ၊ အသင်းအဖွဲ့များနန့် ရက္ခိုင်လူထုအထဲတွင်လည်း စည်းနှောင်မှုအားကောင်းလာအောင် ကြိုးစားတည်ဆောက်ပြီး ကျင့်ကြံအားထုတ်သင့်ပေသည်။ ရက္ခိုင်အမျိုးသားများ၏အောင်ပွဲသည် ရက္ခိုင်တစ်မျိုးသားလုံး၏ စည်းလုံးညီညွတ်မှုအပေါ်တွင်သာ မူတည်သည်ဟု မိမိတို့ရက္ခိုင့်တပ်မတော်မှ အပြည့်အဝယုံကြည်ပါသည်။

၎။ “အာသျှနီဝန်း” ဟု တင်စားဂုဏ်ပြုခေါ်ဆိုကတ်သော ဆရာတော်အသျှင်ဥတ္တမ၏ မကြောက်တရားနန့် ဝံသာနုရက္ခိတတရားများသည် ကိုလိုနီစနစ်ဆိုးအောက်မှ တော်လှန်လိုသောစိတ်ဓာတ်များကို ဖြစ်ပေါ်စီခသည်။ ထို့အပြင် ဆရာတော်အသျှင်ဥတ္တမစိတ်ဓာတ်မှာ ဆရာတော်ပျံလွန်ခပြီဖြစ်သော်လည်း လူထု၏အသွီးအသားထဲတွင် ပျံ့နှံ့စီးဆင်းနီဆဲပင်ဖြစ်သည်။ ထို့ကြောင့် ဆရာတော်မျိုးစိချပီးခသော တော်လှန်လိုသောစိတ်ဓာတ်များကို ဆက်လက်သယ်ဆောင်ယင်း ရက္ခိတဘုံရည်မှန်းချက် အောက်မြင်သည်အထိ စွဲကိုင်ချီတက်တိုက်ပွဲဝင်လားကြရပေမည်။

၅။ လက်ဟိရက္ခိုင်ပြည်ကြီးနန့် ရက္ခိုင်လူ့အဖွဲ့အစည်းများ ရင်ဆိုင်ကြုံတွိနီကတ်ရသော စိတ်ခေါ်မှုများ၊ နိုင်ငံရီးအကျပ်အတည်းများ၊ သဘာဝဘေးအန္တရာယ်များကို မျက်မှောက်ကာလတွင် ဟန်ချက်ညီညီလက်တွဲဖြေယှင်းလားရန်လိုသည်။ နိုးကြားလာသော အမျိုးသားရီးစိတ်ဓာတ်များကို ပိုမိုတက်ကြွလာရန် အယှိန်အဟုန်မြှင့် ကြိုးစားဆောင်ရွက်ယင်း ဆရာတော်နန့်အတူ ခေတ်ပြိုင်ရက္ခိုင်များ၊ တော်လှန်ရီးခေါင်းဆောင်များချန်ထားခသော သမိုင်းသင်ခန်းစာများကို ကြီညက်စွာလိလာလျှက် အမျိုးသားရီးလမ်းကြောင်းမှန်ပေါ်သို့ လျှောက်လှမ်းနိုင်ကတ်ပါစီကြောင်း ဆန္ဒပြုယင်း (၇၆)နှစ်မြောက် ဆရာတော်အသျှင်ဥတ္တမနိကို ဂုဏ်ပြုလိုက်ရပါသည်။

သတင်းနှင့် ပြန်ကြားရီးဌာန
ရက္ခိုင့်တပ်မတော်
ရက်စွဲ၊ ၂၀၁၅-ခုနှစ်၊ စက်တင်ဘာလ (၉)ရက်

____ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။