စံမောင်သန်း
စစ်တွေ၊ သြဂုတ် ၂၁

နိုင်ငံတော် ထေရ၀ါဒ ဗုဒ္ဓသာသနာ့တက္ကသိုလ် ပါမောက္ခချုပ် ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသနှင့် ဒကာဦးမျိုးထွန်းတို့အဖွဲ့မှ ရခိုင်ပြည်နယ် မောင်တောမြို့နယ်နှင့် ပုဏ္ဏားကျွန်း မြို့နယ်မှ ရေဘေးသင့် ကျေးရွာသားများအတွက် ဆန်အိတ် ၂၈၆ အိတ်၊ အ၀တ်အထည် ၂၀ အိတ် အပါအ၀င် ဒန်အိုး ဒန်ခွက် များနှင့် ပန်းကန်တို့ ကို လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။
အဆိုပါ ရေဘေးကယ်ဆယ်ရေး ပစ္စည်းများကို နယ်စပ်ရေးရာ ၀န်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ စံရွှေအောင်ထံမှတဆင့် လှူဒါန်းခဲ့ခြင်း ဖြစ်သည်။
ဒေါက်တာ စံရွှေအောင်မှ ယင်းအလှူပစ္စည်းများကို အလိုတော်ပြည့် ဆရာတော် ဒေါက်တာအရိယာဝံသထံ စစ်တွေမြို့ရှိ အလိုတော်ပြည့် ကျောင်းထိုင်ဆရာတော်ထံမှ တဆင့် ယနေ့နံနက် ၉ နာရီခန့်တွင် လွှဲအပ်ခဲ့သည်။
ယင်းအပြင်အဆိုပါမြို့နယ်များမှ ရေဘေးသင့်ကျေးရွာသားများအတွက် လေးကျွန်းသူ အဖွဲ့မှလည်း ၅ ပြည်ပါ ဆန်အိတ် ၃၀၀၊ အ၀တ်ထုပ်ကြီး ၂၀ အိတ်တို့အားလည်း လှူဒါန်းခဲ့သည်ဟု သိရသည်။
လှူဒါန်းသောပစ္စည်းများကို ကျေးလက်တောရွာများသို့ သယ်ယူစရိတ် ကျပ်သိန်း ၅၀ ကိုလည်း နယ်စပ်ရေးရာ ၀န်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာစံရွှေအောင်မှ စစ်တွေမြို့ အလိုတော်ပြည့် ကျောင်းထိုင်ဆရာတော်အား လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
( ဦးစံရွှေအောင်မှ ခရီးစရိတ်ကျပ်သိန်း ၅၀ နှင့် ကူညီထောက်ပံ့သော ဆန်အိတ်များကို လွဲပြောင်း ပေးအပ်နေစဉ်။)
____Narinjara
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။