မြန်မာနိုင်ငံတွင် အိမ်ထောင် ကွဲကွာနေသည့် လူဦးရေ ခြောက်သိန်းကျော်ရှိ

    မြန်မာနိုင်ငံတွင် အိမ်ထောင်ကွဲကွာ နေသည့် အသက်(၁၀)နှစ်အထက် လူဦးရေ (၆၁၆၆၉၅)ဦး ရှိပြီး၊ အသက်(၉၀) နှစ် အထက်လူဦးရေ (၅၀၀)ဦးရှိကြောင်း ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ပြည်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ အတွဲ(၂)ပါ  အချက်အလက်များအရ သိရသည်။

      အဆိုပါ အစီရင်ခံစာတွင် အသက် (၂၀)မှ (၂၉)နှစ်အထိ အိမ်ထောင်ကွဲကွာနေသည့် လူဦးရေ (၁၁၂၈၉၂)ရှိပြီး မုဆိုးဖို/မုဆိုးမဦးရေ (၂၄၉၈၈၈၃) ရှိကြောင်း ဖော်ပြထားသည်။

      “ကိန်းဂဏန်း အချက်အလက်တွေ အရကတော့ လျှပ်တစ်ပြက် အတွင်းမှာ ကောက်ယူထားတာ ဖြစ်တဲ့အတွက် ဒီကိန်းဂဏန်းတွေကို အမှန်လို့ ပြောလို့မရပေမယ့် အနီးစပ်ဆုံးတော့ ကိုက်ညီမှုရှိအောင် ကောက်ယူထားပါတယ်။ ဒီလိုပြောရတာက သန်းခေါင်စာရင်း ကောက်ယူမှုဟာ ဒီနေ့ဒီနေရာ ဒီအိမ်မှာရှိနေတဲ့ သူတွေကို ကောက်ယူထားတာ ဖြစ်တဲ့အတွက် ဥပမာ ခရီးသွားနေတဲ့ လမ်းပေါ်က လူတွေကတော့ မပါနိုင်ဘူးလေ”ဟု ရန်ကုန် အရှေ့ပိုင်းခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးတင်မောင်ဦးက ပြောသည်။

      ထို့ပြင် မြန်မာနိုင်ငံတွင် အသက် (၁၀)နှစ်အထက် လူပျို၊ အပျို စုစုပေါင်း (၁၆၁၆၇၀၃၁)ဦး၊ အသက်(၉၀) နှစ် အထက် လူဦးရေ(၄၂၇၂)ဦးရှိပြီး၊ အသက် (၁၀)နှစ်အထက် လူပျိုဦးရေ စုစုပေါင်း (၈၀၅၇၇၂၆)ဦး၊ အသက် (၁၀)နှစ် အထက် အပျိုဦးရေ စုစုပေါင်း(၈၁၀၉၃၀၅) ဦးရှိကြောင်း မြန်မာနိုင်ငံ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ပြည်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ အတွဲ(၂) ပါ အချက်အလက်များ အရ သိရသည်။

      မြန်မာနိုင်ငံတွင် အသက်(၁၀)နှစ် အထက်စုစုပေါင်း လူဦးရေ (၄၀၉၈၈၆၉၃) ဦး၊ အသက်(၉၀)နှစ် အထက် စုစုပေါင်း လူဦးရေ (၇၂၉၅၇)ဦးရှိပြီး၊ အသက် (၁၀) နှစ်အထက် အိမ်ထောင်ရှိသူပေါင်း (၂၁၃၄၆၃၁၆)ဦး၊ အသက်(၉၀) နှစ် အထက် (၁၇၄၂၅)ဦး ရှိကြောင်း ပြည်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ အတွဲ(၂)ပါ အချက်အလက်များအရ သိရသည်။

      လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနက ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ၂၀၁၄ ခုနှစ်၊ မတ်လ (၂၉)ရက်နေ့မှ ဧပြီလ(၁၀)ရက်နေ့အထိ တွေ့ရှိရာ အရပ်တွင် ကောက်ယူသည့်မူကို အသုံးပြု ကောက်ခံခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ သိရသည်။

http://messengernewsjournal.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။