ကယားလူမျိုးစုဒီမိုကရေစီပါတီ

၁။ ဥက္ကဋ္ဌ - ဦးစောဒယ်နီရယ်။
၂။ ပါတီဝင်အရေအတွက် - ၂၅,၀၀၀။
၃။ မဲဆန္ဒနယ် - ကယားပြည်နယ် ခုနစ်မြို့နယ်တွင် ၂၆ နေရာဝင်ရောက်ယှဉ်ပြိုင်မည်။
၎။ ပါတီမူဝါဒ - ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုစနစ်ဖော်ဆောင်မည်။
၅။ ပါတီဆောင်ပုဒ် - အနာဂတ်လူမှုဘဝမျှော်မှန်းချက်၊ ပြောင်းလဲခြင်းနှင့် ဖော်ဆောင်ရွက်။
၆။ ကိုယ်စားလှယ်လောင်းရွေးချယ်မှုသတ်မှတ်ချက် - ဝင်ရောက်ယှဉ်ပြိုင်မည့်သူ ထက်ဝက်ကျော်ကျော်ကို ပြည်သူကရွေးချယ်ပြီး ကျန်နေရာများအတွက်
ပါတီက ရွေးချယ်သည်။
၇။ ပါတီရန်ပုံငွေ − ပါတီရန်ပုံငွေမရှိပါ။ အမတ်လောင်းများ ကိုယ့်စရိတ်နှင့်ကိုယ်ယှဉ်ပြိုင်ရမည်။
၈။ ပါတီနောက်ခံသမိုင်း- ၂၀၁၂ နှစ်ကုန်ပိုင်းတွင် ပါတီဖွဲ့စည်းရန် စတင်လှုပ်ရှားခဲ့ပြီး ၂၀၁၃ နှစ်ကုန်ပိုင်း၌ ပါတီတရားဝင်ဖွဲ့စည်း။

ပါတီဥက္ကဋ္ဌနှင့် အမေးအဖြေ

လွှတ်တော်ထဲရောက်ရင် အခြေခံဥပဒေကိုပြင်ဆင်ဖို့ ဘယ်လိုမျိုးစွမ်းဆောင်နိုင်မလဲ။
ကျွန်တော်တို့သာ လွှတ်တော်ထဲဝင်ရောက်နိုင်ခဲ့ရင် ပြင်ဆင်မှုတွေ အများကြီးလုပ်ဖြစ်မှာပါ။ ပြင်သင့်ပြင်ထိုက်တာတွေပြင်မယ်။ ဒီမိုကရေ စီနဲ့မညီတဲ့ ကိစ္စတွေအများဆုံးပြင်ဆင်မှာပဲ။ အခုလက်ရှိအနေအထား အရ လွှတ်တော်မှာ တင်ထားတာတွေက အနည်းငယ်လောက်ပဲ ဆွေး နွေးမှုပြုလုပ်ထားနိုင်ကြသေးသလို ဆွေးနွေးသမျှလည်း မအောင်မြင်ကြ တာများတယ်။
လွှတ်တော်ထဲရောက်ရင် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေးမှာ ဘယ်လောက်ထိ ကူညီပေးနိုင်မယ်လို့ ယုံကြည်ပါသလဲ။
ပြည်တွင်းငြိမ်းချမ်းရေးအတွက်က လွှတ်တော်ထဲမရောက်ခင် ကတည်းကကို ကျွန်တော်တို့လုပ်နေပါတယ်။ ထိရောက်မှုနည်းတာကို တော့ တွေ့ရတယ်။ ဒီကိစ္စက စေတနာမှန်မှန်နဲ့လုပ်ရင် ငြိမ်းချမ်းရေးဖြစ် ပေါ်ဖို့ မခက်ခဲပါဘူး။
ပြည်သူတွေရဲ့ ၀င်ငွေ၊ ထွက်ငွေမျှအောင် ကူညီပေးဖို့ စဉ်းစားထား သလား။
အခြေခံလူတန်းစားဘဝရပ်တည်နိုင်ရေးက အောက်ခြေကလုပ်ရ မှာပါ။ နိုင်ငံတကာမှာ ဒီကိစ္စကို ဖြေရှင်းတဲ့နည်းစနစ်တွေ အများကြီးရှိ တယ်။ အဓိကကတော့ ပွင့်လင်းမြင်သာမှုရှိဖို့ပေါ့။ ဈေးကွက်စီးပွားရေး စနစ်ကို ပွင့်လင်းမြင်သာစွာပြောင်းလဲနိုင်တဲ့အဆင့်ရောက်အောင်တော့ ကြိုးစားရမှာပဲ။
ပြည်သူတွေက ကယားလူမျိုးစုဒီမိုကရေစီပါတီကို ဘာကြောင့် မဲပေး သင့်သလဲ။
ကျွန်တော်တို့ ပြည်နယ်အစိုးရဖွဲ့နိုင်မှသာ ဒီပြည်နယ်မှာရှိတဲ့ပြည် သူတွေအကျိုးကို ပိုလုပ်ပေးသွားနိုင်မှာပါ။ ဒါကို ပြည်သူတွေနားလည်ဖို့ လိုပါတယ်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အရေးကြီးတယ်။ ဥပဒေပြုရေး၊ တရား စီရင်ရေးတွေ တိတိကျကျလုပ်စရာအများကြီးလုပ်ရမယ်။ ဒီလိုလုပ်နိုင် အောင် ပြည်သူတွေရွေးချယ်မှုက အရေးပါတယ်။
သမ္မတလောင်းရွေးချယ်ခွင့်ရှိရင် ဘယ်လိုပုဂ္ဂိုလ်မျိုးကို ရွေးချယ်မလဲ။
သမ္မတလောင်းအရည်အချင်းနဲ့ပတ်သက်လို့ ကျွန်တော်တို့ ဆွေးနွေးထားတာတော့မရှိသေးဘူး။ တိုင်းရင်းသားတွေဘက်ကတော့ သမ္မတလောင်းတစ်ယောက်ပါဝင်ဖို့တောင်းဆိုလိုတယ်။ တိုင်းရင်းသား တွေအခန်းကဏ္ဍ အရမ်းလိုအပ်တယ်။ တိုင်းရင်းသားတွေ ဘဝချွတ်ခြုံကျ နေတာကို ဦးစီးဦးဆောင်နိုင်မယ့် သမ္မတတစ်ဦးရွေးချယ်ပေးနိုင်ဖို့မျှော် လင့်တယ်။
ဥက္ကဋ္ဌ ကိုယ်ရေးအကျဉ်း
အသက်- (၅၇) နှစ်။
ပညာအရည်အချင်း- ဝိဇ္ဇာဘွဲ့ (စိတ်ပညာ)
နိုင်ငံရေးဖြတ်သန်းမှု အတွေ့အကြုံ- နိုင်ငံရေးကို ဝန်ထမ်းဘဝကတည်း က လုပ်ဆောင်ခဲ့ပြီး ၈၈ အရေးတော်ပုံတွင် ဝန်ထမ်းဘဝမှ အနားပေးခံရ သည်။ ၁၉၉၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
လက်ရှိအလုပ်အကိုင်- ပါတီဥက္ကဋ္ဌ။
စံပြပုဂ္ဂိုလ်- အမေရိကန် သမ္မတဟောင်း အေဗရာဟင်လင်ကွန်း။
ဆက်သွယ်ရန် ဖုန်းနံပါတ်- ၀၉-၄၉၃၅၄၃၅၁။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။