ကားလောကကို လှုပ်ခတ်နိုင်မည့် မော်တော်ယာဉ် ဥပဒေပြဋ္ဌာန်း

၂၀၁၅ စက်တင်ဘာ ၇ ရက်တွင် ပြည်ထောင်စုလွှတ်တော်သည် ဥပဒေ အမှတ် (၅၅) ဖြင့် မော်တော် ယာဉ်ဥပဒေကို ပြဋ္ဌာန်းလိုက်ပါ သည်။ အဆိုပါ ဥပဒေသည် ၁၉၆၆ တွင် တော်လှန်ရေးကောင် စီမှ ပြဋ္ဌာန်းထားသော ဥပဒေအ မှတ် (၁၇) ကို ဖြည့်စွက်ပြင်ဆင်၍ အသစ်ပြဋ္ဌာန်းလိုက်ခြင်း ဖြစ်ပါ သည်။ ကားလောကသား အများ စုသည် ကားပါကင်ထောက်ခံ ချက်၊ CIF ဈေးနှုန်း၊ ကြီး/ကော်၊ အော်တိုမိုဘိုင်း ပေါ်လစီ (Auto-mobile Policy) အစရှိသဖြင့် ငြင်းခုံနေချိန်တွင် ရထားပို့ဆောင်ရေး ၀န်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန မှ မော်တော်ယာဉ်ဥပဒေကို ရေးဆွဲလိုက်ခြင်း ဖြစ်သည်။
ရထားပို့ဆောင်ရေးဝန်ကြီး ဌာန ပို့ဆောင်ရေးညွှန်ကြားမှုဦးစီး ဌာနသည် မော်တော်ယာဉ် မှတ်ပုံ တင်ခြင်းနှင့်သာ သက်ဆိုင်သည့် ဌာနဟု အများကသိရှိထားသော် လည်း ယခုပြဋ္ဌာန်းလိုက်သော ဥပဒေအရ အခန်း(၃)မော်တော် ယာဉ်မှတ်ပုံတင်ခြင်း၊ အခန်း(၄) မော်တော်ယာဉ်မှတ်ပုံတင်ခြင်း ကို ခေတ္တရပ်စဲထားခြင်း၊ ဖျက် သိမ်းခြင်း၊ အခန်း(၅)မော်တော် ယာဉ်မောင်းလိုင်စင်၊ ယာဉ်အကူ လက်မှတ်နှင့် သင်တန်းကျောင်း လုပ်ငန်းလိုင်စင်များ ထုတ်ပေး ခြင်း၊ ငြင်းဆိုခြင်း၊ ခေတ္တရပ်စဲ ခြင်း၊ ဖျက်သိမ်းခြင်းနှင့် အမြဲတမ်းရုပ်သိမ်းခြင်း၊ အခန်း(၆)မော် တော်ယာဉ်တင်သွင်းခြင်း၊ ထုတ် လုပ်ခြင်း၊ ရောင်းချခြင်း၊ တည် ဆောက်တပ်ဆင်ခြင်း၊ ပြုပြင် ထိန်းသိမ်းခြင်းနှင့် စစ်ဆေးခြင်း၊ အခန်း(၇)၀န်ကြီးဌာန၏ လုပ်ပိုင် ခွင့်များ၊ အခန်း(၈)ဦးစီးဌာန၏ လုပ်ပိုင်ခွင့်များ၊ အခန်း(၉)တား မြစ်ချက်များ၊ အခန်း (၁၀)ပြစ် ဒဏ်များ၊ အခန်း(၁၁)လျော်ကြေး ငွေပေးဆောင်ခြင်း၊ အခန်း(၁၂) စည်းကမ်း ထိန်းသိမ်းခြင်းနှင့် အရေးယူခြင်း၊ အခန်း(၁၃)နည်း ဥပဒေများ ထုတ်ပြန်ရာတွင် ပါဝင်ရမည့် ကိစ္စရပ်များအရ မော်တော်ယာဉ်နှင့် ပတ်သက်သည့်ကိစ္စအ၀၀ကို ကိုင်တွယ်နိုင်မည့် သဘောသက်ရောက်ပါသည်။
အခန်း(၃)၊(၄)၊(၅) မှာ လက် ရှိ ဆောင်ရွက်နေသည့် ကညန၏ လုပ်ငန်းတာဝန်များဖြစ်၍ အထူး ပြောဆိုရန် မရှိပေ။ အခန်း(၆)တွင် ပါရှိသည့် မော်တော်ယာဉ် တင်သွင်းခြင်းမှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနက တာဝန်ယူနေပြီး မော်တော်ယာဉ်ထုတ်လုပ်ခြင်း၊ တည် ဆောက် တပ်ဆင်ခြင်းတို့မှာ လည်း စက်မှုဝန်ကြီးဌာနက တာ ၀န်ယူလုပ်ကိုင်နေသော လုပ်ငန်း များ ဖြစ်ပါသည်။ အခန်း(၇)၀န် ကြီးဌာန၏ လုပ်ပိုင်ခွင့်များတွင် ရထားပို့ဆောင်ရေးဝန်ကြီးဌာန သည် အစိုးရအဖွဲ့၏ သဘောတူ ညီချက်ဖြင့် ပြည်ပမှတင်သွင်း သည့် မော်တော်ယာဉ်အမျိုးအ စား၊ ထုတ်လုပ်သည့် ခုနှစ်နှင့် အရေအတွက် သတ်မှတ်ခြင်းတို့ ကို ဆောင်ရွက်ရမည်ဟု အပိုဒ် ၄၀(က)တွင် ပါရှိပါသည်။
 လက်ရှိ မော်တော်ယာဉ် တင်သွင်းရေးနှင့် ပတ်သက်၍ စီး ပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ ရထားပို့ဆောင် ရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးဝန် ကြီးဌာနတို့မှ ကိုယ်စားလှယ်များ ပါဝင်သည့် မော်တော်ယာဉ်တင် သွင်းမှုဆိုင်ရာ ကြီးကြပ်မှုကော် မတီကို ဖွဲ့စည်းဆောင်ရွက်လျက် ရှိပါသည်။ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ ဒုတိယ၀န်ကြီး မှ အတွင်းရေးမှူးအဖြစ်လည်း ကောင်း တာဝန်ယူပြီး စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ၀န် ကြီးဌာနက တာဝန်ယူ (Focal Ministry) အဖြစ် ဆောင်ရွက် လျက်ရှိပါသည်။ ကြီး/ကော် ဟု အတိုကောက် ခေါ်ဆိုသည့် အဆို ပါ ကော်မတီသည် ဌာနဆိုင်ရာ အချင်းချင်း ပေါင်းစပ် ညှိနှိုင်းပေးခြင်း၊ ကားအရောင်းပြခန်း (Showroom)၊ ကားအရာင်းစင် တာ (Sale Center) များ မှတ်ပုံ တင်ခွင့်ပြုခြင်း၊ စည်းကမ်းထိန်း သိမ်းခြင်း၊ အခွန်အခများ ညှိနှိုင်း သတ်မှတ်ခြင်း၊ ကားအမျိုးအစား နှင့် မော်ဒယ်သတ်မှတ်ခြင်းတို့ကို ဆောင်ရွက်လျက် ရှိပါသည်။ ယခုပြဋ္ဌာန်းလိုက်သော ဥပဒေအရ အဆိုပါ ကြီး/ကော်နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၏ ကားတင်သွင်းခြင်းဆိုင်ရာ မူဝါဒချမှတ်ခြင်းကို လွှမ်းမိုးသွားနိုင်မည့် သဘောဖြစ်နေပါသည်။
အခန်း(၈)ဦးစီးဌာန၏ လုပ် ပိုင်ခွင့်များတွင် မော်တော်ယာဉ် ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ တည်ဆောက်ခြင်းတို့မှာ မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) နှင့် စက်မှုဝန်ကြီးဌာနတို့၏ ကြီး ကြပ်ခွင့်ပြုမှုဖြင့် ဆောင်ရွက်နေ သော လုပ်ငန်းများ ဖြစ်ပါသည်။ ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ပွားစေ ရန်နှင့် ယာဉ်အန္တရာယ် ကင်းရှင်း ရေး ဆောင်ရွက်ရာတွင် အဆင့် မြင့်နည်းပညာများ အသုံးပြု၍ ဆောင်ရွက်ခြင်းကိုလည်း ကညန၏ လုပ်ပိုင်ခွင့်များ အခန်းတွင် ဖော်ပြထားပါသည်။ ရန်ကုန်မြို့ တော် ယာဉ်ကြောပိတ်ဆို့မှုအ တွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ၀န်ကြီးချုပ် ဦး ဆောင်ပြီး အလုပ်ရုံဆွေးနွေးပွဲ များ ဆောင်ရွက်ခြင်း၊ မီးပွိုင့်များတွင် ကွန်ပျူတာ စနစ်များတပ် ဆင်ခြင်း၊ ကားပါကင်များ၊ ခုံး ကျော်တံတားများ တည်ဆောက် ခြင်းတို့ကို အင်တိုက်အားတိုက် ဆောင်ရွက်နေပါသည်။ ထိုသို့ ဆောင်ရွက်ခြင်းသည်ပင် အလုံးစုံ ဖြေရှင်းနိုင်ခြင်း မရှိပါ။ ကညန ဦးစီးဌာန တစ်ခုတည်းအနေ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ယာဉ်ကြောပိတ်ဆို့မှုကို ဆောင်ရွက်ရန် အခက်အခဲများစွာ ရှိနိုင်ပါသည်။
ပုဒ်မ -၅၅ တွင် မော်တော် ယာဉ်ပေးကမ်းခြင်းနှင့် ရောင်းချ ခြင်းတို့တွင် စာချုပ်ချုပ်ဆိုသည့် နေ့ရက်မှ ရက်ပေါင်း ၃၀ အတွင်း မှတ်ပုံတင်သူ အမည်ပြောင်း လျှောက်ထားရန် လိုပါသည်။ ပျက်ကွက်ပါက ကျပ်တစ်သိန်း ထက် မပိုသော ငွေဒဏ်ချမှတ် မည် ဖြစ်ပါသည်။ အခန်း (၁၃)နည်းဥပဒေများ ထုတ်ပြန်ရာတွင် ပါရှိသည့် အပိုဒ် -၇၅(၃)ယာဉ် အန္တရာယ်၊ လမ်းအန္တရာယ် ကင်း ရှင်းရေးအတွက် ရည်ရွယ်၍ လက်ယာ ကပ်မောင်းစနစ်နှင့် ကိုက်ညီသည့် ဘယ်မောင်းယာဉ်များသာ အသုံးပြုနိုင်ရေးကိစ္စဆိုသော အချက်မှာ လက်ရှိမော်တော်ကားလောကကို ကြီးကျယ်သော ပြောင်းလဲမှုတစ်ခု ဖြစ်လာနိုင်ပါသည်။
ယခုအခါတွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)၊ မြန်မာ နိုင်ငံအင်ဂျင်နီယာအသင်း (MES)နှင့် မြန်မာမော်တော်ယာဉ် ထုတ် လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း (MA-MDA) တို့ ပူးပေါင်း၍ Auto-mobile Policy Task Force ဖွဲ့စည်းပြီး မြန်မာနိုင်ငံအတွက် Automobile ပေါ်လစီတစ်ခု  ပေါ်ပေါက်လာစေရန် ရေးဆွဲလျက်ရှိပါသည်။ အဆိုပါ ပေါ်လစီရေး ဆွဲရေးသို့ ကညန၊ စက်မှုဝန်ကြီးဌာန၊ အကောက်ခွန်၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ် ရေးဝန်ကြီးဌာန JICA, JETRO,KOTRA တို့မှ ကိုယ်စားလှယ် များပါဝင်၍ ရေးဆွဲလျက်ရှိပါ သည်။ Automobile  Policy ရေးဆွဲပြီးပါက အစိုးရအဖွဲ့သို့ တင်ပြသွားမည် ဖြစ်ပါသည်။ အဆိုပါ ညှိနှိုင်းအစည်းအဝေးတွင် အဓိကဆွေးနွေး နေရသော အချက်မှာ ဘယ်မောင်း၊ ညာမောင်းဖြစ်ပါသည်။ လက်ရှိ မြန်မာပြည်တွင် အသုံးပြုနေသော မော်တော်ယာဉ်များမှာ ညာမောင်းအမျိုး အစားများ ဖြစ်ပါသည်။ မြန်မာပြည်တွင် မော်တော်ယာဉ်တင်သွင်းမှု၏ ၉၉ ရာ ခိုင်နှုန်းကျော်မှာ ကားအဟောင်း (Used) ကားတင်သွင်းခြင်း ဖြစ်ပါသည်။
မော်တော်ကား အဟောင်း တင်သွင်းရာတွင် ကမ္ဘာ့  Used Car (အသုံးပြုပြီးကား) ဈေးကွက် ကြီးတစ်ခု ဖြစ်သည့် ဂျပန်နိုင်ငံ မှ အဓိက တင်သွင်းကြပါသည်။ ဂျပန်နိုင်ငံမှ Used Car များမှာ အရည်အသွေးအရ အခြားနိုင်ငံ များထက်သာလွန်ခြင်း၊ အတွင်း ပိုင်းပြင်ဆင်ထားမှု ကောင်းမွန် ခြင်း၊ ရွေးချယ်စရာများခြင်းတို့ ကြောင့် ဖြစ်ပါသည်။ ယာဉ် ကြောစနစ်ဖြင့် မကိုက်ညီသော် လည်း နှစ်ပေါင်းများစွာ အသုံးပြု လာသောကြောင့် အသားကျနေ ပြီ ဖြစ်ပါသည်။ ဘယ်မောင်း၊ ညာမောင်းကားများကို ယှဉ်ပြီးမောင်းလျှင် ညာမောင်းကားကိုသာကြိုက်နှစ်သက်ကြသည်။
Automobile Policy တွင် ၂၀၁၈ နှစ်ကုန်ဆုံးသည့်အခါတွင် ဘယ်မောင်းယာဉ်များကိုသာ တင်သွင်းခွင့်ပြုရန်ဟု ပါရှိပါသည်။ သို့မှသာ လက်ရှိဆောင်ရွက် လုပ်ကိုင်နေသော မော်တော်ကားတင်သွင်းရောင်းချသူများနှင့် စီးနင်းသည့်သူများအတွက် အချိန်ယူကာပြောင်းလဲနိုင်မည် ဖြစ်ပါသည်။
သို့ပါသော်လည်း မော်တော် ယာဉ်ဥပဒေ ပြဋ္ဌာန်းပြီးဖြစ်၍ ရက် ပေါင်း ၉၀ အတွင်းနည်းဥပဒေ ပြဋ္ဌာန်းတော့မည် ဖြစ်ပါသည်။ အဆိုပါ နည်းဥပဒေအရ ဘယ် မောင်းကိုသာ ပြောင်းလဲတင်သွင်းခွင့်ပြုလျှင် ရုတ်ခြည်းဖြစ်၍ ပြည် သူများ အငိုက်မိကာ ကျယ်လောင်သောအသံများ ထွက်လာမည်ဖြစ်ပါသည်။ ဥပဒေတစ်ရပ် ရေးဆွဲမည်ဆိုပါက အခြားသော ဆက်စပ်ဝန်ကြီးဌာနများ၊ အသင်းအဖွဲ့မှ တာဝန်ရှိသူများ၊ ပြည်သူများကိုပါ ဖိတ်ကြားပါဝင်ရေးဆွဲမှသာ ပြည်သူလူထု၏ အသံကိုထည့်ဝင်နိုင်ပြီး အကျိုးရှိမည့်ဥပဒေတစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း တင်ပြအပ် ပါသည်။ ။
http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။