ဓာတ်ပုံ-နိုင်လင်းအောင်
Samsung ၏ နောက် ဆုံးပေါ် Note စီးရီးစမတ်ဖုန်းသစ် ဖြစ်သည့် စွမ်းဆောင်ရည်မြင့် Galaxy Note 5 ကို ဩဂုတ် ၁၇ ရက်တွင် ပြည်တွင်း၌ တရားဝင် မိတ်ဆက်ခဲ့သည်။
Galaxy Note 5 ကို ကျပ် ၈၈၀,၀၀၀ ဖြင့် ပြည်တွင်း၌ တရား ဝင်ရောင်းချပေးမည်ဖြစ်ပြီး အထူးအစီအစဉ်အဖြစ် ဩဂုတ် ၂၃ ရက်တွင် ရန်ကုန်နှင့် မန္တလေး၌ ကျပ် ၈၅၀,၀၀၀ အထိ ဈေးလျှော့ပေး ကာ အပိုထပ်ဆောင်းပစ္စည်းများ လည်း ပေးအပ်မည်ဖြစ်သည်။
‘‘နောက်ဆုံးပေါ် ထုတ်ကုန် တစ်ခုဖြစ်တဲ့ Note 5 ဟာ စီးပွား ရေးလုပ်ငန်းတွေနဲ့ ဖျော်ဖြေရေး စတဲ့နယ်ပယ်စုံမှာ အသုံးပြုနိုင်ဖို့ အတွက် ပိုမိုကောင်းမွန်တဲ့ စမတ် Pen၊ ကင်မရာနဲ့ CPU တို့ကို အဆင့်မြှင့်တင်မှုတွေပြုလုပ်ပေး ထားပါတယ်’’ဟု Samsung မြန်မာရုံးခွဲမှ Head of Channel Management Mobile ဦးဇာ နည်ဝင်းထက်က ပြောသည်။
Galaxy Note 5 သည် Samsung ၏ Note စီးရီးများထဲ ၌ ပထမဆုံးသော သတ္တုကိုယ် ထည်ဖြင့် တည်ဆောက်ထားပြီး ဆင်းမ်ကတ်နှစ်ကတ်အသုံးပြုနိုင် ကာ စွမ်းဆောင်ရည်ကောင်းမွန် စေရန် RAM 4GB အထိ ထည့် သွင်းပေးထားသည့် စမတ်ဖုန်း တစ်လုံးဖြစ်သည်။
Note 5 တွင် ၅ ဒသမ ၇ လက်မ Quad HD မျက်နှာပြင်ကို တပ်ဆင်ပေးထားပြီး ဖုန်း၏ ကိုယ် ထည်မှာ 7. 6 mm သာရှိမည်ဖြစ်သောကြောင့် ပါးလွှာပြီး ကြီးမားကျယ်ပြန့်သည့် စမတ်ဖုန်းတစ်လုံးအနေဖြင့် အသုံးပြုနိုင်သည်။
ကင်မရာပိုင်းအနေဖြင့် F 1.9 ရှိသော 16MP ကျောဘက် ကင်မရာနှင့် 5MP ရှေ့ကင်မရာ တို့ကို တပ်ဆင်ပေးထားပြီး စွမ်း ဆောင်ရည်ပိုင်း၌ လျင်မြန်စွာ အသုံးပြုနိုင်စေရန် 2.1 GHz နှင့် 1.5 GHz မြန်နှုန်းရှိသော Pro-cessor နှစ်ခုကို ပေါင်းစပ်ထား သည့် Samsung ၏ ကိုယ်ပိုင် (64 bit)Octa Core Processor ဖြစ်သည့် Exynos 7420 ကို RAM 4GB နှင့် ပေါင်းစပ်ပေးထားကာ ဖုန်းတွင်းမှတ်ဉာဏ်အနေဖြင့် 32 GB ပါရှိမည်ဖြစ်သည်။
ဘက်ထရီစွမ်းဆောင်ရည် အနေဖြင့် 3000 mAh ပါဝင်ပြီး မိနစ် ၉၀ အတွင်း အားအပြည့်ပြန်သွင်းနိုင်သည့် Fast Charging စနစ် နှင့် ကြိုးမဲ့အားသွင်းစနစ်တို့ကိုလည်း ထည့်သွင်းပေးထားသည်။
လုပ်ဆောင်ချက်အသစ် အနေဖြင့် Sidesync 4.0 ကို ထည့်သွင်းပေးထားပြီး လက်ပ် တော့နှင့် ကွန်ပျူတာများမှတစ် ဆင့် Note 5 ကို ဖုန်းခေါ်ဆိုခြင်း နှင့် SMS ပေးပို့ခြင်းတို့အတွက် ပြုလုပ်နိုင်မည့်အပြင် ဂီတကိုနှစ် သက်သူများအတွက် UHQA hifi အသံစနစ်ကိုလည်း ထည့်သွင်း ပေးထားသည်။
____7Day News Journal
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။