စံချိန်တင် မူးယစ်ဆေးဝါးအမှုတွင် ဖမ်းမိထားသူများသည် သန်းနှင့်ချီသော စိတ်ကြွဆေးများ ပြည်ပသို့ နှစ်ကြိမ်တိုင် ပို့ဖူးသူများဖြစ်နေ

စံချိန်တင်ဖမ်းမိသည့်မူး ယစ်ဆေးဝါးအမှုတွင် ဖမ်းဆီးစစ် ဆေးခံနေရသည့် ကုမ္ပဏီတာဝန် ရှိသူများသည် ထိုအမှုမတိုင်မီ အရေအတွက် သန်းနှင့်ချီသည့် စိတ်ကြွဆေးပြားများကို ပြည်ပ နိုင်ငံများသို့ နှစ်ကြိမ်တိုင် ကုန် သွယ်ရောင်းဝယ်ခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှ သတင်းရရှိသည်။

မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာ ဝင်းအတွင်း ကားတစ်စီးပေါ်မှ WY စိတ်ကြွဆေးပြား ၂၆ ဒသမ ၇ သန်းကို ပြီးခဲ့သည့် ဇူလိုင်အ တွင်းက ပိုင်ရှင်မဲ့ဖမ်းမိပြီးနောက်ယင်းအမှုနှင့်ဆက်စပ်သည့်စီးပွား ရေးလုပ်ငန်းရှင်များကို ရဲတပ်ဖွဲ့ က ဖမ်းဆီးစစ်ဆေးခဲ့သည်။

လက်ရှိအချိန်တွင် ကုလား တန်မြစ်ဝှမ်းဒေသဖွံ့ဖြိုးရေးကုမ္ပ ဏီဒါရိုက်တာအပါအဝင် ကိုးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေ ပြီး လွတ်မြောက်နေသူအချို့လည်း ရှိနေသေးသည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ဒုတိယ ရဲမှူးကြီးတစ်ဦးက ပြောသည်။ လွတ်မြောက်နေသူ အရေအတွက်နှင့် ဖမ်းဆီးထားသူများအား မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို လုံခြုံရေးအခြေအနေအရ မပြောနိုင်သေးဟု ဆိုသည်။

‘‘စစ်ဆေးချက်အရ သူတို့ တွေက ဒီမတိုင်ခင်မှာ နှစ်ကြိမ် အရောင်းအဝယ် လုပ်ခဲ့သေး တယ်။ ပြည်ပနိုင်ငံတွေကိုပေါ့။ ရေကြောင်းရော ကုန်းလမ်းပါ အ သုံးပြုပြီး တခြားနိုင်ငံတွေကို ပို့ခဲ့ တာ’’ဟု ဒုတိယရဲမှူးကြီးက ပြောသည်။

ယခုတစ်ကြိမ်သည် မင်္ဂလာ ဒုံမြို့နယ် ရဲတပ်ဖွဲ့က ညအချိန် ကင်းလှည့်စဉ် အဆိုပါ စံချိန်တင် စိတ်ကြွဆေးပြားများကို စတင် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်ဟု သ တင်းရရှိသည်။

ယင်းအမှု၏နောက်ဆက်တွဲ အဖြစ် နောက်ထပ်စိတ်ကြွဆေး ပြား ရှစ်သန်းခန့်ကို ဖမ်းဆီးခံထား ရသူများ၏နေအိမ်များမှ သုံးကြိမ် ထပ်မံသိမ်းဆည်းနိုင်ခဲ့ပြီး ယနေ့ အချိန်အထိ စိတ်ကြွဆေးပြားအ ရေအတွက် ၃၄ သန်းကျော်သိမ်း ဆည်းထားနိုင်သည်ဟု နေပြည် တော်မူးယစ်တပ်ဖွဲ့စုမှ ဒုတိယရဲ မှူးကြီး ကျော်ကျော်မင်းက ပြော သည်။

ကာလပေါက်ဈေး ကျပ်ငွေ ဘီလီယံ ၁၇၀ ကျော်တန်ဖိုးရှိသည်ဟု ရဲတပ်ဖွဲ့က သတ်မှတ်ထားသည်။  မူးယစ်ဆေးဝါးတားဆီးနှိမ် နင်းရေးရဲတပ်ဖွဲ့မှ ဒုတိယရဲမှူး ကြီးမြင့်အောင်က ယခုအမှုသည် ပြည်သူများအလွန်စိတ်ဝင်စားကြ ပြီး နောက်ဆက်တွဲတရားခံများကို ဖမ်းဆီးနိုင်ရေးအတွက် တာဝန်သိ ပြည်သူများ၏သတင်းပေးပို့မှုကို ရဲတပ်ဖွဲ့အနေဖြင့် ကြိုဆိုနေသည် ဟု ပြောသည်။ ထို့ပြင် တိမ်းရှောင် နေသည့် တရားခံများ အမြန်ဆုံး ဖမ်းမိရေးအတွက် ပြည်ပ နိုင်ငံရဲတပ်ဖွဲ့များနှင့် ပူးပေါင်းလုပ် ဆောင်နေသည်ဟုဆိုသည်။

မြန်မာနိုင်ငံတွင် ယခု ဖမ်း ဆီးရမိသည့် မူးယစ်ဆေးအမှု သည် နိုင်ငံတကာကပင် စိတ် ဝင်စားနေသည့် ဒုတိယအကြိမ် စံချိန်တင် မူးယစ်ဆေးမှုဖြစ်သည်။ ပြီးခဲ့သည့်နှစ် စက်တင်ဘာက လည်း ကော့သောင်းမြို့နှင့် ထိ စပ်နေသည့် မြန်မာ့ပင်လယ်ရေ ပြင်ပိုင်နက်အတွင်း စက်လှေတစ် စီးပေါ်၌ အမေရိကန်ဒေါ်လာသန်း ၂၀ ခန့် တန်ဖိုးရှိ စိတ်ကြွဆေးများ တပ်မတော်ရေက ဖမ်းမိခဲ့သည်။

မြန်မာနိုင်ငံသည် ဘိန်းစိုက် ပျိုးထုတ်လုပ်မှုတွင် ကမ္ဘာ ပေါ်၌ အာဖဂန်နစ္စတန် နိုင်ငံ နောက် ဒုတိယအများဆုံးနိုင်ငံဖြစ်ပြီး အာရှဒေသတွင်း စိတ်ကြွဆေးအများဆုံးရောင်းဝယ်ဖောက်ကားသည့် နိုင်ငံဖြစ်နေသည်ဟု UNODC က သတိပေးထားသည်။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။