တက္ကသီလ ဘုန်းကြီးကျောင်းမှ ဆရာတော်ပျံလွန်တော်မူခြင်း အဖြစ်မှန်သိရန် သွေးအမျိုးအစားများ စစ်ဆေးမည်

သတ်သည့် အခြေအနေမတွေ့ရဘဲ ကိုယ့်ကိုယ်ကိုယ် သတ်သေသည်ဟု ယူဆရကြောင်း ရဲစခန်းကို ကိုးကား၍ တာဝန်ရှိသူပြော

Byမောင်ကံ  Wednesday, September 23, 2015

 မြောက်ဦးမြို့တက္ကသီ လဘုန်းတော်ကြီးကျောင်းမှ ဆရာတော်ပျံလွန်တော်မူခြင်းနှင့် ပတ်သက်၍ အခင်းဖြစ်ပွားရာနေရာမှ သွေးအမျိုးအစားများကို စစ်ဆေးပြီးမှ လူသေမှု (သို့မဟုတ်) လူသတ်မှုဟု ကောက်ချက်ချနိုင်မည် ဖြစ်ကြောင်း မြောက်ဦးမြို့မရဲစ ခန်းမှ ရဲအရာရှိက ပြောသည်။

စက်တင်ဘာ ၂၁ ရက်တွင် မြောက်ဦးမြို့ ၀သဲရပ်ကွက်ရှိ တက္ကသီလ ဘုန်းတော်ကြီးကျောင်းမှ ဆရာတော်သည် လည်ပင်းပြတ်ရှ ဒဏ်ရာဖြင့် ပျံလွန်တော်မူနေခြင်းနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေမျိုးက စက်တင်ဘာ ၂၂ ရက်၌ လာရောက်စစ်ဆေးခဲ့သည်။

‘‘ပြည်နယ်ရဲတပ်ဖွဲ့မှူးကိုယ် တိုင်လာရောက်ပြီးတော့ စစ်ဆေး မှုတွေပြုလုပ်နေပါတယ်။ အခင်း ဖြစ်တဲ့နေရာမှာ ရှိတဲ့မတူညီတဲ့ နေရာသုံးနေရာက သွေးတွေကို ယူ ပြီးတော့ စီအိုင်ဒီကိုပို့ဖို့လုပ်နေပါ တယ်။ အဲဒီသွေးနမူနာတွေ စစ် ဆေးချက်ထွက်လာပြီးမှ မိမိကိုယ် ကိုယ် သတ်သေမှုလား၊ လူသတ်မှုလားဆိုတာကို ကောက်ချက်ချနိုင်ပါမယ်’’ဟု မြောက်ဦး မြို့မရဲစခန်းမှ ဒုရဲအုပ်ဘစံက ပြောသည်။

ဆရာတော် ပျံလွန်တော်မူခြင်းနှင့် ပတ်သက်၍ မြောက်ဦးမြို့မရဲစခန်းက သေမှုသေခင်းအမှုအမှတ် ၂၂/၂၀၁၅ ဖြင့် အမှုဖွင့်ကာ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေဆဲဖြစ်ကြောင်း အထက်ပါရဲအရာရှိက ဆိုသည်။

တက္ကသီလဘုန်းတော်ကြီး ကျောင်းမှ ဆရာတော်သည် တစ် ပါးတည်းသီတင်းသုံးနေခြင်းဖြစ် ကြောင်း၊ ကျောင်းတံခါးအမြဲပိတ်ထားပြီး တစ်စုံတစ်ယောက် ၀င် ရောက်သည့်အနေအထားမရှိဟု သိရကြောင်း၊အသတ်ခံရသည့် အ ခြေအနေမတွေ့ရဘဲ ကိုယ့်ကိုယ် ကိုယ်သတ်သေခြင်းဖြစ်သည်ဟု ယူဆနိုင်ကြောင်း၊ အသေးစိတ်စုံ စမ်းမှုများ ဆက်လက်ဆောင်ရွက် နေကြောင်း မြောက်ဦးရဲစခန်းအား ကိုးကား၍ သမ္မတရုံးညွှန်ကြား ရေးမှူး ဦးဇော်ဌေးက ၎င်း၏ ဖေ့စ် ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြထားသည်။ ‘‘ဘင်္ဂါလီလာသတ်တယ်ဆိုတာတော့ လုံးဝမဖြစ်နိုင်ပါဘူး။ မြောက်ဦးမြို့ကို ဘင်္ဂါလီတွေဝင် ဖို့ မလွယ်သလို ၂၀၁၂ ပဋိပက္ခဖြစ်စဉ်ဖြစ်ပြီးတဲ့နောက် ဘင်္ဂါလီတွေက မြောက်ဦးမြို့ထဲကို မ၀င်ကြတော့ပါဘူး။ အခုအချိန်မှာ ကောလာဟလတွေကို ဒေသခံ တွေအနေနဲ့ အထူးသတိထားဖို့ လိုပါတယ်။ သွေးစစ်ဆေးမှုတွေက နောက်ထပ်ရက် သတ္တတစ်ပတ်၊ဆယ်ရက်လောက်ဆိုရင် အဖြေ ပေါ်လာမှာဖြစ်ပါတယ်’’ဟု မြောက်ဦးမြို့မရဲစခန်းမှ ဒုရဲအုပ်ဘစံက ပြောသည်။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။