မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ် အထက(၁)မှ နဝမတန်းကျောင်းသူတစ်ဦးသည် စာသင်ကျောင်းမှပြန်လာစဉ် အ သတ်ခံရကြောင်း မိုးကုတ်မြို့ဒေ သခံများထံမှ သတင်းရရှိသည်။
မိုးကုတ်မြို့ အထက(၁) ကျောင်းမှ သတ္တမတန်းကျောင်း သားတစ်ဦးသည် စက်တင်ဘာ ၂ ရက် ညနေ ၆ နာရီတွင် နေ့စဉ် ကျောင်းမှ အတူပြန်နေကျဖြစ်သူ အစ်မကို ကျောင်းအပြန်စောင့် ရာ မတွေ့သဖြင့် ပြန်လာစဉ် ရေ မြောင်းတံတားထိပ်လမ်းမပေါ်၌ အစ်မ၏စက်ဘီးနှင့် ထမင်းချိုင့် သာ တွေ့ရှိခဲ့သည်ဟုဆိုသည်။
ထို့ကြောင့် လိုက်လံရှာဖွေ ရာ ရေမြောင်းတံတားအောက် ရေမြောင်းထဲတွင် နှာခေါင်းသွေးထွက်၍ မှောက်လျက်အနေအထားဖြင့် သေဆုံးနေသဖြင့် မိုးကုတ်ဆေးရုံသို့ ပို့ဆောင်ကာ ရင်ခွဲစစ်ဆေးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
‘‘ပထမဆုံးတော့ လူသတ်မှု နဲ့ပဲ အမှုဖွင့်ထားတယ်။ ရင်ခွဲစစ် ဆေးချက်အဖြေရမှပဲ အဓမ္မပြု ကျင့်ထားတာ ရှိ၊ မရှိသိရမယ်။ ဆရာဝန်ရဲ့ဆေးစာရမှပဲ အမှုကို ထပ်မံတိုးပြီး ဖွင့်ရမှာဖြစ်တယ်။ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးကို တော့ ည ၇ နာရီခွဲအထိ ဒီအမှုနဲ့ ပတ်သက်ပြီး အမှုထပ်တိုးဖွင့်ထားခြင်းကို အကြောင်းကြားထားတာ မရှိပါဘူး’’ဟု မန္တလေးတိုင်းဒေသ ကြီးရဲတပ်ဖွဲ့မှူးရုံးမှ အကြီးတန်း ရဲအရာရှိတစ်ဦးက ပြောသည်။
နဝမတန်းကျောင်းသူသေ ဆုံးမှုနှင့်ပတ်သက်၍ ကျပ်ပြင် နယ်မြေရဲတပ်ဖွဲ့စခန်းတွင် ပြစ်မှု ပုဒ်မ ၃၀၂ အရ အမှုဖွင့်ပြီး တရား ခံဖမ်းဆီးရမိရေးအတွက် စုံစမ်း စစ်ဆေးနေကြောင်း တိုင်းဒေသ ကြီးရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိ သည်။
‘‘ကလေးက ကျောင်းကနေ အပြန် မုဒိမ်းပြုကျင့်ခံရပြီး အသတ်ခံရတယ်လို့ပြောတယ်။ အ လောင်းတွေ့တဲ့နေရာက မြို့ရဲ့ အစွန်လေးမှာ။ လူသွားလူလာ လည်း ပြတ်တယ်။ အိမ်ကလည်း အရင်ရက်ပိုင်းတွေက သွားပြီးကြို တယ်။ ဖြစ်တဲ့နေ့က သွားပြီး မကြိုလိုက်ရဘူး။ စက်တင်ဘာ ၃ ရက် ကပဲ သင်္ဂြိုဟ်လိုက်တယ်’’ဟု မိုး ကုတ်မြို့ဒေသခံတစ်ဦးက ပြော သည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ကျပ်ပြင်နယ်မြေရဲတပ်ဖွဲ့စခန်းမှ စခန်းမှူးနှင့်မိုးကုတ်မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။
http://www.7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။