ဖုန်းခေါ်ဆိုခ နှင့် အင်တာနက် အသုံးပြုခ ပိုမိုသက်သာမည့် ရွှေမေတ္တာအစီအစဉ် MEC ဖုန်းများတွင် ဆောင်ရွက်

 ထွန်းထွန်း

ဖုန်းခေါ်ဆိုခ နှင့် အင်တာနက်အသုံးပြုခ ပိုမိုသက်သာမည့် အစီအစဉ်ကို MEC ဖုန်းများတွင် ရရှိနိုင်ပြီဟု မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းမှ တာဝန်ရှိသူကပြောသည်။

အဆိုပါအစီအစဉ်မှာ "ရွှေမေတ္တာ" ဟုခေါ်ပြီး MEC ဖုန်းအသုံးပြုသူများသာ အသုံးပြုနိုင်မည်ဖြစ်သည်။ အစီအစဉ်ကို သြဂုတ်လ (၁၈) ရက်နေ့မှ စတင်ကာ ဆောင်ရွက် လိုက်ခြင်းဖြစ်ပြီး ယင်းဝန်ဆောင်မှုအားအသုံးပြုလိုသူများအနေဖြင့် ၂၃၃ သို့ “ SMT” ဟု SMS ပေးပို့ကာအသုံးပြုနိုင်မည်ဖြစ်ကြောင်းနှင့် SMS ပေးပို့ခြင်းမှာ အခမဲ့ဖြစ်ကြောင်း သိရသည်။ ဝန်ဆောင်မှုများကို Silver, Gold နှင့် Diamond ဟူ၍ Package သုံးခု ပါရှိသည်။

Silver ဆိုပါက တစ်လ လျှင်ခြောက်ထောင်ကျပ်နှုန်း ကျသင့်မည်ဖြစ်ကာ ဖုန်းပြောဆိုမှုမိနစ်ပေါင်း ၂၇၀၊ အင်တာနက်အသုံးပြုမှု 100MB နှင့် ၏ SMS အစောင် (၃၀) ပေးပို့ နိုင်မည်ဖြစ်ပါသည်။  Gold ဆိုပါက တစ်လလျှင် တစ်သောင်းကျပ်နှုန်း ကျသင့်မည်ဖြစ်ပြီး ဖုန်းပြောဆိုမှု မိနစ်ပေါင်း ၄၅၀၊ အင်တာနက်အသုံးပြုမှု 200MB နှင့် ၏ SMS အစောင် (၅၀) ပေးပို့ နိုင်မည်ဖြစ်ကြောင်း သိရသည်။  Diamond သည် တစ်လလျှင်နှစ်သောင်းကျပ်နှုန်း ကျသင့်မည်ဖြစ်ပြီး ဖုန်းပြောဆိုမှု မိနစ်ပေါင်း ၉၀၀၊ အင်တာနက် အသုံးပြုမှု 450MB နှင့် ၏ SMS အစောင် (၁၀၀) ပေးပို့ နိုင်မည်ဖြစ်ကြောင်းသိရသည်။ Silver ဝန်ဆောင်မှု အသုံးပြုလိုပါက SMTS, Gold ဝန်ဆောင်မှု အသုံးပြုလိုပါက SMTG, Diamond ဝန်ဆောင်မှု အသုံးပြုလိုပါက SMTD ဟု SMS ပေးပို့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုများ ပေးနေသော အော်ပရေတာများ အနေဖြင့် ဖုန်းပြောခနှုန်းထားများကို အသီးသီးလျှော့ချ သတ်မှတ်ခဲ့ပြီးဖြစ်သည်။

လက်ရှိပြည်တွင်း ဝန်ဆောင်မှု ပေးနေသော အော်ပရေတာများမှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ Telenor နှင့် Ooredoo တို့ဖြစ်သည်။ ဖြစ်သည်။ လက်ရှိပြည်တွင်း၌ အသုံးပြု နေသော ဖုန်းအမျိုးအစားများ အနေဖြင့် MECTel CDMA 800 MHz, MPT CDMA 800 MHz, GSM, WCDMA , CDMA 450 MHz စသည်တို့ဖြစ်ကြောင်း သိရသည်။

_____Internet Journal
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။