မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အိမ်ထောင်စုစာရင်းအတု တွေ့ရှိသဖြင့် ဆက်လက်စစ်ဆေးရာမှ နိုင်ငံသားစိစစ်ရေးကတ်အတု ပြုလုပ်သူများနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ

ဖမ်းမိထားသည့် အိမ်ထောင်စုစာရင်းအတု၊ နိုင်ငံသားစိစစ်ရေးကတ်အတု ပြုလုပ်သုံးစွဲသူများနှင့် သက်သေခံပစ္စည်းများအား တွေ့ရစဉ်
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အိမ်ထောင်စုစာရင်းအတု တွေ့ရှိသဖြင့် ဆက်လက်စစ်ဆေးရာမှ နိုင်ငံသားစိစစ်ဆေးရေးကတ်ပြားအတု ပြုလုပ်သူများနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။

သြဂုတ် ၂၇ ရက်က မင်္ဂလာတောင်ညွှန့်မြို့နယ်၊ သပြေကုန်းရပ်ကွက်၊ ၁၂၃ လမ်းနေ ဒေါ်သီတာလင်းသည် သပြေကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ ပင်စင်ကိစ္စဆောင်ရွက်ရန် ထောက်ခံစာ လာရောက်လျှောက်ထားရာတွင် ၎င်းထံတွင် တွေ့ရသော အိမ်ထောင်စုလူဦးရေစာရင်းမှာ အတုဟုယူဆရသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနသို့ ဖုန်းဆက်အကြောင်းကြားခဲ့ကြောင်း၊ ယင်းကြောင့် မင်္ဂလာတောင်ညွှန့်မြို့နယ်ဦးစီးမှူးက သွားရောက်စစ်ဆေးရာ အဆိုပါ အိမ်ထောင်စုစာရင်းမှာ အတုဖြစ်နေသည်ကို တွေ့ရှိခဲ့ရပြီး စုံစမ်းရာ ယင်းအိမ်ထောင်စုစာရင်းအား ကျောက်မြောင်းဈေးအတွင်းရှိ မာကျူရီ ပလတ်စတစ်အရောင်းဆိုင်ပိုင်ရှင် မကြူဆိုသူက ပွဲစားပြုလုပ်၍ ငွေကျပ် ၈၀၀၀၀ ဖြင့် လုပ်ဆောင်ပေးသဖြင့် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိခဲ့ရ၍ သက်ဆိုင်ရာရဲစခန်းတွင် တိုင်တန်းခဲ့ကြောင်း သိရသည်။

ယင်းနောက် ရဲစခန်းမှ စစ်ဆေးရာ မာကျူရီပလတ်စတစ် အရောင်းဆိုင်ပိုင်ရှင် မကြူ (ခ)သီသီ၏ ထွက်ဆိုချက်၌ အဆိုပါ အိမ်ထောင်စုစာရင်းအား မင်္ဂလာတောင်ညွှန့်၊ ကူးတို့ ဆိပ်ရပ်ကွက်နေ မတင်တင်မိုးက ပြုလုပ်ပေးခဲ့ကြောင်း ပေါ်ပေါက်သဖြင့် မတင်တင်မိုးအား ဖမ်းဆီးစစ်ဆေးရာ ယင်းအိမ်ထောင်စုစာရင်းမှာ တောင်ဒဂုံမြို့နယ် မအေးအေးမာ (ခ) အေးအေးအောင်က ပြုလုပ်ပေးခဲ့သည်ဟု ထပ်မံစစ်ဆေး ပေါ်ပေါက်သဖြင့် မအေးအေးမာ(ခ) မအေးအေးအောင်အား ထပ်မံသွားရောက် ဖမ်းဆီးခဲ့ရာ မအေးအေးမာနှင့် အတူ ၎င်း၏ နေအိမ်အတွင်းမှ နိုင်ငံသားစိစစ်ရေးကတ်ပြား ရှစ်ခုနှင့် တံဆိပ်တုံးထုရာတွင် အသုံးပြုသည့် မင်နှိပ်ဘူးတစ်ဘူးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဆက်လက်စစ်ဆေးရာ ယင်းနိုင်ငံသားစိစစ်ရေးကတ်ပြားအတုများမှာ ရွှေပြည်သာမြို့နယ်၊ ဘုရင့်နောင်လမ်းရှိ သိင်္ဂီဦးဖိနပ် အရောင်းဆိုင်ပိုင်ရှင် သက်ဦးအောင်ထံမှ ရရှိခြင်းဖြစ်ကြောင်း သိရသဖြင့် ယင်းဆိုင်သို့ သက်ဆိုင်ရာ တာဝန်ရှိသူများမှ သွားရောက်စစ်ဆေးရှာဖွေရာ ဆိုင်အတွင်းမှ နိုင်ငံသားစိစစ်ရေးကတ်ပြား အတုပြုလုပ်ရန် ဦးစီးအရာရှိတံဆိပ်ပေါ်၌ လက်မှတ်များ ရေးထိုးထားပြီး အမည်မသွင်းရသေးသည့် ပန်းရောင်နိုင်ငံသား စိစစ်ရေးကတ်ပြားအတု ၂၁ ကတ်၊ အခြား အမည်မသွင်းရသေးသည့် ပန်းရောင်နိုင်ငံသားစိစစ်ရေးကတ်ပြား အတု ၇၆ ကတ်၊ စုစုပေါင်း (၉၇) ကတ်တို့အား သိမ်းဆည်းရမိခဲ့ပြီး ဆက်လက်၍ သက်ဦးအောင်၏ မိဘများနေထိုင်သည့် နေအိမ်မှ နိုင်ငံသားစိစစ်ရေးကတ်ပြား အတုပြု လုပ်ရာတွင်အသုံးပြုသော ကွန်ပျူတာတစ်လုံးနှင့် ကာလာပရင်တာ တစ်လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ယင်းကြောင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အတုပြုလုပ် သုံးစွဲနေသူများဖြစ်သည့် ဒေါ်သီတာဝင်း၊ မကြူ (ခ)သီသီ၊ မတင်တင်မိုး၊ မအေးအေးမာ(ခ) အေးအေးအောင်နှင့် ကိုသက်ဦးအောင်တို့အား မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းက (ပ) ၇၃၉/၂၀၁၅၊ ပြစ်မှုပုဒ်မ ၄၂၀/၄၆၈ တို့ဖြင့် အမှုဖွင့်ဆောင်ရွက်လျက်ရှိပြီး ကွင်းဆက်လိုက်ကာ ဆက်လက်စုံစမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။         
Writer: 
မြင့်သူ
http://www.news-eleven.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။