၂၀၁၂ ခုနှစ် ဇွန် ၈ ရက်က တိုင်းရင်းသားကျေးရွာများ မီးရှို့ရာ၌ ပါဝင်ခဲ့သည်ဟု သံသယရှိသူ UNHCR ၀န်ထမ်း ဘင်္ဂါလီတစ်ဦးအား ဖမ်းဆီးတရားစွဲဆိုထား

၂၀၁၂ ခုနှစ် ဇွန် ၈ ရက်က တိုင်းရင်းသား ကျေးရွာများကို မီးရှို့ရာ၌ ပါဝင်ခဲ့သည်ဟု သံ သယရှိသူ UNHCR ၀န်ထမ်း ဘင်္ဂါလီတစ်ဦးအား ဖမ်းဆီးကာ သြဂုတ် ၂၅ ရက်က မောင် တောမြို့နယ်တရားရုံးတွင် တရားစွဲခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါဘင်္ဂါလီမှာ UNHCR မောင်တောမြို့၏ ပြည်သူ့အကျိုးပြုလုပ်ငန်း တွဲဖက်အရာရှိဖြစ်သူ ဒီမူဟာမတ် (ဘ) အဒူရော်မန် (၃၆ နှစ်) ဖြစ်ကြောင်းနှင့် ၎င်းင်းသည် ၂၀၁၂ ခုနှစ် ဇွန် ၈ ရက်က မောင်တောမြို့နယ်အတွင်း တိုင်းရင်းသားကျေးရွာများအား ဘင်္ဂါလီများက အုပ်စုဖွဲ့မီးရှို့အကြမ်းဖက်ဖြစ်စဉ်၌ မောင် တောမြို့မအရှေ့ရပ်ကွက်၊ ဟိန္ဒူရွာမှ နေအိမ် များအား မီးရှို့ဖျက်ဆီးရာတွင် ကျူးလွန်ခဲ့သူ ဟု သံသယရှိခြင်းကြောင့် ၎င်းကို မီးရှို့ဖျက် ဆီးမှု ပုဒ်မ ၄၃၆ ဖြင့် မောင်တောမြို့နယ်တရား ရုံးတွင် ရုံးတင်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

"မောင်တောမြို့မအရှေ့ရပ်ကွက် ဟိန္ဒူ ရွာ လူနေအိမ်တွေနဲ့ ဗီဒီယိုရုံတွေကို ၂၀၁၂ ခုနှစ် ဇွန် ၈ ရက်က အမည်မသိဘင်္ဂါလီတစ်စု မီးရှို့ဖျက်ဆီးမှုမှာ မှတ်မိတဲ့သူတွေကို ဖမ်းဆီး စစ်ဆေးတဲ့အခါ ဒီမူဟာမတ်လည်းပါတယ် လို့ ထွက်ဆိုတာကြောင့် တရားခံပြေးအဖြစ် သတင်းထုတ်ပြန်ထားတဲ့သူဖြစ်ပါတယ်။ သူ့ ကို သြဂုတ် ၁၁ ရက်မှာ မောင်တောမြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးခဲ့တာဖြစ်ပါတယ်" ဟု မောင်တောမြို့နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ UNHCR ၀န်ထမ်းတစ်ဦးအား ဖမ်းဆီးတရားစွဲဆိုထားမှုနှင့် ပတ်သက်ပြီး UNHCRမှ အကြီးအကဲများကိုယ်တိုင် လာရောက်တွေ့ဆုံမေးမြန်းမှုများရှိခဲ့သည်။

၂၀၁၂ ခုနှစ် ဇွန် ၈ ရက် ဆူပူအကြမ်းဖက် ရာတွင်ပါဝင်သူ ဒေါ်ချိုလဲ့မာ (UNHCR/ CSSEP)၊ ခင်မောင်(ခ)အန္န၀ါဆာဒတ် (UNHCR) နှင့် ခင်ဆွေ (ခ) ကာယာစ် (WFP) တို့ ကိုလည်း မောင်တောမြို့နယ်တရားရုံးမှ ထောင်ဒဏ်များချမှတ်ပြီးနောက် သုံးရက်ခန့်အကြာတွင် သမ္မတက ပြန်လည်လွှတ်ပေးခဲ့သည်။

____Credit: Aung Myin
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။