“ကိုးကန့်ဒေသ စစ်အုပ်ချုပ်ရေး ရက် ၉၀ သက်တမ်းတိုး “

“ကိုးကန့်ဒေသ စစ်အုပ်ချုပ်ရေး ရက် ၉၀ သက်တမ်းတိုး “

ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် ထုတ်ပြန်ထားသည့် အရေးပေါ်အခြေအနေ ကြေညာချက်သည် သြဂုတ် ၁၇ ရက် တွင် သက်တမ်းကုန်ဆုံးပြီးဖြစ်သော်လည်း အဆိုပါဒေသတွင် အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့သည် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိခြင်း မရှိသေး၍ နောက်ထပ် ရက်ပေါင်း ၉၀ ကို တတိယအကြိမ်နှင့် နောက်ဆုံးအကြိမ်အဖြစ် ဆက်လက်သက်တမ်းတိုးရန် ယနေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးက ဆုံးဖြတ်လိုက်သည်။

သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှထွန်းက အစိုးရအဖွဲ့ကိုယ်စား ပြည်ထောင်စုလွှတ်တော်သို့ လာရောက်တင်သွင်းခြင်းကို ပြည်ထောင်စုလွှတ်တော်၌ မဲခွဲဆုံးဖြတ်ခဲ့ရာ စုစုပေါင်းမဲပေးခွင့်ရှိသူ ကိုယ်စားလှယ် ၅၂၉ ယောက် ရှိသည့်အနက် ထောက်ခံမဲ ၄၇၃ မဲ၊ ကန့်ကွက်မဲ ၂၇ မဲ ၊ ကြားနေမဲ ၁၇ မဲ ဖြင့် အတည်ပြုလိုက်ခြင်း ဖြစ်သည်။

____7Day News Journal
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။