မလေးရှားနိုင်ငံတွင် မလေး-တရုတ် ပဋိပက္ခဖြစ်မည့် ကောလဟာလများကြား လူမျိုးရေး တင်းမာမှုများ မြင့်မားလာ



အစိုးရလိုလားသည့် တိုင်းရင်းသားမလေးအုပ်စုနှင့် ပဋိပက္ခဖြစ်နိုင်ဖွယ်ရှိသောကြောင့် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် အတိုက်အခံခေါင်းဆောင်များက တရုတ်စီးပွားရေးလုပ်ငန်းရှင်များနှင့် မဟာမိတ်ဖွဲ့ လိုက်သည့်အတွက် မလေးရှားမြို့တော် ကွာလာလမ်ပူတွင် လူမျိုးရေးတင်းမာမှုများ မြင့်တက်လျှက် ရှိသည်။

တရုတ်ကုန်သည်များ၏ ခြယ်လှယ်မှုများကို ဆန့်ကျင်ရန် လက်ရှိရုန်းကန်နေရသည့် ဝန်ကြီးချုပ် နာဂျစ်ရာဇက်ကို ထောက်ခံသူများက စုဝေးဆန္ဒပြမည့် ကောလဟလများ ထွက်ပေါ်နေသောကြောင့် မလေးရှားရဲတပ်ဖွဲ့က ကွာလာလမ်ပူမြို့လယ်ကို စက်တင်ဘာ ၂၆ရက်နေ့က လုံခြုံရေးတင်းကျပ်ထားခဲ့သည်ဟု ဆိုသည်။

သတင်းတစ်ရပ်အရ အချို့နိုင်ငံရေးသမားများက လူမှုရေးစည်းလုံးညီညွတ်မှုကို ပျက်ပြားစေရန် လုပ်ဆောင်နေမှုကို ဆန့်ကျင်ရပ်ခံကြရန် အကျဉ်းကျခံနေရသည့် အတိုက်အခံခေါင်းဆောင် အန်ဝါ အီဗရာဟင်၏ သမီးဖြစ်သူ နာရူး အစ်ဇက် အန်ဝါက ပြည်သူလူထုကို တိုက်တွန်းနေသည်။

"လူမျိုးရေးခွဲခြားမှုဟာ ကျောက်ခေတ်တုန်းက စိတ်ဓာတ်ပါ’’ဟု သူမက ပြောကြားကြောင်း သတင်းတစ်ရပ်တွက် ကိုးကားဖော်ပြထားသည်။

ခြစားမှုစွပ်စွဲချက်များဖြင့် ရာထူးမှဆင်းပေးရန် ဖိအားပေးခံနေရသည့် ၀န်ကြီးချုပ်ကို ထောက်ခံကြောင်း ဆန္ဒပြသည့်အနေဖြင့် ပြီးခဲ့သည့် ရက်သတ္တနှစ်ပတ်က သောင်းနှင့်ချီသည့် မလေးတိုင်းရင်းသားများမှာ အနီရောင်ရှပ်အင်္ကျီများဝင်ဆင်ပြီး ကွာလာလမ်ပူမြို့လယ်ခေါင်တွင် စုဝေးခဲ့ကြပြီးနောက် လူမျိုးရေး တင်းမာလာမည့် အရိပ်အယောင်များ ပေါ်ထွက်လာခဲ့သည်။

ရာဇက်လိုလားသည့် ဆန္ဒပြသူများက ကွာလာလမ်ပူ၏ တရုတ်စီးပွားရေးလုပ်ငန်းရှင်များ ကြီးစိုးသော ရပ်ကွက်အတွင်းသို့ အတင်းအဓမ္မ ၀င်ရောက်ရန်ကြိုးစားစဉ် လုံခြုံရေးတပ်ဖွဲ့များက ဖြတ်တောက် တားဆီးခဲ့ရသည်ဟု ဆိုသည်။ ဆန္ဒပြပွဲတွင် ပါဝင်သူများးက တရုတ်နွယ်များမှာ ၀န်ကြီးချုပ်အပါအ၀င် မလေးခေါင်းဆောင်များကို စော်ကားနေသည်ဟု စွပ်စွဲခဲ့ကြသည်။

အစိုးရ၏ ကိန်းဂဏန်းအချက်အလက်များအရ မလေးလူဦးရေ သန်း၃၀နီးပါး၏ ၆၇.၄ရာခိုင်နှုန်းမှာ မလေးနှင့် အခြားဌာနေသားများဖြစ်ကြပြီး တရုတ်နွယ်များမှာ လူဦးရေ၏ ၂၄.၆ရာခိုင်နှုန်းအထိ အကြီးမားဆုံး လူနည်းစုအဖြစ် ရပ်တည်နေသည်ဟု ဆိုသည်။

http://mizzimaburmese.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။