ရန်ကုန်၊ စက်တင်ဘာ ၉

ရခိုင်ပြည်နယ် အမ်းမြို့တွင်လည်း (၇၆) နှစ်မြောက် မြန်မာလွတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ရဟန်းတော် ၂၂ ပါး အပါအ၀င် လူပေါင်း ၁၈၀ ခန့် တက်ရောက်ခဲ့ကြောင်း၊ အခမ်းအနားကို အမ်းမြို့ရှိ ဦးဥတ္တမ ပန်းခြံတွင် ကျင်းပခဲ့ကြောင်း အမ်းဒေသခံ ကိုစိုးသိန်းက နိရဉ္စရာသို့ ပြောကြားသည်။
အခမ်းအနားအား အမ်းမြို့နယ်လုံးဆိုင်ရာ လူငယ်ဆွမ်းလောင်းအသင်း အဖွဲ့ (အမ်းမြို့)က ကြီးမှူးကျင်းပခဲ့သည်ဟု သိရသည်။
အမ်းမြို့နယ်အတွင်း လူငယ်များအကြား ဗဟုသုတနှင့် နိုင်ငံရေးနိုးကြားမှု မှာ ယခင်ကထက် မြင့်မားလာရာမှ ဆရာတော် ဦးဥတ္တမနေ့ကို ယခုလို အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့ခြင်း ဖြစ်ကြောင်း ကိုစိုးသိန်းက ပြောဆိုသည်။

( ယခု ဓာတ်ပုံများကို အမ်းမြို့နယ်လုံးဆိုင်ရာ လူငယ်ဆွမ်းလောင်းအသင်း အဖွဲ့ (အမ်းမြို့) ဒုဥက္ကဋ္ဌ ကိုထွန်းထွန်းသိန်းမှ ပေးပို့သည်။)

___Narinjara

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။