အရှေ့မယူကမ်းခြေ ရှိ ဘူးသီးတောင်-အငူမော်လမ်းပိုင်း တွင် ၂၀၁၄-၁၅ခု နှစ်အတွင်းတည်ဆောက်ခဲ့သည့် တံတားနှင့်ရေပြွန်များ တည်ဆောက်ပြီးတစ်လအကြာ အားလုံးနီးပါးပြိုပျက်


အရှေ့မယူကမ်းခြေ ရှိ ဘူးသီးတောင်-အငူမော်လမ်းပိုင်း တွင် ၂၀၁၄-၁၅ ခုနှစ်အတွင်းတည်ဆောက်ခဲ့သည့် တံတားနှင့်ရေပြွန်များ တည်ဆောက်ပြီးတစ်လအကြာအားလုံးနီးပါးပြိုပျက် ခဲ့ပြီး ပြည်သူ့ဘဏ္ဍာငွေများစွာဆုံးရှုံးသွားခဲ့ကြောင်းဒေသခံများကပြောသည်။

ထို့အပြင် လမ်းရှိသော်လည်း လမ်းကိုအသုံးပြုသွားလာမရဖြစ်နေပြီးဒေသလမ်းပန်းဆက်သွယ်မှု မှာလည်း ခက်ခဲလျက်ရှိကြောင်းသိရသည်။

“ဒီလမ်းက အငူမော်ကစပြီး ဘူးသီးတောင်ကို ၀င်တယ်။ လမ်းတစ်လျှောက်မှာဆိုရင်ရွာပေါင်း ၁၀၀ ကျော်လောက်ရှိတယ်။ ရသေ့တောင်မြို့နယ်အထဲမှာဆိုရင်ကျွန်တော်တို့ဒေသဖြစ်တဲ့ စေတီပြင်ရဲနယ်မြေထဲမှာ တောင် သစ်ကတိုး ကနေဘူးသီးတောင်အစပ်အထိ အထက် နန်းရာ ချောင်း တံတားအထိ ဆိုရင် တံတားအစင်း ၁၀ကျော်နဲ့ရေခေါင်း လည်းတစ်ဆယ်ကျော်ရှိတယ်။ ဒီနယ်မြေထဲမှာလုပ်တဲ့တံတားတွေကိုကျတော့ ပြီးစလွယ်လုပ်ခဲ့တဲ့အတွက် တံတားကတည်ဆောက်ပြီးလို့တစ်လလောက်သာ ခံခဲ့တယ်။အားလုံး
ပြိုပျက်သွားတယ်။ကုမ္ပဏီတွေကလည်း တိုက်ရိုက်မလုပ်ပဲ ဆပ်ကင်ထရိုက်ပေးတယ်။ ဆပ်ကင်ထရိုက်ကလည်း ထပ်ပြီး ကင်ထရိုက်ချပေးသေးတယ်။ ငွေတွေကိုအဆင့်ဆင့်ဖြတ်စားလိုက်တဲ့အခါ ဒေသအတွက် လုပ်တဲ့ဟာက ဘာမှ မကျန်တော့ဘူး။ကောင်းကောင်းမွန်မွန်မဖြစ်လာဘူး။ငွေထွန်းတိုးကြယ်ကုမ္ပဏီ၊ဆုထူးစံကုမ္ပဏီ၊machinery power group ကုမ္ပဏီ လို့သိရတယ်။မိုးတစ်ကြိမ်၊နှစ်ကြိမ်စရွာတာနဲ့ ရေခေါင်းတွေ ပြိုသွားတယ်။တံတားကြီးတွေဆိုရင်လည်း လက်ရန်းတွေ ပြိုပျက်တာ၊ကျောက်ခဲတွေကိုအလွတ်ထုတ်လို့ရတယ်။ ဘိလပ်မြေတွေကိုလက်နဲ့အသာကလေးခွာလို့ရတယ်။ဒီလိုအရေအသွေးမရှိ ဘဲ ဆောက်လိုက်တဲ့ဟာက နိုင်ငံတော်အတွက်ငွေကုန်ကျသလိုဒေသအတွက်လည်းဘာမှ ထူးမလာဘူး။ ပိုလို့ဆိုးရွာသွားတယ်။အခုထိ ဘာမှလာရောက်စစ်ဆေးတာမရှိသေးဘူး။”ဟု ရသေ့တောင်မြို့နယ်စေတီပြင် ကျေးရွာမှဦးကျော်ဝင်းကပြောသည်။

ယင်းအပြင်ဆင်းအိုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ဝင်းနိုင်က “ကုမ္ပဏီတွေကလည်း ဒေသခံတွေကိုဘာမှမမေးပဲ ဆောက်တာဖြစ်တယ်။ တံတားတွေတည်ဆောက်တဲ့အခါမှာတောင်ကျချောင်းလေးတွေကို မြေဖို့လိုက်တယ်။ ပြီးမှ တံတားဆောက်တော့အမှတ်တကယ် ရေစီးတဲ့ အခါ ချောင်းအနက် ကို ထိ တံတားပိုင်တိုင်တွေမရောက်တော့ပဲ မိုးရွာလို့တောင်ကျရေစီးတဲ့အခါ တံတားတွေပြိုဆင်းသွားတာဖြစ်တယ်။ ရေခေါင်းတွေဆိုရင်လည်း တကယ့်ရေစီးလာတဲ့အခါရေခေါင်းအောက်ကနေ ရေစီးဆင်းသွားတဲ့အတွက် ရေခေါင်းတွေဆိုကျောက်ခဲတွေဖြစ်သွားတယ်။အမှန်က ဒီလမ်းပိုင်းမှာ ရှိတဲ့ ချောင်းတွေဟာတောင်ကျချောင်းတွေဖြစ်တဲ့အတွက် နွေရာသီမှာရေမရှိပေမယ့် မိုးရွာလာရင်ရေစီးပြင်တယ်။ဒါကို သေသေချာချာလေ့လာပြီးမှာ တည်ဆောက်သင့်တယ်။အခုတော့လမ်းကောင်းလို့ဝယ်ထားတဲ့ ဆိုင်ကယ်တွေ အိမ်ပေါ်တင်ထားရတယ်။”ဟု ပြောသည်။

စေတီပြင်ကျေးရွာ မှ ညောင်ပင်လှ ကျေးရွာအထိ လမ်းပိုင်းတစ်လျှောက်တွင်တံတားနှင့်ရေပြွန်အားလုံးပြိုပျက်နေပြီး တံတားများတွင် ၂၀၁၄-၂၀၁၅ ခုနှစ်နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ဖြင့်တည်ဆောက်သည်ဟု ဖော်ပြထားသော်လည်းကုမ္ပဏီအမည်ဖော်ပြထားခြင်းမရှိပဲ လမ်းပိုင်းရှိ အကြီးဆုံးတံတားဖြစ်သောအထက်နန်းရာတံတား တွင် ပန်းရံဆရာဦးဆိုက်ဖူလ်အီစ္စလာမ် ဘူးသီးတောင်မြို့ဟုသာရေးထိုးထားသည်။

“ကျွန်တော်က တရုတ်ကိုအလုပ်သွားလုပ်တယ်။ လွန်ခဲ့တဲ့နွေရာသီမှာ ရွာနားကလမ်းကောင်းသွားပြီဖြစ်လို့ဆိုင်ကယ်ကယ်ရီ ဆွဲတော့မယ်ဆိုပြီးဆိုင်ကယ်တစ်စီးဝယ်ပြီးဆင်းလာတယ်။ ဒါပေမယ့် ဒီကိုလည်းရောက်တော့တစ်လလောက်တော့ ခရီးသည်တွေကို အငူမော်ဘက်ကိုဆွဲရတယ်။ ဒါပေမယ့်မိုးတစ်ကြိမ်ရွာတာနဲ့ ကွန်ကရစ်တံတားတွေက ရွေ့စောင့်သွားပြီးရေပြွန်တွေဆိုရင်လုံးဝကျိုးကျသွားတော့ လမ်းပိုင်းသွားပြီး
ဘာမှသွားလို့မရပဲ ဆိုင်ကယ်ကို အိမ်ထဲသွင်းထားပြီးအလုပ်လက်မဲ့ဖြစ်နေတယ်။”ဟု ညောင်ပင်လှ ကျေးရွာ မှ လူငယ်တစ်ဦးကပြောသည်။

အဆိုပါ ဘူးသီးတောင်- အငူမော်လမ်းပိုင်းသည် ဘူးသီးတောင်မြို့မှရသေ့တောင်မြို့နယ်အားဖြတ်ကာ ကားလမ်းဖြင့်စစ်တွေသို့တိုက်ရိုက်သွားလာနိုင်မည့်လမ်းဖြစ်ကာ ဒေသဖွံ့ဖြိုးရေးအတွက်သာမကလုံခြုံရေးအတွက်သာ အရေးပါသည့်လမ်းဖြစ်ကြောင်းသိရသည်။သို့ရာတွင် အဆိုပါလမ်းတစ်လျှောက်ရှိတံတားနှင့်ရေပြွန်များအား နတလရန်ပုံငွေဖြင့်တည်ဆောက်ခဲ့ခြင်းဖြစ်ကာ တစ်နှစ်မပြည့်မီပြိုပျက်သွားခဲ့သည့်အတွက် ဒေသအတွင်း ဆက်သွယ်သွားလာမှုအတွက်လွန်စွာဆိုးရွာသွားကြောင်း နှင့် လမ်းပိုင်းအခြေအနေများအား
ကွင်းဆင်းစစ်ဆေးကြည့်ရှုစေလိုကြောင်း ဒေသခံများကပြောသည်။

သားရွှေဦး (ကစ္ဆပ)

___Dailyeleven
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

1 comments:

  1. ဟုပ်​ပါတယ်​ ဒါက​တော့တကယ်​ပါပဲဗျာ
    မယုံလို့သွားကြည့်​ရင်​​တောင်​ပင်​ပန်းအုန်းမှာ
    ဒီစာမှာပါတာ​တောင်​ မပြည့်​စုံ​သေ့ဘူး
    ဒီထက်​ဆိုးလွန်းတာ်​ဗျ

    ReplyDelete

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။