လိပ်ကျွန်းလူသတ်မှုဖြင့် စွပ်စွဲခံရပြီး တရားစွဲဆိုခံနေရသော မြန်မာလုပ်သားနှစ်ဦးအနက် ဇော်လင်းအား စက်တင်ဘာ ၂ ရက်တွင် စတင်စစ်ဆေးရာ ၎င်းအား ညှဉ်း ပန်းနှိပ်စက်ပုံကို အသေးစိတ် ထွက်ဆိုခဲ့ပြီး နှိပ်စက်မှုကြောင့် ပြစ်မှုကျူးလွန်ပါသည်ဟု ဝန်ခံခဲ့ ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။
ထိုင်းရဲတပ်ဖွဲ့မှ တင်သွင်းထားသော တရားလိုပြသက်သေများကို ရုံးချိန်း ၁၂ ချိန်းထုတ်၍ စစ်ဆေးအပြီး စက်တင်ဘာ ၂ ရက်
တွင် ဇော်လင်းကို စတင်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ ဇော်လင်းအား စစ်ဆေးရာတွင် ၎င်းကို ဖမ်းဆီးစဉ်က စကားပြန် မြန်မာ၏နှိပ်စက်
မှုများကို အသေးစိတ် ထွက်ဆိုသွားကြောင်း မြန်မာသံရုံးအထူးအဖွဲ့မှ ရှေ့နေ ဦးအောင်မျိုးသန့် က ပြောသည်။
‘‘ဒီနေ့ ဇော်လင်းကို စစ်ပါတယ်။ သူ့ကို စစ်တာ မပြီးသေးပါဘူး။ သူ့ကို ဖမ်းဆီးတုန်းက နှိပ်စက်ခံရတာတွေကို အသေးစိတ် ထွက်ဆိုသွားပါတယ်။ စကားပြန် မြန်မာက စစ်ဆေးတုန်းမှာ နှိပ် စက်တယ်လို့ ထွက်ဆိုပါတယ်။ ပထမဆုံး ဦးခေါင်းကို ပလတ်စတစ်စွပ်ထားတယ်။ အဲဒါကို ပါးစပ်နဲ့ ကိုက်ဖောက်တယ်။ နောက်တစ်ခါ ထပ်စွပ်တယ်။ အဲဒါ
ကို ပါးစပ်နဲ့ထပ်ပြီး ကိုက်ဖောက်လို့ ထိုးတယ်လို့ ပြောတယ်။ နောက်ပြီး မဝန်ခံမချင်း နှိပ်စက်တယ်လို့ ထွက်ဆိုသွားပါတယ်’’ ဟု ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။
ဇော်လင်းအား စစ်ဆေးပြီးပါက ဝင်းဇော်ထွန်းကို စစ်ဆေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ ဖမ်းဆီးခံထားရသော မြန်မာလုပ်သားနှစ်ဦးသည် ဗြိတိန်
စုံတွဲကို၎င်းတို့သတ်ခြင်းမဟုတ် ဘဲ ထိုင်းရဲတပ်ဖွဲ့၏ နှိပ်စက်မှုကြောင့် ဝန်ခံထားခြင်း ဖြစ်ကြောင်း မီဒီယာများအား ပြောကြားထားသည်။ တရားခံပြသက်သေများအဖြစ် မြန်မာဘက်မှ
တင်သွင်းထားသော သူများကို ရုံးချိန်းခြောက်ချိန်းထုတ်၍ စစ်ဆေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
DNA စစ်ဆေးမှုနှင့်ပတ်သက်၍ အငြင်းပွားမှုများဖြစ်ပေါ် နေသောကြောင့် ထိုင်းနိုင်ငံမှ DNA စစ်ဆေးမှုပညာရှင် ဒေါက်တာဖွန်သစ်က စက်တင်ဘာ ၁၁ ရက်တွင် တရားရုံး၌ လာရောက်ထွက် ဆိုပေးသွားမည်ဖြစ်သည်။
7Day News Journal

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။