အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (INDP)

၁။ ဥက္ကဋ္ဌ - ဦးဝင်းမြင့်
၂။ ပါတီဝင်အရေအတွက် - ၁၀,၀၃၀ ခန့်။
၃။ မဲဆန္ဒနယ်- အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တစ်နေရာစီ၊ ပြည်နယ်လွှတ်တော် နှစ်နေရာ၊ အင်းတိုင်းရင်းသားရေးရာကိုယ်စားလှယ်။ စုစုပေါင်း ငါး နေရာဝင်ရောက်ယှဉ်ပြိုင်မည်။
၎။ ပါတီမူဝါဒ- တိုင်းရင်းသားများ စုပေါင်းပြီး ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ထောင်ရန်။ ပြည်သူလူထု၏ ဆန္ဒနှင့်အညီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်။ တိုင်းရင်းသားများ တန်းတူရည်တူရှိသည့် ဥပဒေပြဋ္ဌာန်းနိုင်ရန်နှင့် တိုင်းရင်းသားအဖွဲ့အစည်းများ ပေါ်ပေါက်စေရန် ထောက်ခံဆောင်ရွက်သွားမည်။
၅။ ဆောင်ပုဒ်- ပါတီမူဝါဒနှင့်တူညီသည်။
၆။ ကိုယ်စားလှယ်လောင်းရွေးချယ်မှုသတ်မှတ်ချက် - အင်းလေးကန်ကို အမှန်တကယ်ချစ်မြတ်နိုးသူ၊ ကိုယ်ကျင့်သိက္ခာ၊ သီလကောင်းမွန်သူ၊ အများအကျိုးအတွက် အနစ်နာခံကာ ကိုယ်ကျိုးစွန့်လွှတ်သူဖြစ်ရမည်။
၇။ ပါတီရန်ပုံငွေ− ပြင်ပရန်ပုံငွေ မရရှိခြင်းကြောင့် ပါတီအဖွဲ့ဝင်များက ကိုယ့်အားကိုယ်ကိုးကာ ရန်ပုံငွေထည့်ဝင်၍ ပါတီရပ်တည်လျက်ရှိသည်။ မဲဆွယ်စည်းရုံးရေး ကာလတွင် အကူအညီပေးမည့် အဖွဲ့အစည်းမရှိသေးပေ။
၈။ ပါတီနောက်ခံသမိုင်း- ၂၀၁၀ ပြည့်နှစ်တွင် မှတ်ပုံတင်၍ ပါတီစတင်ဖွဲ့စည်းခဲ့သည်။ ထို့နောက် ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် ညောင်ရွှေမြို့နယ်မှ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရှိခဲ့သည်။

ပါတီဥက္ကဋ္ဌနှင့် အမေးအဖြေ
လွှတ်တော်ထဲရောက်ရင် အခြေခံဥပဒေပြင်ဆင်ဖို့ ဘယ်လို မျိုးစွမ်းဆောင်နိုင်မလဲ။
အန်ကယ်တို့ပါတီက လွှတ်တော်ထဲရောက်ရင် တခြားနိုင်ငံရေး ပါတီတွေနဲ့ လက်တွဲပြီး အခြေခံဥပဒေပြင်ဆင်နိုင်အောင် ကြိုးစားလုပ် ဆောင်သွားမယ်။ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ၂၀၁၀ က တည်းက လုပ်ဆောင်ခဲ့တာပါ။ ၂၀၁၅ မှာလည်း အနိုင်ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ အခြေခံဥပဒေပြင်ဆင်ဖို့ ဆက်လက်ဆောင်ရွက်သွား မယ်။
လွှတ်တော်ထဲရောက်ရင် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေးမှာ ဘယ်လောက်ထိ ကူညီပေးနိုင်မယ်လို့ ယုံကြည်လဲ။
မြန်မာ့ငြိမ်းချမ်းရေးစင်တာမှာလုပ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးကတိ က၀တ်ပြုပွဲမှာလည်း အန်ကယ်တို့ပါတီက အင်းတိုင်းရင်းသားရေးရာဝန် ကြီးနဲ့ ပါတီအတွင်းရေးမှူးတို့ ပါဝင်တက်ရောက်ခဲ့ပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီးတော့လည်း အန်ကယ်တို့ပါတီက နိုင်သ လောက်တော့ တစ်ဖက်တစ်လမ်းက ဆောင်ရွက်သွားမယ်။
ပြည်သူတွေရဲ့ ၀င်ငွေ၊ ထွက်ငွေမျှအောင် ကူညီပေးဖို့ စဉ်းစားထားလား။
အန်ကယ်တို့ပါတီက အင်းလေးဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ပြီးဖွဲ့စည်းခဲ့လို့ အင်းလေးဒေသမှာရှိတဲ့ တိုင်းရင်းသားတွေအ တွက် ဦးစားပေးပြီး လုပ်ဆောင်သွားမယ်။ နောက်ပြီး အင်းလေးဒေသ  ထိန်းသိမ်းရေးလုပ်ငန်းတွေလည်း လုပ်သွားမယ်။ လျှပ်စစ်ကိုအခြေခံပြီး အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းတွေ ပေါ်ပေါက်လာအောင် ဆောင်ရွက်သွားမယ်။ အင်းလေးကန်ကို မထိခိုက်တဲ့ ကောင်းမွန်သော ခရီးသွားလုပ်ငန်းတွေ ပေါ်ထွန်းလာအောင် ဆောင်ရွက်ပေးမယ်။ အင်း လေးဒေသခရီးသွားလုပ်ငန်းက ဈေးကွက်တစ်ခုရရှိလာမှ ဒေသခံတွေရဲ့ ၀င်ငွေ၊ ထွက်ငွေ မျှတအောင် လုပ်ဆောင်ပေးလို့ရမှာပါ။
ပြည်သူတွေက အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ကို ဘာကြောင့် မဲပေးသင့်လဲ။
အင်းသားလူမျိုးတွေကို အရေးထားပြီးဆောင်ရွက်နေတဲ့ ပါတီဖြစ် တယ်။ အင်းလေးကန်ထိန်းသိမ်းရေးအတွက်လည်း လုပ်ဆောင်နေတယ် လို့ ဒေသခံတွေက ထင်မြင်လာကြရင် အန်ကယ်တို့ပါတီကို တိုင်းရင်းသား အများစုက မဲပေးလာကြပါလိမ့်မယ်။
သမ္မတလောင်းရွေးချယ်ခွင့်ရှိရင် ဘယ်လိုမျိုးပုဂ္ဂိုလ်ကို ရွေးချယ်မလဲ။
နိုင်ငံတော်သမ္မတထဲမှာ တိုင်းရင်းသားသမ္မတကို ပါဝင်စေချင် တယ်။ နောက်ပြီး အန်ကယ်တို့တိုင်းရင်းသားလူမျိုးအတွက် အားထားရ မယ့် ပုဂ္ဂိုလ်မျိုးကို သမ္မတအဖြစ်ရွေးချယ်ချင်တယ်။
ဥက္ကဋ္ဌအသက်-(၆၆) နှစ်
ပညာအရည်အချင်း - B.Sc (ဓာတုဗေဒဘွဲ့)
နိုင်ငံရေးဖြတ်သန်းမှု အတွေ့အကြုံ- မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ကာလအတွင်း ကင်းထောက်လူငယ်များအဖွဲ့၊ ဆိုရှယ်လစ်လမ်းစဉ် လူငယ်များအဖွဲ့တွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အင်းတိုင်းရင်းသားရေးရာဝန်ကြီးဖြစ်လာခဲ့ သည်။
လက်ရှိအလုပ်အကိုင်- အင်းတိုင်းရင်းသားရေးရာဝန်ကြီး။
စံပြပုဂ္ဂိုလ်- အာဇာနည်ခေါင်းဆောင်ကြီးများ။
ဆက်သွယ်ရန် လိပ်စာ၊ ဖုန်းနံပါတ်- အမှတ်(၂)၊ မင်္ဂလာရပ်၊ ညောင်ရွှေ မြို့၊ ရှမ်းပြည်နယ်။ ဖုန်း ၀၈၁-၂၀၉၅၉၉၊ ၀၉-၄၂၈၃၁၀၀၁၁။
http://7daydaily.com/election-2015/party
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။