မြောက်ကိုရီးယားရှေ့တန်းစစ်မျက်နှာရှိတပ်များ စစ်ပြင်ဆင်ရန် ကင်ဂျုံအန် ကအမိန့်ပေးလိုက်ပြီဖြစ်ကြောင်း KCNA ကဖော်ပြ

ဆိုးလ်၊ ဩဂုတ် ၂၁ ။ 
။မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် က ရှေ့တန်း စစ်မျက်နှာ ရှိတပ်များကို စစ်တိုက်ရန် အသင့် ပြင်ဆင်ထား ရန် သောကြာနေ့က အမိန့်ပေးလိုက်ကြောင်း KCNA သတင်းကဖော်ပြခဲ့ သည်။
နှစ်နိုင်ငံနယ်စပ်များရှိ အခိုင် အမာပြုထားသော စစ်စခန်းများမှ အမြောက် တပ်ကြီးများဖြင့် အပြန် အလှန်ပစ်ခတ်မှုများ ရှားရှားပါးပါး ဖြစ်ပေါ် ခဲ့ပြီးနောက် စစ်တပ်ချင်း တင်းမာမှုများ မြင့်တက်လျက်ရှိ သည်။
မြောက်ကိုရီးယား၏ တရား ဝင်သတင်းဌာန KCNA သတင်း အေဂျင်စီ ကပြောကြား ရာတွင် ဤ အမိန့်မှာ ကြာသပတေး နေ့နှောင်း ပိုင်း က အာဏာကြီးမားသော ဗဟို စစ်ကော်မရှင်၏ အရေးပေါ်အစည်း အဝေးကို ကင်ဂျုံအန်သဘာပတိအ ဖြစ် ဆောင်ရွက် ကျင်းပခဲ့ပြီးနောက် ထုတ်ပြန်ခဲ့သည် ဟု ဖော်ပြခဲ့သည်။
အစည်းအဝေးပြုလုပ်နေစဉ် ကင်က ရှေ့တန်းစစ်မျက်နှာ ကိုရီး ယား ပြည် သူ့တပ်မတော်ပူးတွဲတပ် ဖွဲ့များအား စစ်ပွဲဖြစ်ပွားနေသည့် အချိန်ကာ လအဖြစ် လုပ်ဆောင်ကြ ရန် အမိန့်ပေးခဲ့ကြောင်း၊ သောကြာ နေ့ ညနေ ၅ နာရီမှစ၍ ပြင်ဆင် သွားရမည်ဖြစ်ကြောင်း ဖော်ပြခဲ့ သည်။
ကြာသပတေးနေ့က ကိုရီးယား နှစ်နိုင်ငံအမြောက်များဖြင့် အပြန် အလှန်ပစ် ခတ်ခဲ့ကြပြီးနောက် ဗဟို စစ်ကော်မရှင် အစည်းအဝေး ကို ပြု လုပ်ခဲ့ကြောင်း ၊ ထိခိုက်မှုမရှိခဲ့ကြောင်း၊ သို့ရာတွင် နယ်စပ်တစ်လျှောက် တင်းမာမှုများမှာ အန္တရာယ်ကျရောက် နိုင်သည်အထိ မြင့်မားလျက်ရှိနေ သည်ဟုဆိုသည်။
မြောက်ကိုရီးယားက စစ်တပ် အရေးပေါ်လိုင်းမှတစ်ဆင့် ရာဇသံ ပေးခဲ့ရာ ၄၈ နာရီအတွင်း နယ်စပ် တစ်လျှောက် အသံချဲ့စက်ဖြင့် ဝါဒ ဖြန့်လှုံ့ဆော်မှု လုပ်ခြင်းကို ရပ်ဆိုင်း ပေးရန် သို့မဟုတ်ပါက စစ်ရေးအရ အရေးယူသွား မည်ဟု ပြောကြားခဲ့ သည်။
ဤရာဇသံမှာ စနေနေ့ညနေ ၅ နာရီတွင် အချိန်ကန့်သတ်ချက်ကုန် ဆုံးမည်ဖြစ်သည်။
တောင်ကိုရီးယားကာကွယ် ရေးဝန်ကြီးဌာနက ဤခြိမ်းခြောက် မှု ကို ပယ်ချ လိုက်ပြီး အသံလွှင့်လှုံ့ ဆော်မှုကို ဆက်လက်လုပ်ကိုင်သွား မည်ဟု ပြော ကြား လိုက် သည်။
Ref: AFP
‪#‎Democracytoday‬ သတင်းစာမှ ကူးယူဖော်ပြသည်။
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။