မင်းသားကြီး ရွှေဘန်း

မင်းသားကြီး ရွှေဘန်းမှာ ကုမ္ပဏီအမှုထမ်းတစ်ဦးဖြစ်သည်။ မည်သည့်အဆင့်ဖြင့် ကုမ္ပဏီတွင် တာဝန်ထမ်းဆောင်ခဲ့သည်ကို မသိရ။ မင်းသားကြီးသည်အင်းဝသို့ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူ ဖြစ်ခဲ့သည်။ အင်းဝမှ လွှတ်လိုက်သည်သို့မဟုတ် လွတ်မြောက်လာသည်ကိုကား မသိရ။

ရခိုင်သို့ ပြန်ရောက်သည့်အခါကုမ္ပဏီအစိုးရထံ တာဝန်ထမ်းဆောင်သည်။ မင်းသားကြီး ကုမ္ပဏီအစိုးရထံ အမှုထမ်းစဉ် အခွန်စည်းကြပ်မှုနှင့် ပတ်သက်၍လည်းကောင်း၊ ရခိုင်ပြည် လွတ်မြောက်ရေးနှင့် ပတ်သက်၍လည်းကောင်း မကျေမနပ် ဖြစ်ကြသည်။ မင်းသားကြီး၊ဒေးဝန်းကြီး၊ မြို့သူကြီးတို့ ဦးဆောင်ပြီး ကုမ္ပဏီအစိုးရအား တော်လှန်ကြသည်။

သို့ရာတွင် မင်းသားကြီးတို့ တော်လှန်ရေးမှာ အရေးနိမ့်ခဲ့ရသည်။ ဝံသဟိန္နံ မျိုးမမှန်သည့် သစ္စာဖောက် တစ်ကျိပ်ခြောက်ယောက်တို့ကြောင့် ဖမ်းဆီးခြင်းခံရသည်။ ကာလကတ္တားထောင်တွင် အကျဉ်းချထားခြင်း ခံရသည်။ ထိုအမှုကို LordMaccanley Chief court of Calcutta  ရုံးတွင် စစ်ဆေးပြီး တစ်သက်တစ်ကျွန်းအပြစ်ပေးခြင်း ခံရသည်။ မင်းသားကြီး အကျဉ်းခံနေစဉ် အစာငတ်ဆန္ဒပြသည်။ ယင်းသို့ ဆန္ဒပြ၍(၄၁)ရက်မြောက်တွင် ဘ၀တစ်ပါးသို့ ပြောင်းခဲ့ရ သည်။ ယင်းသို့ ဘ၀တစ်ပါးသို့ပြောင်းခဲ့သော်လည်း မင်းသားကြီး၏လုပ်ရပ်ကား မသေခဲ့။

 မင်းသားကြီး၏ရုပ်လောင်းကို ယူဆောင်လာခဲ့ပြီး ကုလားတန်မြစ်ဝ လက်ယာဘက် (အရှေ့ဘက်)ကမ်းရှိ ၀ဖြီးချပ်တောင်တန်းအနီးရှိ ပွဲကြည့်တောင်ခေါ် မုတ်ဆိတ်တောင်ဓာတ်တည်ရှိရာ တောင်ထိပ်၌ သင်္ဂြိုဟ်၍ အရိုးအိုးကို ဂူတည်ထားခဲ့ကြသည်။

မင်းသားကြီးသည် သေအံ့မူးမူးအချိန် ပြည်သူများအား မှာတမ်းရတုသွယ်ခဲ့သည်။ ထောင်နံရံတွင် သွေးမော်ကွန်းတင်ခဲ့သည်ဟု ဆိုကြသည်။ မင်းသားကြီး၏ ရတုမော်ကွန်းမှာ-

"မင်းသားအမှန်၊ ငါလျှင်ကြံဆ၊ နိုင်ငံရပ်စည်၊ တိုင်းပြည်အတွက်၊
ကိုယ့် အသက်ကို၊ ရက်ရက်စွန့်ခွာ၊ ကုလားရွာ၌၊ ခန္ဓာရုပ်ဟောင်း၊ ဘဝ
ပြောင်းလိမ့်" 

စသည်ဖြင့် မိမိတော်လှန်ခဲ့သည့် ဖြစ်ရပ်နှင့် ထောင်တွင်းဘ၀ပြောင်းရမည့် အခြေအနေကို ဖော်ပြပြီး တဖန်ဆက်လက်၍ မင်းသားကြီးကပြည်သူတို့ လျှောက်ရမည့်လမ်းကို ဖော်ပြရာမှာ-

"ငါလမ်းကြောင်းကို၊ ကောင်းကောင်းလိုက်နာ၊ ပြည်ဓညာကို၊
တစ်ခါမုချ၊ ငါတို့ရအံ့" 
ဟု နောက်သားနောင်လာ၊ နှောင်းသူများအား မှာတမ်းကို သွယ်ခဲ့သည်။

ယင်းကြောင့် မင်းသားကြီး၏ မှာတမ်းမှာ ယနေ့တိုင် ပြည်သူတို့၏ အသည်းနှလုံးတွင် ပဲ့တင်ရိုက်ခတ်လျက် ရှိနေသေးသည်။ မင်းသားကြီး၏စွမ်းဆောင်ချက်များကို ပြည်သူများက အစဉ်သတိရနေမည် ဖြစ်သည်။ လေးစားဦးညွှတ်နေကြမည်လည်း ဖြစ်သည်။

________
ဝန်ခံချက်။  ။ မြထွန်းအောင်ရေးသား`၍ ၁၉၉၅ ခုနှစ်၊ ဇူလိုင်လတွင် ထုတ်ဝေသည့် "ကိုလိုနီဘဝ ရွှေပြည်ရခိုင်" စာအုပ်မှထုတ်နှုတ်၍ "ကျောက်ဖြူလူငယ်များမီဒီယာ"အဖွဲ့မှ ပြန်လည်ဖော်ပြပါသည်။

Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။