ကျောက်တော်မြို့ ဦးဥတ္တမနေ့ အခမ်းအနားလူပေါင်း ၃၀၀၀ ကျော်တက်ရောက်

ရန်ကုန်၊ စက်တင်ဘာ ၉

ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် ယနေ့ကျင်းပ ပြုလုပ်သော (၇၆) နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့အခမ်းအနားသို့ လူပေါင်း ၃၀၀၀ ကျော် တက်ရောက် ဂါရ၀ပြုခဲ့ကြသည်ဟု သတင်း ရရှိသည်။

ကိုမောင်သိန်း (ရှစ်လေးလုံး - ရခိုင်ပြည်)က အနာဂတ် မျိုးဆက်သစ်တွေ ဆရာတော် ဦးဥတ္တမကို မမေ့ရအောင်၊ ဆရာတော် ဦးဥတ္တမရဲ့ ဂုဏ်ကျေးဇူးတွေကို အစဉ်အောက်မေ့တတ်အောင်နှင့် အာရှနေ၀န်း မြန်မာလွတ်လပ်ရေး ဗိသုကာ ဦးဥတ္တမ စိတ်ဓာတ်ကို အတုယူအားကျပြီး မြန်မာပြည် ကောင်းကျိုး၊ ရခိုင်ပြည်နယ် ကောင်းကျိုးကို သယ်ပိုး ရွတ်ဆောင်လိုစိတ်များ ရှင်သန် ထက်မြက်လာစေရန် ရည်ရွယ်၍ ကျင်းပရခြင်း ဖြစ်ကြောင်း ပြောကြားသည်။

အခမ်းအနားကို ကျောက်တော်မြို့ သာသနာ့ဗိမာန်မှာ ကျင်းပခဲ့ကြသည်။ တက်ရောက်လာသည့် အဖွဲ့အစည်းများက လွမ်းသူပန်းခွေများ အသီးသီးချခဲ့ကြပြီး ရဟန်းသံဃာတော်များကိုလည်း ဆွမ်းကပ်လှူကာ ဒါနပြုခဲ့ကြသည်ဟု သိရသည်။

(ယနေ့ ကျောက်တော်မြို့ ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနား)


___Narinjara 
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။